ပျင်းရင် ဘာတွေလုပ်ကြမလဲ
moda.com.mm
|
2020-08-20

ကိုယ့်ရဲ့ အားလပ်ချိန်တချို့နဲ့ အလုပ်ကိစ္စတွေပြီးသွားတဲ့အချိန်မျိုးတွေမှာ ပျင်းရိငြီးငွေ့ခြင်းနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတတ်တဲ့အခြေအနေမျိုးတွေကြုံရတတ်ပါတယ်။ အထူးသဖြင့် Covid ကြောင့် အိမ်တွင်းအောင်းခဲ့ရတဲ့အချိန်မျိုးတွေမှာဆိုရင် ပိုပြီးသိသာနိုင်ပါတယ်။ လုပ်စရာမရှိရင် အိပ်မယ်ဆိုတာဟာ တခါတလေသာကောင်းပေမယ့် တချို့အချိန်တွေမှာဆိုရင် အိပ်ရမှာတောင်ငြီးငွေ့နေမိတဲ့အခြေအနေတွေရင်ဆိုင်ရတတ်ပါတယ်။ တကယ်တမ်းတော့ ဒါဟာ ကိုယ့်ရဲ့မသိစိတ်က အချိန်ကိုအလာဟသမဖြစ်စေပဲ ကောင်းကောင်းကုန်ဆုံးသင့်တယ်ဆိုတဲ့အတွေးလေးတစ်ခုဝင်နေတာကြောင့်ပါပဲ။ ဒါကြောင့်မို့ ဒီလို အားလပ်ချိန်တွေနဲ့ ငြီးငွေ့စရာကောင်းတဲ့အချိန်တချို့ကို အကျိုးရှိရှိကျော်ဖြတ်နိုင်ဖို့အတွက် အိမ်မှာနေရင်းပြုလုပ်လို့ရတဲ့ နည်းလမ်းကောင်းလေးတချို့ကို မျှဝေလိုက်ပါတယ်။


အခန်းအလှဆင်ပါ




ကိုယ့်ရဲ့အခန်းကို အနေအထားအမျိုးမျိူး ပုံစံအမျိုးမျိုးပြောင်းလဲကြည့်ခြင်းကလည်း အားလပ်ချိန်မှာ ပြုလုပ်ကြည့်သင့်တဲ့အရာတစ်ခုပါ။ မတူညီတဲ့ အခန်းတွင်းပစ္စည်းထားသိုပုံအနေအထားတွေက ကိုယ့်ရဲ့စိတ်ကို ကွဲပြားတဲ့ ခံစားမှူအသစ်ပေးစွမ်းနိုင်တဲ့အပြင် ငြီးငွေ့မှူတွေကိုလည်းပြေပျောက်စေပါလိမ့်မယ်။ ဒီထက်ပိုပြီး Wallpaper တွေ ၊ မီးတွေ ၊ပန်းအိုးလေးတွေနဲ့ပါ စိတ်ကူးပေါ်ရင်ပေါ်သလို ထပ်ကွန့်မြူးပြီး အလှဆင်နိုင်ပါသေးတယ်။


Workout လုပျပါ




ပျင်းနေပါတယ်ဆို Workout လုပ်ရမှာ ပိုပျင်းတယ်လို့တော့မပြောပါနဲ့။ စမ်းလုပ်ကြည့်ပါ။ Work out လုပ်နေရင်းနဲ့ စိတ်ထဲမှာ မွန်းကြပ်နေတာတွေ ပျင်းရိငြီးငွေ့နေတာတွေပြေပျောက်ပြီး ပေါ့ပါး လန်းဆန်းတဲ့ ခံစားမှူကို ရလာပါလိမ့်မယ်။ ပုံမှန်လေးပြုလုပ်သွားမယ်ဆိုရင် အပိုလက်ဆောင်အနေနဲ့ ခန္ဓာကိုယ်ရဲ့ လှပခြင်းတွေပါ ပိုင်ဆိုင်လာနိုင်မှာပါ။


အနာဂါတ် Plan တွေချရေးပါ




မနက်ဖြန်ကိုယ်ဘာတွေလုပ်မယ်ဆိုတာကစလို့ နောက်တစ်နှစ်အတွင်း နောက်ငါးနှစ်အတွင်း ဘာတွေလုပ်မယ် ဘယ်တွေရောက်အောင်သွားမယ် ဘယ်လိုအစားအစာတွေစားဖူးရမယ်ဆိုတဲ့အထိ Plan တွေအထိ စိတ်ကူးပေါ်ရင်ပေါ်သလိုချရေးပါ။ အပျင်းလည်းပြေသလို စိတ်ဝင်စားဖို့လည်း ကောင်းတာတွေ့ရပါလိမ့်မယ်။ စရေးတုန်းကတော့ ဘယ်ကဘယ်လိုစရမှန်းမသိဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် ရေးရင်းရေးရင်း အတောမသတ်နိုင်ဖြစ်လာတဲ့အထိပျော်စရာကောင်းတာတွေ့ရမှာပါ။


စာဖတ်ပါ




ဘယ်လောက်ပဲစာဖတ်ပျင်းတဲ့သူဖြစ်ဖြစ် ကိုယ့်ကိုအပျင်းပြေစေမယ့်စာမျိုးဖြစ်ရင်ကို အပျင်းပြေပါတယ်။ နောက်ဆုံး ပေါ့ပေါ့ပါးပါး ကလေးကာတွန်းလေးတွေဖတ်တဲ့အထိ ပြုလုပ်နိုင်ပြီး နောက်ဆုံးဘာဗဟုသုတမှမရတဲ့စာမျိုးဖြစ်နေပါစေဦးတော့ အနည်းဆုံးတော့ စာဖတ်တဲ့အလေ့အကျင့်ရနိုင်တဲ့ ကောင်းကျိုးကိုပေးနိုင်ပါလိမ့်မယ်။


You Tube Channel တွေ ကို Subscribe ပါ




ကိုယ့်သဘောကျလောက်မယ့် ၊ ကိုယ့်အတွက် အကျိုးရှိမယ်ထင်တဲ့ Youtube Channel တချို့ကို လိုက်လံရှာဖွေပြီး Subscribe လုပ်ပါ။ ဥပမာ DIY ပစ္စည်းလေးတွေပြုလုပ်နည်းကအစ မုန့်လုပ်နည်းအသစ်အဆန်းလေးတွေအဆုံးပေါ့။အနည်းဆုံးတော့ အခုလောလောဆယ် မဟုတ်ရင်တောင် နောက်ပိုင်းကိုယ်သတိမထားမိတဲ့အချိန်မျိုးမှာ ကိုယ့်အတွက်အကျိုးရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့ Post တစ်ခုခုကို အမှတ်မထင်တွေ့ရှိဖို့ အထောက်အကူပြုပါလိမ့်မယ်။


ဖုန်း Memory တွေရှင်းပါ




ကိုယ်သတိမထားမိပဲ ကိုယ့်အတွက်အသုံးမလိုအပ်ပဲစုပုံနေတဲ့ Data တွေ ဓာတ်ပုံအဟောင်းတွေ Cache တွေနဲ့ ဖုန်း ဒါမှမဟုတ် Laptop ထဲမှာ ပြည့်နေတတ်ပါတယ်။ ပျင်းနေတဲ့အချိန် အားလပ်နေတဲ့အချိန်ဟာ ဒါတွေကိုရှင်းထုတ်ပစ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကိုယ့်ရဲ့ဖုန်းတွေ ၊ Laptop တွေလည်းပေါ့ပါးသွားသလို နောက်ပိုင်းအရေးတကြီး Dataတွေထည့်သွင်းစရာ လိုအပ်တဲ့ အချိန်မှာလည်း အဆင်သင့် ဖြစ်နေပါလိမ့်မယ်။

Photo Credit to the Rightful Owners


#အားလပ်ချိန်
#အချိန်
#အခန်း
#နေရင်း
#အကျိုး

Some text some message..