အမျိုးသမီးတွေရဲ့ အိတ်သယ်ဆောင်ပုံက ပြောပြမယ့် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း
lifestylemyanmar.com
|
2020-08-12



ကျွန်မတို့တွေဟာ နေရာတိုင်းနှင့် အရာရာတိုင်းမှာ အဆင်ပြေနိုင်မယ့် လက်ဆွဲအိတ်တွေကို ရွေးချယ်ရင်း အချိန်ကုန်တတ်ပါတယ်။ အနက်ရောင်၊ အဖြူရောင်၊ အနီရောင်၊ အိတ်အသေး (သို့) အိတ်အကြီး ဒါတွေတင်မကဘဲ မတူညီတဲ့ဝတ်စုံတွေအတွက် အကောင်းဆုံးရွေးချယ်မှုတွေကို လုပ်ဖို့လည်းကြိုးစားကြပါသေးတယ်။ သင့်ရဲ့ အိတ်မှာ သင့်ရဲ ဘဝအကြောင်းအများကြီးပြောပြနိုင်ပါတယ်။ သင့်ရဲ့ အိတ်ကိုင်ပုံကလည်း သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေအများကြီး ပြောပြနိုင်ပါတယ်။ အိုကေ စာကို ဆက်ဖတ်လိုက်ရအောင်။




၁။ နောက်ကျောမှာ ပိုးထားခြင်း

သင့်ရဲ့ အိတ်ကို နောက်ကျောမှာပိုးထားခြင်းက သင်ဟာ အရမ်းလွတ်လပ်ပြီး သန်မာအားကောင်းသူတစ်ယောက်ဖြစ်တယ်လို့ ဆိုလိုပါတယ်။ သင့်ရဲ့ ကျောပိုးအိတ်က ကြုံတွေ့လာရမယ့်အရာရာတိုင်းအတွက် အဆင်သင့်ဖြစ်နေဖို့ စွမ်းအားကြီးမားသောသင်ခန်းစာတစ်ခုကို ပေးစွမ်းထားပါတယ်။ သင်ဟာ သင်လိုချင်တဲ့အရာကို သင်သိတယ်။ တစ်ခြားလူတွေရဲ့ ထင်မြင်ယူဆချက်တွေကြောင့်လည်း နောက်တွန့်မယ့်သူမျိုးမဟုတ်ပါဘူး။ သင့်ဟာ သင့်ရဲ့ ကိုယ်ပိုင်စံချိန်စံညွှန်းတွေနှင့်ပဲ ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးဖို့ လုံလောက်နေသူတစ်ယောက်ပါ။




၂။ သင့်ရဲ့ လက်ထဲမှာ သင့်ရဲ့အိတ်ကို ကိုင်မြှောက်ထားခြင်း

သင့်ရဲ့ လက်ထဲမှာ အိတ်ကို မြှောက်ပြီးကိုင်ထားတာက အိတ်က သေးမယ်ဆိုရင်တော့ သက်တောင့်သက်သာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် သင့်ရဲ့ စတိုင်လ်ကို ပြသခြင်းထက် ပိုနေပါလိမ့်မယ်။ ဒီအနေအထားဟာ သင့်ရဲ့အခိုင်အမာရပ်တည်တတ်သူတစ်ယောက်နှင့် စနစ်ကျသောသဘာဝကို ပြနေတာဖြစ်ပါတယ်။ ဒီအချက်က ရည်မှန်းချက်ကြီးသောသဘာဝကိုလည်း ဆိုလိုပါတယ်။




၃။ သင့်အိတ်ကို ပုခုံးထက်မှာ ချိတ်ဆွဲထားခြင်း

ဒီပုံစံက သင့်ရဲ့ စတိုင်လ်ထက် သင့်ရဲ့ လွတ်လပ်မှုကို ပြသဖို့ အလွန်လက်တွေ့ကျကြောင်း ဖော်ပြနိုင်ပါတယ်။ သင်ဟာ ဖက်ရှင်တွေထက် အလုပ်တွေကို အချိန်မှီလုပ်ရဖို့ပဲ ပိုစဉ်းစားတတ်သူပါ။

၄။ ခန္ဓာကိုယ်ကို crop ဖြတ်ထားသော အိတ်သယ်ဆောင်နည်း

သင့်ရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ထားသလို သယ်ဆောင်ထားခြင်းဟာ သင့်ကိုယ်သင်ကာကွယ်ထားခြင်းပါပဲ။ အထူးသဖြင့် သင်ဟာ အရမ်းအလုပ်များလွန်းသူဖြစ်တယ်ဆိုရင် သင့်ရဲ့ အိတ်ကို ဘယ်တော့မှ ပြုတ်မကျအောင် ကာကွယ်ထားနိုင်ပါတယ်။ လုံခြုံစိတ်ချရမှုလည်း ရှိပါတယ်။ သို့ပေမယ့် သင့်ရဲ့ လက်ကိုင်အိတ်ကို ဒီနည်းနဲ့ ကိုင်ထားခြင်းက သင့်အတွက် ခုခံကာကွယ်မှုနှင့်တစ်ခုခုကို စိတ်မချဖြစ်နေကြောင်း ပြသနေပါတယ်။ ဆိုလိုတာက သင်ဟာ အရမ်းရှက်တတ်တယ်ဆိုတာပါပဲ။




၅။ သင့်ရဲ့ ရှေ့မှာ သင့်အိတ်ကို ထားခြင်း

သင့်အိတ်ကို ဒီပုံစံကိုင်ထားခြင်းက သင်ဟာ ခုခံကာကွယ်သူတစ်ဦးဖြစ်ပြီး တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ ဆိုလိုပါတယ်။ သင်ဟာ သင့်အိတ်ကို အကာအကွယ်ပစ္စည်းတစ်ခုအနေနဲ့ အသုံးချနေပါတယ်။

အထက်ဖော်ပြပါ အချက်အလက်တွေအားလုံးဟာ အိတ်သယ်ဆောင်သော အမျိုးသမီးတိုင်းနဲ့ သက်ဆိုင်တာမျိုး မဟုတ်ဘဲ အခြေအနေနဲ့ အချိန်အခါပေါ်မှာလည်း မူတည်ပါတယ်။

Lifestyle_Myanmar
Nyein_Thu


Ref-fb


#စတိုင်လ်
#နောက်ကျော
#ကာကွယ်သူ
#တစ်ခြားလူ
#လက်ဆွဲအိတ်

Some text some message..