December လဆိုတာက မြန်မာနိုင်ငံမှာဆိုရင် ဆောင်းရာသီကာလဖြစ်ပြီး အေးချမ်းတဲ့အချိန်ကာလတစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒီလမှာမွေးဖွားတဲ့သူတွေဟာ အေးချမ်းပြီး သူမတူတဲ့အရာတွေကို ပိုင်ဆိုင်ထားကြတယ်လို့ပြောစမှတ်ရှိပြီး လူတွေသိပ်မသိသေးတဲ့ သူတို့ရဲ့အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဆရာကြီးတွေ၊ ဆရာမကြီးတွေအဖြစ် မွေးဖွားလာကြတယ်။
ဒီဇင်ဘာလမှာ မွေးဖွားတဲ့သူတွေဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို တခြားသူတွေဆီမျှဝေဖို့၊ သူတို့သိထားတာတွေကို ပြန်လည်ချပြဖို့ ဝန်မလေးတတ်ကြပါဘူး။ ဒါ့အပြင် ဘယ်သူတွေဘာမှားလဲဆိုတာကို ထောက်ပြကြပြီး အဲ့ဒီအမှားပြင်ဖို့ ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုပါ သက်သေပြနိုင်တဲ့သူတွေပါ။ ဒါပေမယ့် သူတို့က သူများကိုနှိမ်ပြီး ပြောတယ်ဆိုတာထက် ကူညီချင်စိတ်ရှိတယ်လို့ဆိုရမှာပါ။ လူတိုင်းကိုဂရုစိုက်တတ်ကြပြီး လူတိုင်းလူတိုင်းက သူတို့ရဲ့အကောင်းဆုံးဆိုတဲ့အရာတွေကို ရှာဖွေနိုင်တယ်လို့ ယုံကြည်ထားတာကြောင့် အခုလို ပြုမူကြတာလည်းဖြစ်ပါတယ်။
၂။ ရိုးသားတယ်။
ဒီဇင်ဘာလမှာမွေးဖွားတဲ့သူတွေက သူများတွေထက်ကို အများကြီး အများကြီး ရိုးသားကြတဲ့သူတွေပါ။ လှည့်စားရတာတွေ၊ လိမ်ညာရတာတွေကို သဘောမကျဘဲ တရားမျှတဖို့နဲ့ သစ္စာရှိဖို့အတွက် အမြဲတမ်း ကြိုးစားနေကြသူတွေပါ။ ဒီဇင်ဘာလမှာမွေးဖွားသူတွေရဲ့ အဲ့ဒီအကျင့်ကို ဘယ်သူမှမပြင်ပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရိုးသားတယ်ဆိုတာက သူတို့အတွက် အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေကို ရယူပေးနိုင်တယ်လို့ ယုံကြည်ထားကြလို့ပါပဲ။ တကယ်လို့ သူတို့ဘက်က အမှားအယွင်းတစ်စုံတစ်ရာ လုပ်မိတယ်ဆိုရင်လည်း ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာမဟုတ်ဘူးဆိုတာ သေချာပါတယ်။
၃။ အင်မတန်တက်ကြွတဲ့သူတွေဖြစ်တယ်။
အမြဲတမ်းခွန်အားအပြည့်ရှိနေတဲ့ ဒီဇင်ဘာ Born လေးတွေက ဘယ်အရာကိုမဆိုလုပ်နိုင်တယ်လို့ ယူဆထားပြီး အားကစားပြိုင်ပွဲတွေ၊ ရုံးတွင်းမှာဆိုရင်လည်း ရုံးတွင်းလှုပ်ရှားမှုအားလုံးမှာ ပါဝင်ဆင်နွှဲတတ်ကြသူတွေပါ။ သူတစ်ပါးကိုလည်း အပြည့်အဝကူညီရင်း နိုင်လိုစိတ်အပြည့်နဲ့ တိုက်ပွဲဝင်တတ်ကြသလို သူတို့ရဲ့ ကိုယ်ပိုင် အစီအစဉ်တွေအပေါ်မှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ရော၊ အဖွဲ့သားအနေနဲ့ပါ တက်တက်ကြွကြွ ဆောင်ရွက်နိုင်ကြသူတွေဖြစ်ပါတယ်။
၄။ ဥာဏ်ပညာရှိတယ်။
ဒီဇင်ဘာ Born လေးတွေက အင်မတန်ထူးချွန်ထက်မြက်တယ်ဆိုပေမယ့် သူတို့ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး အသစ်အသစ်တွေကို လေ့လာသင်ယူဖို့ အမြဲတမ်း စိတ်ဓာတ်ပြင်းပြနေကြပါတယ်။ လူသစ်တွေ၊ ပတ်ဝန်းကျင်အသစ်တွေ၊ အတွေ့အကြုံအသစ်တွေနဲ့ ယဉ်ကျေးမှုအသစ်တွေကို ထိတွေ့ဖို့ အမြဲတမ်း စိတ်အားထက်သန်နေပြီး အသစ်အသစ်သောအရာတွေအတွက် ထာဝရ စိတ်လှုပ်ရှားနေကြသူတွေပါ။
၅။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မွေးဖွားလာကြတယ်။
အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ ဒီဇင်ဘာ Born လေးတွေဟာ သူတို့ရဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေကြောင့် ခေါင်းဆောင်အစစ်အမှန်တွေဖြစ်ကြပြီး လက်အောက်ငယ်သားတွေကိုလည်း စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်ကြသူတွေဖြစ်ပါတယ်။ ဘဝအတွက် ဘယ်လိုအရာတွေ လိုအပ်လဲဆိုတာကို ကောင်းကောင်းနားလည်ထားကြပြီး အလုပ်တစ်ခုအပေါ်မှာလည်း အမြဲတမ်းအာရုံစူးစိုက်မှုအပြည့်နဲ့ အလုပ်လုပ်တတ်ကြပါတယ်။
၆။ သူတစ်ပါးအပေါ် ကြင်နာတတ်တယ်။
တခြားသူအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်လိုက်ဖို့ ဝန်မလေးတဲ့ ဒီဇင်ဘာ Born လေးတွေဟာ ကူညီလိုစိတ်အပြည့်ရှိပြီး ကြင်နာတတ်တဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်အခံကို ပိုင်ဆိုင်ထားကြသူတွေပါ။ တစ်ခါတလေ လူတွေက သူတို့ကို အသုံးချနေတယ်ဆိုတာကို သိတာတောင်မှ ကူညီဖို့ အမြဲတမ်း အသင့်ရှိနေကြပါတယ်။ ဒါပေမယ့် သူတို့ချစ်တဲ့သူတွေအတွက်တော့ ဘာမှရေရေရာရာ မလုပ်ပြနိုင်ပါဘူး။
၇။ ဘဝကိုပျော်ပျော်ရွှင်ရွှင်နေတတ်ကြတယ်။
ကိုယ့်ရဲ့ဘဝအတွက် တောင်းဆိုမှုအများကြီး မထားတတ်ကြဘဲ ဒီဇင်ဘာ Born တွေအတွက် ပျော်ရွှင်မှုက သူတို့ရဲ့ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတို့ပဲဖြစ်ပါတယ်။ ဘဝကိုဖြတ်သန်းရတဲ့ ရည်ရွယ်ချက်ကလည်း ရိုးရိုးသားသားနဲ့ ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေကို ရှာဖွေဖို့ပါ။ ဘဝရဲ့ အခိုက်အတန့်တိုင်းအတွက် ပျင်းရိသွားတယ်ဆိုတာမျိုးမရှိဘဲ သူတို့ချစ်ခင်ရသူတွေနဲ့အတူ အမြဲတမ်း အချိန်ဖြန်းနေတတ်သူတွေဖြစ်ပါတယ်။
၈။ ခေါင်းမာတတ်ကြတယ်။
ဒီဇင်ဘာ Born တွေဟာ စည်းကမ်းကြီးပြီး သူတို့ကိုယ်သူတို့ စနစ်တကျကိုင်တွယ်တတ်ကြတာကြောင့် သူတို့ရဲ့ အဲ့ဒီအမူအကျင့်ကို ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့နဲ့ မသက်ဆိုင်ဘူးထင်ရင် အခြားသူတွေရဲ့ အငြင်းအခုန်တွေကို လုံးဝစိတ်မဝင်စားပါဘူး။ ဒါပေမယ့် တစ်ဖက်သားရဲ့ အမြင်ကိုတော့ လေးစားမှုအပြည့်ရှိကြပါတယ်။
၉။ သစ္စာရှိကြတယ်။
ဒီဇင်ဘာ Born တွေဟာ သူတစ်ပါးအပေါ် ရိုးသားတယ်၊ မျှမျှတတဆက်ဆံတတ်ကြတယ်၊ နောက်ပြီး အင်မတန်မှလည်း သစ္စာရှိတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်သူအပေါ် အပြည့်အဝ အားပေးတတ်ကြပြီး အမြဲတမ်းလည်း အကာအကွယ်ပေးကြပါတယ်။ တကယ်လို့ ကိုယ်နဲ့ပတ်သက်တဲ့အရာတစ်ခုခုကို အမှန်တိုင်းပြောခိုင်းရင်လည်း သူတို့က ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး ဆိုးရွားတဲ့ အမှန်တရားက အလိမ်အညာစကားထက် ပိုမိုကောင်းမွန်တယ်လို့ ခံယူထားကြလို့ပါပဲ။
၁၀။ သီးသန့်နေထိုင်တတ်ကြတယ်။
သူတို့လေးတွေက သူတစ်ပါးအပေါ် ကူညီတဲ့နေရာမှာ နှစ်ယောက်မရှိပေမယ့် လူတွေမသိတဲ့ သူတို့ရဲ့ပြဿနာတွေ၊ ခံစားချက်တွေကို ထုတ်ပြောလေ့မရှိပါဘူး။ ဒီဇင်ဘာ Born လေးတွေက သူတို့ချစ်ရတဲ့၊ သူတို့ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ကိုပဲ ကိုယ်ပိုင်ခံစားချက်တွေကို ထုတ်ပြောတတ်ကြသူတွေပါ။ အရာရာကို သတိကြီးကြီးထားပြီး ထိန်းသိမ်းတတ်ကြသလို သူတို့ရဲ့ ပြဿနာကြောင့် တခြားသူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတာမျိုး၊ ခေါင်းရှုပ်စေတာမျိုး မဖြစ်စေချင်ပါဘူး။
#HM
#LiffestyleMyanmar
Source: Dazzling