သင့်ရာသီခွင်အရ ဘယ်လို Boyfriend ကိုလိုအပ်နေတာလဲ
moda.com.mm
|
2020-08-18

Relationship မှာတစ်ယောက်နဲ့ တစ်ယောက် Key ကိုက်ဖို့၊ အချိန်ကြာတဲ့အထိ အချစ်တွေ မဟောင်းနွမ်းသွားပဲ ချစ်ခြင်းတွေအမြဲမွေးဖွားနေဖို့လိုအပ်ပါတယ်။ အဲ့လိုပဲ ရေရှည်ခိုင်မြဲတဲ့ Relationship ဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် Type တူမှ လက်တွဲလို့ အဆင်ပြေတာမလား။ စုံတွဲတွေမှာ တစ်ယောက်ချင်းဆီရဲ့ Personality တွေ အကျင့်စရိုက်အမူအရာတွေကလည်း သူ့တို့ရဲ့ ဆက်ဆံရေးအပေါ်မှာသက်ရောက်မှုတွေရှိပါတယ်။ သင့်ရဲ့ ရာသီခွင်(Zodiac) ကလွှမ်းမိုးနေတဲ့ Personality Traits ကလည်း သင့်ကောင်လေးနဲ့ Type တူဖို့အရေးကြီးပါတယ်။ ဒါမှလည်း ပိုပြီး အဆင်ပြေသာယာတဲ့ Relationship Life ကိုပိုင်ဆိုင်နိုင်မှာမလား။
မိန်းကလေးတွေက ယောင်္ကျားလေးတွေထက်သူတို့ရဲ့ Partner အကြောင်းကို ပိုသိချင်ကြပါတယ်။ ယောင်္ကျားလေးအများစုကတော့ တော်ရုံသူတို့ရဲ့ခံစားချက်တွေကို ထုတ်ပြလေ့မရှိပါဘူး။ အဲ့ဒါကြောင့်လည်း မိန်းကလေးတွေက ကိုယ့်ချစ်သူကောင်လေးရဲ့ Personality ကိုကြည့်ပြီး သူနဲ့ ရေရှည်မှာ အဆင်ပြေမပြေဆိုတာ သိချင်ကြပါတယ်။
ကောင်လေးရှိတဲ့သူပဲဖြစ်ဖြစ်၊ ကောင်လေးမရှိသေးတဲ့သူပဲဖြစ်ဖြစ် ကိုယ့် Zodiac Sign အပေါ်မူတည်ပြီး ဘယ်လို Type နဲ့ Boyfriend ကို လိုအပ်လဲဆိုတာ ကြည့်ကြည့်လိုက်နော်။


Aries (Mar 21 - Apr 19)
Aries မိန်းကလေးတွေရဲ့ သဘာဝက Strong and Passionate ဖြစ်တာမို့ သူတို့ရဲ့ တက်ကြွတဲ့နေ့စဉ်ဘဝကို အမြဲ Support လုပ်ပေးပြီး၊ တိုးတက်မှုအတွက်အမြဲ အားပေးနေတဲ့ချစ်သူမျိုးကို လိုအပ်တာပါ။ သူမကို အမြဲတစွဲစွဲ လုပ်နေတာမျိုးမရှိပဲ Explore လုပ်တာနဲ့ Adventure တွေအတွက် အမြဲဘေးကရှိနေသူက အသင့်တော်ဆုံးပါ။


Taurus (Apr 20 - May 20)
Taurus လေးတွေအတွက်ကတော့ သူရဲ့ အတွင်းစိတ်ကိုပါ သေချာနားလည်းသဘောပေါက်ပြီး သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေအပေါ်မှာပါ နားလည်မှုအပြည့်အဝရှိတဲ့ကောင်လေးတွေကို ပိုလိုအပ်ကြပါတယ်။ သူ့ရဲ့ အားနည်းချက်လေးတွေအပေါ်လည်း စိတ်ရှည်သည်းခံပြီး အမြဲကတိတည်တဲ့ ချစ်သူမျိုးလေးပေါ့။


Gemini (May 21 - Jun 20)
Gemini ကောင်မလေးတွေက ကိစ္စတစ်ခုခုကို လွယ်လွယ်နဲ့ ပျင်းသွားတတ်တယ်။ စိတ်ဝင်စားမှုလျော့သွားတတ်တယ်။ အဲ့ဒါကြောင့် Gemini လေးတွေရဲ့ ချစ်သူကောင်လေးဖြစ်ဖို့ဆို သူ့ကို အကြောင်းကို ကောင်းကောင်းသိရသလို အမြဲ ဟာသညဏ်ရွှင်ပြီး၊ ရင်ခုန် စိတ်လှုပ်ရှားစရာလေးတွေဖန်တီးပေးတတ်ဖို့ အရေးကြီးပါတယ်။


Cancer (Jun 21 - Jul 22)
Cancer လေးတွေရဲ့ Partner ကတော့ သူမရဲ့ မိန်းကလေးသဘာဝ Mood Swing လေးတွေကို နားလည်ပြီး Emotions လေးတွေတိုင်းကို သေချာ ဂရုစိုက်ပေးနိုင်ဖို့လိုပါတယ်။ အခက်အခဲတွေရင်ဆိုင်ကြုံတွေ့လာတဲ့အခါ သူ့ဘက်မှာ မားမားမတ်မတ်ရပ်တည်ပေးတဲ့ ချစ်သူကသူတို့အတွက်အကောင်းဆုံးဖော်မွန်ပါ။



Leo (Jul 23 - Aug 23)
Independent ဖြစ်တဲ့ Leo လေးတွေကတော့ အလုပ်ကြိုးစား၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသလို Logical ဖြစ်ပြီး သူတို့ရဲ့ Development အတွက် အမြဲ ကူညီအားပေးတဲ့ ချစ်သူမျိုးလိုအပ်တာပါ။ စိန်ခေါ်မှုတွေကိုလည်း အတူတူ မယ်တစ်ထမ်းမောင်တစ်ရွက် ရင်ဆိုင်မယ်ဆိုတဲ့ ချစ်သူမျိုးပေါ့။


Virgo (Aug 24 - Sept 22)
Virgo တွေကတာ့ အပြင်မှာ အမြဲအတူတူမရှိနေရင်တောင် နှလုံးသားချင်းချိတ်ဆက်နေသလို စိတ်ချင်းဆက်နေတဲ့ Life Partner ကိုမျှော်လင့်ကြပါတယ်။ သူတို့ရဲ့ အားနည်းချက်တွေ၊ စိတ်ခံစားချက်တွေအပေါ်မှာလည်း အမြဲအနိုင်မယူပဲ ကာကွယ်ပေးတဲ့ ကောင်လေးက အကောင်းဆုံး Partner ပါ။


Libra (Sept 23 - Oct 23)
Libra လေးတွေအတွက် Date တယ်ဆိုတာ ရိုးရိုး Date တာထက်ပိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကချစ်မိသွားပြီဆိုရင် သည်းသည်းလှုပ်နေအောင်ချစ်တတ်သူမို့ Open-Minded ဖြစ်ပြီး သူမရဲ့ Personal Life ကိုပါနားလည်ပေးတဲ့ ချစ်သူကောင်လေးကို လိုအပ်တာပါ။


Scorpio (Oct 23 - Nov 21)
Scorpio လေးတွေက သူတို့ရဲ့လွတ်လပ်မှုကို မချုပ်ချယ်တဲ့၊ ရင့်ကျက်တည်ငြိမ်တဲ့ အချစ်မျိုးကို လိုချင်ကြပါတယ်။ Sensual ဖြစ်တဲ့ သူတို့ကို အိပ်ရာထဲမှာလည်းဆွဲဆောင်နိုင်တဲ့ ခွန်အားတွေပေးနိုင်တဲ့ Partner မျိုးကိုလိုအပ်တာပါ။



Sagittarius (Nov 22 - Dec 21)
သစ္စာရှိတဲ့ အချက်က Sagittarius တွေရဲ့ အသည်းနှလုံးကို ပိုင်ဆိုင်ဖို့ အဓိကသော့ချက်ပါ။ သူတို့ကို ကောင်းကောင်း Handle လုပ်နိုင်သလို၊ သူတို့မျက်ကွယ်မှာလည်း သစ္စာရှိရှိနဲ့ မဖောက်ပြန်တဲ့ အမျိုးသားတွေကို အရမ်းတန်ဖိုးထားပါတယ်တဲ့။


Capricorn (Dec 22 - Jan 21)
Capricorn လေးတွေက သူတို့ကိုယ်သူတို့ Partner မလိုအပ်ဘူးလို့ ယူဆနေပေမယ့် Deep Inside မှာတော့ သူတို့ကို ကောင်းကောင်း Take Care လုပ်ပေးနိုင်တဲ့ Boyfriend ကို လိုချင်နေတာပါ။ ရုန်းကန်လှုပ်ရှားနေတဲ့ သူတို့ဘဝမှာ အေးချမ်းမှုပေးနိုင်တဲ့ ချစ်သူတွေက Capricorn လေးတွေအတွက် Romeo ပါ။


Aquarius (Jan 22 - Feb 18)
တစ်ဦးပေါ်တစ်ဦး Trust ထားပြီး သာယာတဲ့ Relationship ကိုလိုချင်နေတာက Aquarius လေးတွေရဲ့ ဆန္ဒပါ။ တစ်ယောက်နဲ့ တစ်ယောက်အကြိုက်လေးတွေတူညီပြီး အပြန်အလှန် Support ပေးနိုင်တဲ့ Boyfriend တွေကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။


Pisces (Feb 19 - Mar 20)
စိတ်ကူးယဉ်ဆန်တဲ့ Pieces တွေကျတော့ Romantic ဖြစ်သလို အသေးအဖွဲလေးတွေကအစလိုက်ဂရုစိုက်ပေးတတ်တဲ့ အမျိုးသားက သူ့အတွက် Dream Partner ပါ။ နေ့ရက်တိုင်းကို ချစ်ခြင်းတွေနဲ့ ပြည့်နှက်နေစေမယ့်သူမျိုးပေါ့။



#ကောင်လေး
#ချစ်သူ
#မိန်းကလေး
#ကောင်းကောင်း
#ချစ်ခြင်း

Some text some message..