သင့်အိမ်ထောင်ဖက်နဲ့ အဆက်ပြတ်နေသလို ခံစားရတဲ့အခါ ပြန်ချိတ်ဆက်ဖို့ နည်းလမ်း (၁၂)ခု
lifestylemyanmar.com
|
2020-08-13



သင့်မှာ ကောင်းမွန်လှပတဲ့ အိမ်တစ်လုံးရှိနေရင်တောင်မှ မပျက်စီးအောင် စောင့်ရှောက်ဖို့နဲ့ ပုံမှန်ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အလားတူပဲ အိမ်ထောင်ရေး ခိုင်မြဲနေစေဖို့ဆိုရင် ပုံမှန်ထိန်းသိမ်းမှု လိုအပ်ပါတယ်။ တစ်ခါတရံ အိမ်ထောင်သည်စုံတွဲတွေအကြား relationship မှာ ကိုယ်ဝန်၊ အသက်မွေးဝမ်းကျောင်း၊ ကျန်းမာရေးပြဿနာနှင့် မိသားစု event ကဲ့သို့သော ကျောထောက်နောက်ခံတွေ ယူရပါမယ်။ ထိုသို့သော အချိန်တွေမှာ ဇနီးမောင်နှံတွေဟာ မဖော်ပြသောအရာများစွာရှိတတ်ပြီး သူတို့ရဲ့ခံစားချက်တွေကို မျှဝေဖို့ ပျက်ကွက်တာ၊ သူတို့အကြား မလိုချင်တဲ့ ကွာဟမှုတွေကို ဖွင့်မပြောတာတွေ ရှိနိုင်ပါတယ်။ ကွာဟချက်ကြီးလာရင် အခြေအနေက မနှစ်မြို့စရာ တစ်ခုခုဖြစ်လာနိုင်ပါတယ်။ ထိုကဲ့သို့သော အကျိုးဆက်တွေကို ရှောင်ရှားဖို့ စုံတွဲတိုင်းက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုချိတ်ဆက်ရမယ်ဆိုတာကို သိဖို့ လိုအပ်ပါတယ်။

ဒီနေ့မှာ သင့်အိမ်ထောင်ဖက်နဲ့ ဘယ်လိုပြန်ချိတ်ဆက်ရမလဲဆိုတဲ့ အရေးကြီးသော မေးခွန်းအတွက် အဖြေတွေပေးလိုက်ပါတယ်နော်။

သင့်အိမ်ထောင်ဖက်နဲ့ ဘာ့ကြောင့် ပြန်လည်ချိတ်ဆက်သင့်သလဲ?

စုံတွဲတစ်တွဲမှာ ပြန်လည်ချိတ်ဆက်ရမယ့် အကြောင်းရင်းများစွာ ရှိပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံး အကြောင်းရင်းအချို့ကို ဖော်ပြပေးချင်ပါတယ်။
သင့်စိတ်ခံစားမှု (သို့) လိင်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို မဆုံးရှုံးကြောင်း သေချာစေဖို့
သင့်အိမ်ထောင်ဖက်ကို ကြည့်တဲ့အခါ စိတ်လှုပ်ရှားမှု ခံစားနေရဆဲဆိုတာ သေချာစေဖို့
ရန်ပွဲတွေနဲ့ အငြင်းပွားမှုတွေရဲ့ အရေအတွက်ကို လျှော့ချဖို့
အခန်းဖော်တစ်ယောက်လို သင့်ကြင်ဖော်နဲ့ အတူမနေတာ သေချာစေဖို့
သင်တို့နှစ်ယောက်စလုံးအား ချစ်မြတ်နိုးခြင်း၊ တန်ဖိုးထားခြင်းနှင့် ဆန္ဒရှိခြင်းခံစားရတာ သေချာစေဖို့
ချီတုံချတုံမရှိဘဲ အပေးအယူမျှတတာ သေချာစေဖို့

သင့်အိမ်ထောင်ဖက်နဲ့ ဘယ်လို ပြန်ချိတ်ဆက်နိုင်မလဲ?

ဒါတွေကတော့ သင့်အိမ်ထောင်ရေးမှာ ပြန်လည်စိတ်အားထက်သန်လာစေဖို့ နည်းလမ်းအနည်းငယ်ဖြစ်ပါတယ်။




၁။၁။ လုပ်ရပ်တွေက စကားလုံးတွေထက် ပိုထိရောက်ပါတယ်

လက်တွဲဖော်နဲ့ ပြန်လည်ချိတ်ဆက်ဖို့ အရိုးရှင်းဆုံးနည်းက အသံတိတ်အမူအယာတွေနဲ့ ပြောဖို့ဖြစ်ပါတယ်။ ဥပမာ- သူ့ကိုပွေ့ဖက်ပါ။ နဖူးကို အနမ်းပေးပါ။

၂။ အပြုသဘော အသက်ရှင်ပါ

သင့်မှာရှိတဲ့ မကောင်းတဲ့ တုံ့ပြန်မှုတိုင်းအတွက် အပြုသဘော ငါးခုရှိအောင်လုပ်ပါ။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေဟာ ခင်ပွန်းသည်နဲ့ ဇနီးသည်အဖြစ် သင်တို့အိမ်ထောင်ရေးအကြောင်းဖြစ်ဖို့ မလိုအပ်ပါဘူး။ အသက်မွေးဝမ်းကျောင်း၊ ဆွေမျိုးတွေနဲ့ ဆက်စပ်နေတဲ့ အကြောင်းလည်းဖြစ်နိုင်ပါတယ်။ သင့်မှာ ကောင်းတဲ့သဘောထားရှိရင် စကားလုံးတွေက ချောမွေ့စွာ စီးဆင်းပါလိမ့်မယ်။

၃။ ချီးမွမ်းပေးပါ

ပုဂ္ဂိုလ်တစ်ယောက် (သို့) သားသမီးတစ်ယောက်၊ မိဘတစ်ယောက်အနေနဲ့ (သို့) ခင်ပွန်း/ဇနီးတစ်ယောက်အနေနဲ့ သူတို့က ဘယ်လောက်ထူးခြားကြောင်းဆိုတာကို ပြောပြီး သင့်အိမ်ထောင်ဖက်နှင့် ပြန်လည်ချိတ်ဆက်ပါ။ သူတို့ကို တတ်နိုင်သလောက် စိတ်ရင်းမှန်နဲ့ ချီးမွမ်းပေးပါ။




၄။ သင့်အိမ်မက်တွေနဲ့ အိမ်ထောင်ရေးအကြားက မျှတမှုကို ထိန်းသိမ်းပါ

သင့်အိမ်မက်တွေက သင့်အိမ်ထောင်ရေးကို ကျောထောက်နောက်ခံဖြစ်စေတယ်လို့ သင်ထင်တာကြောင့် အိမ်ထောင်ဖက်နဲ့ ဘယ်လိုပြန်ချိတ်ဆက်ရမယ်ဆိုတာကို သင်အဖြေရှာနေရင် အခြေအနေကို တတ်နိုင်သလောက် အမြန်ဆုံး ပြုပြင်ဖို့ လိုအပ်ပါတယ်။ အောင်မြင်သောသူတစ်ယောက်ဖြစ်ဖို့ အိမ်မက်တွေကို လိုက်ဖမ်းတာက မမှားပါဘူး။ သို့သော် သင့်အိမ်ထောင်ဖက်ကို နောက်မှာ မထားခဲ့မိပါစေနဲ့။ သင့်အိမ်ထောင်ဖက်က သင်နဲ့ ဆိုးတူကောင်းဖက်ရှိနေမယ်ဆိုရင် သင့်အောင်မြင်မှုက ချိုမြိန်နေပါလိမ့်မယ်။

၅။ ကျေးဇူးတင်တယ်လို့ မကြာခဏ ပြောပါ

ကိုယ့်ရဲ့စိတ်ခံစားမှုကို ဖော်ပြခြင်းက ပဓါနကျပါတယ်။ သင့်အိမ်ထောင်ဖက်က ကလေးကို ကျောင်းသွားကြိုပေးတာမျိုး၊ ဘေလ်သွားဆောင်ပေးတာမျိုး၊ ညစာလုပ်ပေးတာမျိုးလို သင့်အတွက် တစ်ခုခုလုပ်ပေးတဲ့အခါ ကျေးဇူးတင်တယ်လို့ ပြောပါ။ ကျေးဇူးတင်ပါတယ်လို့ ပြောတာက သင့်အိမ်ထောင်ရေးကို ပိုခိုင်မြဲစေပြီး လက်တွဲဖော်ကို တန်ဖိုးထားမှု ခံစားလာရစေပါတယ်။ ပါးစပ်ကထုတ်မပြောနိုင်ရင်တောင် ကျေးဇူးဆိုတဲ့ စာတိုလေး ပို့ပေးဖို့ ကြိုးစားပါ။




၆။ သင့်စိတ်ကို ဖတ်ဖို့ သင့်အိမ်ထောင်ဖက်အပေါ် မမျှော်လင့်ပါနဲ့

သင့်စိတ်ကိုဖတ်ခြင်းဖြင့် သင့်ဘဝနဲ့ သင်ဘာဖြစ်နေသလဲဆိုတာ လက်တွဲဖော်သိစေဖို့ မမျှော်လင့်ပါနဲ့။ လက်တွဲဖော်နဲ့ ပြန်လည်ချိတ်ဆက်ဖို့ လိုပြီဟု ထင်ပါက သင်ဘယ်လို ခံစားနေရကြောင်းနဲ့ ပျော်ရွင်ချိန်တွေကို ပြန်သွားနိုင်ဖို့အတွက် ဘာလုပ်ဖို့ လိုအပ်သလဲ? ဆိုတာသာ ပြောပြပါ။

၇။ အမွဲစပျစုပါ

သင်အိမ်ထောင်ရေးဘဝကို စတင်တဲ့ အချိန်တုန်းက သင့်လက်တွဲဖော်နဲ့ ပတ်သတ်ပြီး အရာအားလုံးကို သိဖို့၊ သူတို့ကို ပိုပြီးနားလည်စေဖို့ စပ်စုမိမှာပါ။ ရှေ့ဆက်ပြီးလည်း စပ်စုဖို့ သေချာပါစေ။ ဒီနေ့ဘာတွေ ဖြစ်ခဲ့သလဲ၊ သူတို့ရဲ့ကောင်းတဲ့အပိုင်း၊ ဆိုးတဲ့အပိုင်းတွေကို မေးမြန်းပါ။ သူတို့ဘဝမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို သိဖို့ စိတ်ဝင်စားပါ။

၈။ ဒိတ်လုပ်ပါ

အိမ်ထောင်ဖက်နဲ့ ချိန်းတွေ့တယ်ဆိုတာ သမီးရည်းစားဘဝ၊ လက်မထပ်ခင်ဘဝမှာသာ လိုအပ်တာမဟုတ်ပါဘူး။ အိမ်ထောင်သည်ဘဝမှာလည်း အရေးကြီးပါတယ်။ လကုန်ရက် တစ်ရက်ကို သတ်မှတ်ပြီး ဆိုင်မှာ အတူသွားစားတာမျိုး၊ ဈေးဝယ်ထွက်တာမျိုး ပြုလုပ်ပါ။ ဒီရက်တွေမှာ စားသောက်ဆိုင်အသစ်၊ အစားအစာအသစ်အဆန်း (သို့) ဂိမ်းအသစ်တွေကဲ့သို့သော အသစ်သောအရာတွေကို ပိုစိတ်လှုပ်ရှားမှု ရှိစေဖို့ ပြုလုပ်ပါ။




၉။ အတူတူရယ်မောပါ

အတူတူရယ်မောတဲ့ စုံတွဲတွေဟာ အတူတူနေကြရပါတယ်။ သင့်အိမ်ထောင်ဖက်နဲ့ ပြန်လည်ချိတ်ဆက်လိုတဲ့အခါ ဒါကို သတိရပါ။ သင့်တစ်နေ့တာနဲ့ ပတ်သတ်ပြီး ပျော်ရွင်ဖွယ်အရာအားလုံးကို သင့်လက်တွဲဖော်အား ပြောပြပါ။ အတူတူရယ်မောပါ။ (သို့) ဟာသရုပ်ရှင်တစ်ကားကို အတူတူကြည့်ပါ။

၁၀။ အသေးအဖွဲကိစ္စတွေကို ပုံကြီးမချဲ့ပါနဲ့

အသေးအဖွဲကိစ္စရပ်တွေအတွက် စုံတွဲတိုင်း ရန်ဖြစ်တတ်ကြပါတယ်။ သင်လည်း လုပ်ကောင်းလုပ်မိမှာပါ။ ဒီလိုအခြေအနေမျိုးမှာ သင့်လက်တွဲဖော်နဲ့ ချစ်ခင်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ လျှို့ဝှက်ချက်က ကိစ္စသေးသေးလေးတွေကို အရေးမထားဖို့ ဖြစ်ပါတယ်။

၁၁။ မြန်မြန်တောင်းပန်ပါ

စိတ်ဆိုးဒေါသထွက်တဲ့အခါ (သို့) စိတ်ဝမ်းကွဲပြီးတဲ့အခါ အိမ်ထောင်ဖက်နဲ့ စိတ်လှုပ်ရှားမှုကို ပြန်ရလာစေဖို့ နည်းတစ်ခုက မြန်မြန်တောင်းပန်ခြင်းဖြစ်ပါတယ်။ သင်ပြောခဲတာတွေအတွက် စိတ်မကောင်းကြောင်း ပြောပါ။ သင့်ရဲ့တောင်းပန်မှုက သင့်အမှားနဲ့ လယ်ဗယ်ညီဖို့ လိုပါတယ်။ ဥပမာ- သူတို့မိဘရှေ့မှာ သင့်အိမ်ထောင်ဖက်ကို အော်မိရင် သူတို့မိဘတွေ ရှိနေချိန်မှာ ပြန်တောင်းပန်ပေးပါ။

၁၂။ သူတို့ကို လက်ဆောင်တစ်ခု ပေးပါ

သင်ရဲ့ ယခင်က အပြုအမှု (သို့) အမှားတွေကြောင့် စိတ်ဆိုးနေတဲ့ အိမ်ထောင်ဖက်နဲ့ ပြန်ချိတ်ဆက်လိုပါက သူတို့ကို လက်ဆောင်တစ်ခု ပေးပါ။ အဖိုးတန်တာ ဈေးကြီးတာဖြစ်ဖို့ မလိုအပ်ပါဘူး။ ဒါက သင့်အိမ်ထောင်ဖက်ကို အရေးတယူလုပ်ပေးခြင်းသာ ဖြစ်ပါတယ်။ ဆောင်းရာသီအတွက် အနွေးထည်တစ်ထည်၊ ဂျင်းဘောင်းဘီအသစ်တစ်ထည် ဖြစ်နိုင်ပါတယ်။


Lifestyle_Myanmar
LM_Nandar


Source-momjunction




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#အိမ်ထောင်ဖက်
#အိမ်ထောင်ရေး
#စုံတွဲ
#အိမ်မက်
#အပြုသဘော

Some text some message..