လူတိုင်းကြုံတွေ့ချင်တဲ့ စစ်မှန်တဲ့ Right Person ဆိုတာ…
mystylemyanmar.com
|
2020-08-16

လူတစ်ယောက်နဲ့ တစ်ယောက် လွယ်လွယ်ကူကူချစ်ဖို့ဆိုတာ မဖြစ်နိုင်သလို ချစ်မိသွားရင် အကြောင်းအမျိုးအမျိုးတွေကြောင့် အသည်းကွဲတာတွေ ကိုယ့်ကိုမချစ်တဲ့သူကို ချစ်နေရတာလောက်ပင်ပန်းတာလောက်မရှိသလို နာကျင်ခံစားရပါတယ်နော်။ လူတိုင်းကတော့ တစ်ယောက်ကိုပဲချစ်ပြီး အဲဒီတစ်ယောက်နဲ့ပဲ တစ်ဘဝလုံးဖြတ်သန်းချင်တာပါပဲ။ ဒါကြောင့် အချစ်ဆိုတာကို စတင်ခံစားဖူးတာနဲ့ ကိုယ့်ရဲ့right person ကိုပဲ တွေ့ချင်ကြတာ ပေါ့နော်။ ဒါကြောင့် right person ဆိုတာ ဘာလဲလို့မေးရင်တော့ ပြောပြဖို့ခက်ပေမယ့် သူက ကိုယ့်ရဲ့Right Person ဟုတ် မဟုတ် ဘယ်လို သိနိုင်သလဲဆိုတော့…


ကိုယ့်အပေါ်ကတိတည်သူ




ကိုယ့်အပေါ်စစ်မှန်တဲ့သူဟာ ဘယ်တော့မှကတိတွေကိုအလွယ်ပေးပြီး အလွယ်ဖျက်တာမျိုးမလုပ်တတ်ကြပါဘူး။ ကတိတစ်ခုမပေးခင်မှာ သေချာလေးလေးနက်နက်စဉ်းစားပြီး ပေးပြီးတဲ့ကတိကိုလည်း လွယ်လွယ်နဲ့မချိုးဖျက်တတ်ပါဘူးနော်။


အကောင်းအဆိုးအတူတူမျှဝေခံစားပေးတတ်သူ




ကိုယ့်ရဲ့အဆင်မပြေမှုတွေ အခက်အခဲတွေကြုံတိုင်းမှာလည်း မျှဝေခံစားပေးလေ့ရှိပြီး စိတ်ဓါတ်ကျနေတဲ့အချိန်မှာလည်း အမြဲအားပေးနေတတ်ပြီး ကိုယ်ကောင်းဖို့ ကိုယ်တိုးတက်ဖို့အတွက်ဆိုရင်လည်း အမြဲကူညီပေးဖို့ အသင့်ရှိနေတတ်တဲ့သူလည်းဖြစ်တယ်။


ကိုယ့်ရဲ့အားနည်းချက်ကိုသိပြီးလက်ခံသူ




ကိုယ့်ရဲ့မကောင်းတဲ့အချက်တွေနဲ့ အားနည်းချက်တွေကို သိတာတောင် စိတ်ပျက်မသွားဘဲ နားလည်လက်ခံပြီး အနာဂတ်မှာ ဘယ်လိုကောင်းအောင် ဘယ်လိုပျော်ရွှင်အောင်နေမလဲဆိုတာကိုပဲ စဉ်းစားနေတတ်တဲ့သူဖြစ်တယ်။


သဘောထားကြီးပြီးနားလည်မှုရှိသူ




ကိုယ့်အတွက်စစ်မှန်တဲ့ right person ဆိုတာ ကိုယ့်ကိုစိတ်ချမ်းသာစေချင်သူ၊ ကိုယ့်ရဲ့အားနည်းချက်၊ အပြစ်အနာအဆာတွေထက် ကိုယ့်ရဲ့ကောင်းကွက် အားသာချက်တွေကိုမြင်အောင်ကြည့်တတ်သူဖြစ်ပြီး နားလည်မှုလွဲစရာရှိရင်တောင်မှ သေသေချာချာဆွေးနွေး ပြောပြတတ်သူဖြစ်တယ်။


လေးနက်မှုရှိတဲ့သူ




ကိုယ့်ကိုတကယ်မချစ်တဲ့သူ ခဏတာအပျော်သဘောမျိုးနဲ့လာတဲ့သူတွေဟာ ခန့်မှန်းရခက်တဲ့ အပြုအမူတွေ ပြုမူတတ်ပါတယ်။ တခါတလေ ကိုယ့်ကို အရမ်းစိတ်ဝင်စားသလို လာလုပ်ပြလိုက်၊ ခဏကြာ ပျောက်သွားလိုက် လုပ်တတ်ကြပါတယ်။ ကိုယ့်အတွက် ပေါ်ထွက်လာတဲ့ right person ဆိုတာ ကိုယ့်ကိုတန်ဖိုးထားအလေးထားပြီး လေးနက်မှုရှိတဲ့အပြုအမူတွေသာ ဖော်ပြနေတတ်ပါတယ်။

ကဲ….ဒီတော့ ကိုယ့်အပေါ်ဒီအချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့သူကို တွေ့ထားပြီဆိုရင်တော့ သူက သင့်ရဲ့ Right Personပဲဖြစ်ပါတယ်နော်။

Source;International Friend Zone


The post

လူတိုင်းကြုံတွေ့ချင်တဲ့ စစ်မှန်တဲ့ Right Person ဆိုတာ… appeared first on

MyStyle Myanmar .


#ကတိ
#အပြုအမူ
#နားလည်မှု
#ကောင်းကွက်
#အမျိုး

Some text some message..