
ကိုယ်ပိုင် Style နဲ့ ဖက်ရှင်ကိုအထူးဂရုစိုက်တတ်တဲ့ Fashion Junkie လေးတွေအတွက် ဖိနပ်ကလည်း မရှိမဖြစ် Fashion Pieces ထဲမှာပါပါတယ်။ မိမိဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ လိုက်ဖက်တဲ့ ဖိနပ်ကို ရွေးချယ်စီးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ မဟုတ်ရင် အပေါ်က Outfit တွေဘယ်လောက်မိုက်မိုက် ဖိနပ်က ဂွမ်းနေရင် ဖက်ရှင်ကလည်း ဘယ်လိုမှ အဆင်ပြေတော့မှာ မဟုတ်ဘူးနော်။ ဖိနပ်တွေကို ဝယ်ယူတဲ့အခါမှာလည်း Trendy ဖြစ်တဲ့ ကာလာတွေ၊ ဒီဇိုင်းတွေကိုဝယ်တာထက် ကိုယ့်အတွက် Timeless ဖြစ်သလို အချိန်တိုင်း အထာကျနေစေမယ့် ဖိနပ်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
ကာလာဆိုရင်လည်း Flexible ဖြစ်တဲ့ Neutral ကာလာ၊ Basic ကာလာတွေကို ပိုဦးစားပေးသင့်တယ်နော်။ အဲ့လို Basic ကာလာတွေက အပေါ်ကနေ ဘယ်လို Style နဲ့ တွဲဝတ်ဝတ် သိပ်ခေါင်းစားစရာမလိုဘူး။ မိန်းကလေးတိုင်းရဲ့ Closet မှာရှိထားသင့်တဲ့ ဖိနပ်တွေက ဘယ်လိုဖိနပ်တွေဖြစ်မလဲ ကြည့်လိုက်နော်။
Pumps
မှာဆိုမိန်းကလေးတိုင်းအတွက် Little Black Dress (LBT) လိုအပ်သလို၊ ဖိနပ်မှာဆိုရင်လည်း ဒေါက်မြင့် Pumps တွေက မရှိမဖြစ် Shoes တစ်မျိုးပါ။ ထသွားထလာကနေ ပွဲနေပွဲထိုင်အထိ ကြိုက်သလို ဝတ်ဆင်နိုင်သလို စီးလိုက်တိုင်းကြွရွပြီး Smart ကျနေစေမှာပါ။ Pumps Heels တွေကို ဝယ်မယ်ဆိုရင်တော့ Black ၊White နဲ့ Nude ကာလာတွေကို အသားပေးရွေးသင့်ပါတယ်။
Sneakers
Casual ပဲစီးမလား။ Streetstyle ပုံစံစီးချင်လား။ High Fashion တွေအထိသွားချင်လား။ Sneaker နဲ့ဆိုအားလုံးဖြစ်စေရမယ်။ အဖြူရောင် Sneaker လေးတွေကလည်း မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ဖိနပ်အမျိုးအစားထဲကတစ်ခုပါ။ တကယ်လို့ Sporty ဆန်ဆန်၊ Streetstyle ဆန်ဆန် ပုံစံမျိုးတွေအဝတ်များတယ်ဆိုရင်တော့ Sole ထူထူနဲ့ Chunky Sneaker တွေကိုစီးလို့ရပါတယ်။
Combat Boots
အထာကျတဲ့ မိန်းကလေးတိုင်းမှာ Dr.Martens လို Black Combat Boots ကတော့ ရှိကိုရှိပါတယ်။ Combat Boots တွေကို Edgy ဆန်တဲ့ Outfit တွေနဲ့လည်း ဂေါ်လို့ရသလို မိန်းကလေးဆန်တဲ့ Floral Dress လေးတွေနဲ့ဆိုရင်လည်း လိုက်ဖက်နေပြန်ပါတယ်။ အကယ်၍ Combat Boots တွေကလေးပြီး အရမ်းယောင်္ကျားဆန်တယ်လို့ထင်ရင် ဒေါက်ပါတဲ့ Chalsea Boots တွေနဲ့လည်း တွဲစီးကြည့်လို့ရပါတယ်။
Flat Sandals
ပေါ့ပေါ့ပါးပါးကမ်းခြေသွားတဲ့အခါဖြစ်ဖြစ်၊ အရမ်းကြီး စတိုင်မထုတ်ချင်တဲ့နေတွေမှာဖြစ်ဖြစ် Flat Sandals လေးတွေကိုစီးလို့ရပါတယ်။ အရမ်းလည်း သက်တောင့်သက်သာရှိပြီး စီးရတဲ့သူကိုလည်း Fashion လည်းကျ၊ ပေါ့ပါးသွက်လက်မှုကိုပေးပါတယ်။
Ballerina Flats
မိန်းကလေးဆန်ဆန် ချစ်စရာကောင်းသူတိုင်းအတွက် Ballerina Flats လေးတွေက မရှိမဖြစ်အဖော်မွန်ပါ။ ပါးပါးလေးတွေဆိုပေမယ့် သင့်ရဲ့ Outfit တိုင်းကို Feminine ဖြစ်တဲ့ Sophisticated Look ကိုပေးနိုင်ပါတယ်။
Ballerina တွေကို Casual Style အနေနဲ့စီးကြတာများပေမယ့် Office Wear တွေနဲ့တွဲဖက်ကြည့်ရင်လည်း အဆင်ပြေပါတယ်။
Loafers
သင့်ရဲ့ Formal Wear၊ Office Wear တွေကို Stylish ဖြစ်သွားစေမှာကတော့ Loafers တွေပါ။ Loafer တွေကိုတော့ အထူးသဖြင့် Minimalist ဖြစ်တဲ့ အဝတ်အစားတွေနဲ့ တွဲဖက်ကြသလို၊ ပုံမှန် ထသွားလာသွားလည်း ကောက်စီးလိုက်လို့အဆင်ပြေတဲ့ ဖိနပ်ပါ။ Loafers တွေကို အများသောအားဖြင့် Leather နဲ့ Velvet Material နဲ့ပြုလုပ်ထားပြီး လူငယ်ဆန်တဲ့ Embroidered ဒီဇိုင်းလေးတွေနဲ့လည်း ရှိပါတယ်။
Wedge Heels
Dress တိုင်းနဲ့လိုက်ဖက်ပြီး မိန်းကလေးများအသည်းစွဲဖြစ်တဲ့ Platform Heels ကလည်း Essential Shoes စာရင်းထဲမှာပါတယ်နော်။ Platform Heels တွေက အရမ်းမြင့်တဲ့ဖိနပ်တွေသိပ်မစီးတဲ့၊ Pencil Heels တွေမကြိုက်တဲ့ မမတို့အတွက်တော့ အသင့်တော်ဆုံးပါပဲ။ ပိုထူးခြားတဲ့ Look ရရှိစေဖို့ Sock လေးတွေနဲ့ တွဲစီးရင်လည်း အထာကျပါတယ်။
Transparent Heels
အခုနောက်ပိုင်း Instagram Star တွေ၊ Models တွေအစီးများနေတဲ့ Heels လေးပါ။ Trendy ဖြစ်တဲ့ ဖိနပ်ဆိုပေမယ့် မိန်းကလေးတိုင်းမှာ တစ်ရံတော့ရှိထားသင့်ပါတယ်။ သူ့ရဲ့ Strap တွေကျအကြည်ရောင်လေးမို့ ဘယ်လို Outfit နဲ့ဝတ်ဝတ်လည်း မလိုက်ဖက်မှာ မစိုးရိမ်စရာမလိုတော့ဘူးပေါ့။
Photo credits: Pinterest