လူသားတွေဖြစ်တဲ့ ကျွန်မတို့ဟာ အဆုံးမဲ့ ခံစားချက်တွေကို ခံစားရပါတယ်။ ကောင်းတဲ့ စိတ်ခံစားချက်က ကျွန်မတို့အတွက် ကောင်းပေမယ့် သဝန်တိုတာ၊ ရှက်စရာကောင်းတာ၊ အပြစ်ရှိတားနဲ့ မနာလိုတာ ကဲ့သို့သော မကောင်းတဲ့ ခံစားချက်တွေကို ခံစားရတဲ့အခါ ကျွန်မတို့ကို စိတ်ရှုပ်ထွေးစေပြီး မသက်မသာ ခံစားရစေနိုင်ပါတယ်။ Relationship တွေမှာ သဝန်တိုမှုက ပျော်ရွင်နေတဲ့ အတွဲတစ်တွဲကို တဖြည်းဖြည်း မွန်းကျပ်စေတဲ့ အလားအလာရှိပါတယ်။
လူရယ်လို့ဖြစ်လာရင် ဒီစိတ်ခံစားမှုတွေကနေ မလွတ်မြောက်နိုင်တာကြောင့် ဒီခံစားမှုတွေကို သိသိသာသာ ပြောင်းလဲမှုအချို့ ပြုလုပ်ပေးရပါမယ်။ ဒီဆောင်းပါးမှာ သဝန်တိုတာနဲ့ မနာလိုတာ အကြားက ခြားနားချက်ကို ဖော်ပြပေးချင်ပါတယ်။ ပြီးတော့ ဒီခံစားချက်တွေကို ဘယ်လိုကိုင်တွယ်မလဲ? ဆိုတဲ့အကြောင်းပါ မျှဝေပေးဦးမှာပါ။
မနာလိုတာက ဘာလဲ?
အခြားသူတွေ ပိုကောင်းလာတယ်၊ ကိုယ့်ထက် သာလာတယ်ဆိုရင် ခါးသီးတဲ့ ခံစားချက်ကို ခံစားကြရတာဖြစ်ပါတယ်။ ပုန်းလျှိုးကွယ်လျှိုးအန္တရာယ်ပြုနေတဲ့ ကင်ဆာလိုပဲ စိတ်ရင်းအတွင်းမှာ ဖုံးကွယ်နေတဲ့ ဒီမနာလိုမှုက ခရစ်ယာန်ဘာသာမှာ ငရဲကျမယ့် အပြစ်ကြီးခုနှစ်ပါးထဲက တစ်ခုလို့ စဉ်းစားကြပါတယ်။
အခြားသူ ပိုင်ဆိုင်တဲ့ အရာတစ်ခုခုကို သင်လိုချင်တဲ့အခါ မနာလိုမှု တစ်စတစ်စ ဖြစ်ပေါ်လာပါတယ်။ ဒါက အရည်အချင်းတစ်ချို့၊ အောင်မြင်မှု၊ သင့်မှာလိုချင်ပေမယ့် မရှိတဲ့ ပစ္စည်းဥစ္စာ ဖြစ်နိုင်ပါတယ်။ ဒါက မလုံလောက်ဖူးလို့ ခံစားရတဲ့အခါ အစပျိုးပါတယ်။ ၎င်းက self-esteem ကို နိမ့်ကျစေပါတယ်။
အချစ်ရေးမှာ မနာလိုမှု များလာတဲ့အခါ ဘာဖြစ်လာမလဲ?
တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမြှုပ်နှံပြီး နီးကပ်နေသူ နှစ်ယောက်ကြားမှာ မနာလိုမှုတွေများလာရင် အချစ်ရေးအတွက် အဆိပ်အတောက် ဖြစ်လာစေနိုင်ပါတယ်။ ၎င်းက relationship တစ်ခုအတွင်းမှာ အမြဲတမ်း ပြဿနာဖြစ်စေတာတော့ မဟုတ်ပါဘူး။ နူးညံ့သိမ်မွေ့တဲ့ မနာလိုမှုက အခြားသူတွေရဲ့စရိုက်တွေ၊ ပင်ကိုအရည်အချင်းတွေကို လိုလားခြင်းမျှသာ ဖြစ်ပြီး မလိုမုန်းထားတဲ့ မနာလိုမှုက အဖျက်သဘောမျိုးဖြစ်ပါတယ်။
သဝန်တိုတာက ဘာလဲ?
Relationship မှာ ခြိမ်းခြောက်မှု ရှိလာတဲ့အခါ သဝန်တိုတဲ့ စိတ်ခံစားမှု ပေါ်လာပါတယ်။ မနာလိုမှုနဲ့ မတူတာက သဝန်တိုမှုဟာ တစ်စုံတစ်ဦးကို ဆုံးရှုံးရမှာကြောက်တဲ့ တုံ့ပြန်မှု ဖြစ်ပါတယ်။ ဒါက self-esteem နိမ့်ကျခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ သင့်မှာ ယုံကြည်မှု မရှိဘူး၊ ဆွဲဆောင်မှုမရှိဘူးလို့ ခံစားရရင် သင့်လက်တွဲဖော်က သင့်ကိုတကယ်ချစ်ပြီး တန်ဖိုးထားတယ်ဆိုတာကို ယုံဖို့ ခက်နိုင်ပါတယ်။ Relationship တစ်ခုမှာ သဝန်တိုမှုက အချစ်ရေးနဲ့ပတ်သတ်ပြီး လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။
သဝန်တိုမှုမှာ သင်ရယ်၊ သင့်လက်တွဲဖော်နဲ့ တတိယလူ ပါတီသုံးခုလိုအပ်ပါတယ်။ သင့်လက်တွဲဖော်က အခြားသူတစ်ယောက်ယောက်အတွက် သင့်အား ထားခဲ့တော့မှာကို စိုးရိမ်တဲ့အခါ ပေါ်ပေါက်ပါတယ်။ အတိုချုပ်ပြောရရင် သင့်မှာရှိနှင့်ပြီးသား အရာတစ်ခုကို ဆုံးရှုံးမှာကြောက်ပြီး သဝန်တိုတာ ဖြစ်ပါတယ်။
သဝန်တိုမှုနဲ့ မနာလိုမှု စတဲ့စိတ်ခံစားချက်တွေကို ကျော်လွှားဖို့ အထောက်အကူပြုလမ်းညွှန်
သင့်လက်တွဲဖော်ကို မနာလိုဖြစ်တာ (သို့) သဝန်တိုတာ ခံစားရစေတဲ့ အဖြစ်အပျက်တစ်ခုမှာ အမြဲရှိနေခဲ့ရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မကောင်းတဲ့ စိတ်ခံစားမှုကို ဖျက်ဆီးပစ်ဖို့ ပထမခြေလှမ်းက ခံစားချက်အတိအကျကို သတိပြုမိဖို့ ဖြစ်ပါတယ်။ ဒီစိတ်ခံစားမှုတွေကို ကျော်လွှားဖို့ အစွမ်းထက်သော နည်းလမ်းတစ်ချို့ရှိပါတယ်။
၁။ Self-Awareness က အဓိကသော့ချက်ဖြစ်ပါတယ်
ကိုယ့်ကိုယ်ကို သိရှိခြင်းက သင်ဘယ်သူဖြစ်သင့်တယ်/ဘယ်သူမဖြစ်သင့်ဘူး ဆိုတာမဟုတ်ဘဲ သင်ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း မိမိကိုယ်ကို လက်ခံခြင်းနှင့် စောင့်ကြည့်ခြင်း လိုအပ်ပါတယ်။
၂။ နှိုင်းယှဉ်တာကို ရပ်တန့်ပါ
ကိုယ်အောင်မြင်ခဲ့တဲ့အရာ၊ ပိုင်ဆိုင်ခဲ့တဲ့အရာမဟုတ်ဘဲ ကိုယ်ဘယ်သူ ဘယ်ဝါဖြစ်တယ် ဆိုတာကို ကိုယ်ကိုယ်တိုင် တန်ဖိုးထားဖို့ သင်ယူပါ။ အောင်မြင်မှုနှင့် ပျော်ရွှင်မှုက အရမ်းကို ပါစင်နယ်ဆန်ပါတယ်။ ပျော်ရွှင်မှုရဲ့ သော့ချက်က သင့်ကိုယ်ပိုင် သတ်မှတ်ချက်တွေပေါ်မှာ အောင်မြင်မှုကို အဆုံးအဖြတ်ပေးပါတယ်။
၃။ မနာလိုမှုကို လှုံ့ဆော်အားပေးမှုအဖြစ်သို့ ပြောင်းပါ
တခြားသူတွေကို လှုံ့ဆော်မှုအတွက် ရှာဖွေတာက မဆိုးပါဘူး။ ပြဿနာက သူတို့လိုဖြစ်ဖို့ အရမ်းကြိုးစားလွန်းနေတာကြောင့်ဖြစ်ပါတယ်။ မနာလိုတာထက် သူ့ထက်သာအောင်လုပ်ဖို့ သင်ယူရပါမယ်။ ကော်ပီထက် မူရင်းဖြစ်တာက ပိုကောင်းပါတယ်။
စိတ်ခံစားမှုများစွာလိုပဲ မနာလိုမှုနဲ့ သဝန်တိုမှုက ဆရာကောင်းတွေ ဖြစ်နိုင်ပါတယ်။ သူတို့က universal ခံစားချက်တွေဖြစ်ပြီး ကျွန်မတို့အားလုံးဟာ တစ်ချိန်ချိန်မှာ ခံစားရနိုင်ပါတယ်။ ဒီလိုခံစားရတာက အဆင်ပြေပါတယ်။ ဒီခံစားမှုကို ကျော်ဖြတ်နိုင်ဖို့သာ လိုပါလိမ့်မယ်။
Lifestyle_Myanmar
LM_Nandar
Source-stylecraze
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။