ချစ်ခွင့်ရတုန်းမှာ ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး ချစ်သင့်တဲ့ အကြောင်းရင်း (၅) ချက်
lifestylemyanmar.com
|
2020-08-25



သင့်အနေနဲ့ တစ်ယောက်ယောက်ကို စပြီး ကြိုက်မိခဲ့တုန်းက ခံစားချက်တွေကို မှတ်မိသေးလား? ပြီးတော့ သင့်ရဲ့ အစာအိမ်ထဲမှာ လိပ်ပြာတွေပျံနေသလိုမျိုး ခံစားရဖူးလား? နောက်ပြီး သူ့တို့အကြောင်းစဉ်းစားမိတိုင်း ပါးစပ်နားရွက်တက်ချိတ်အောင်အထိ ပြုံးဖူးလား? သူ့ရဲ့ စာလေးတစ်ကြောင်းကြောင့် သင့်ရဲ့ တစ်နေ့တာဟာ ပိုပြီးနေထိုင်လို့ ကောင်းခဲ့ဖူးလား? တစ်ယောက်ယောက်ကို စကြိုက်မိတဲ့အခါ ဘယ်လိုလူအတွက်မဆို အကောင်းဆုံးခံစားချက်တွေကို ခံစားရစေနိုင်တဲ့ အဆင်အပြေဆုံးအတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေဟာ သူတို့ချစ်မြတ်နိုးရသူတွေကို ဖွင့်ပြောဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။




ဒါဟာ ဘာကြောင့်လဲ? သင်ဟာ သူတို့ သင့်ကို ပြန်မကြိုက်မှာ ကြောက်တယ်၊ အကြောင်းပြချက်တစ်ချို့နဲ့ အငြင်းခံရမှာ ကြောက်တယ် ဒီလိုမှ မဟုတ်ရင်လည်း သင်ဟာ ကြောက်တာကြောင့်မို့ကို ကြောက်နေတတ်ပါတယ်။ တော်တော်ရူးကြောင်ကြောင်နိုင်တာပဲ။ သင့်အနေနဲ့ တစ်ယောက်ယောက်ကို ကြိုက်တယ်ဆိုရင် သူတို့ကြောင့်ဖြစ်တည်လာတဲ့ သင့်ရဲ့ ခံစားချက်တွေကို တကယ်ကိုပြောပြသင့်ပါတယ်။ သင့်ကို သူတို့ကြိုက်ကောင်းကြိုက်နိုင်မယ့် အခွင့်အရေးတွေအများကြီးရှိနိုင်ပါတယ်။ပေမယ့် သင်က သူတို့ကို ဘာတစ်ခုမှ မပြောဘူးဆိုရင် သူတို့သင့်အပေါ် ဘယ်လိုခံစားချက်ဆိုတာလည်း သင်ဘယ်တော့မှ သိရတော့မှာ မဟုတ်ပါဘူး။ ဒီလိုရက်စက်ပြီး ကြောက်စရာကောင်းတဲ့ သံသရာထဲလည်မနေဘဲ သင်တို့နှစ်ယောက်လုံးလွတ်မြောက်ဖို့ အလွန်ပျော်ရွှင်ဖို့ကောင်းတဲ့ ပြည့်စုံတဲ့ RS တစ်ခုကို ဖန်တီးလိုက်ပါ။ အဲ့ဒီ့လိုဘာကြောင့်လုပ်သင့်တာလဲဆိုတာ ဒီအကြောင်းရင်း (၈)ချက်က မျှဝေသွားပါလိမ့်မယ်။




၁။ ကျွန်မတို့ဟာ သူတို့ထင်ထားသလိုလူတစ်ယောက်ဖြစ်တယ်လို့ သိရဖို့ ထိုက်တန်ပါတယ်

တစ်စုံတစ်ယောက်ကြိုက်မိတာနဲ့ အဲ့ဒီ့လူအပေါ်မှာ ခံစားချက်တွေက ပြိုလဲသွားရခြင်းရဲ့ စူးရှလွန်းသော အမှန်တရားက တစ်ခါတရံမှာ သူတို့က ကျွန်မတို့ကို တူညီသောခံစားချက်တွေနဲ့ ပြန်လည်မတုန့်ပြန်တတ်ဘူးဆိုတာပါပဲ။ ပြောချင်တာက ပြန်မကြိုက်ဘူးပေါ့။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ သူတို့ ကျွန်မတို့ကို ပြန်မကြိုက်ရုံနဲ့ ကျွန်မတို့ခံစားချက်တွေကို ဖွင့်မပြောရတော့ဘူးလို့ မဆိုလိုပါဘူး။ တကယ်တော့ ကျွန်မတို့ဟာ သူတို့ဆီက အဖြေတစ်ခုခုနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ကျွန်မတို့ ရှေ့ဆက်သွားဖို့ အဖြေတစ်ခုခုဟာ လိုကိုလိုအပ်ပါတယ်။




တကယ်လို့ သူတို့က ပြန်ကြိုက်ခဲ့မယ်ဆိုရင်တော့ ဒါဟာ တကယ့်အောင်မြင်မှုကြီးပါပဲ။ မကြိုက်ခဲ့ဘူးဆိုရင်လည်း အနည်းဆုံးတော့ ကျွန်မတို့ရပ်တည်နေရတဲ့နေရာဟာ ဘယ်လိုနေရာဆိုတာမျိုး သိခွင့်ရပါလိမ့်မယ်။ ဥပမာ – တစ်ချို့ငြင်းဆိုမှုတွေက မကြိုက်ဘူးဆိုတာထက် ပိုပြီး ဘာဖြစ်နေလို့၊ ညာဖြစ်နေလို့ဆိုတဲ့ နောက်ဆက်တွဲအဖြေတွေပါလာတတ်လို့ပါ။ ကျွန်မတို့တွေ ဘယ်လောက်ပဲ နာကျင်နေပါစေ, တစ်ခြားလူတွေရဲ့ခံစားချက်တွေအကြောင်း ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားသိခွင့်ရသွားမယ်။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး ရှေ့ဆက်သွားကြမယ်လေ။

၂။ ကျွန်မတို့ရဲ့ နှလုံးသားလေးဟာ လွတ်လပ်သွားမယ်




ကျွန်မတို့ တစ်ယောက်ယောက်ကို ကြိုက်နှစ်သက်ကြောင်းပြောလိုက်တဲ့အခါ ၎င်းက သင့်မှာ ရှိကောင်းရှိနေနိုင်တဲ့ (မဖြစ်သင့်ဘူး)အယူအဆတွေအားလုံး၊ (ဖြစ်နိုင်ပါ့မလား) သံသယတွေ၊ (ငါ့ကို ပြန်ကြိုက်ပါ့မလား)မေးခွန်းတွေအားလုံးကနေ လွတ်မြောက်သွားပါလိမ့်မယ်။ တစ်ဖက်လူက ပြန်ကြိုက်လိုက်တာနဲ့ တစ်ပြိုင်နက် နေဝင်နေထွက် တစ်ဖက်လူရဲ့ စိတ်ကို ဖတ်နေရတာတွေလည်း လွတ်မြောက်သွားပါလိမ့်မယ်။

ပြန်မကြိုက်ခဲ့ဘူးဆိုရင်တောင် သင့်ကို နာကျင်ကောင်းနာကျင်စေနိုင်ပေမယ့် အတွေးလွန်နေတာတွေ၊ Hi တစ်လုံး စောင့်ဆုံး ဆုံးခဲ့ရတာတွေနှင့် နောက်ဆုံး နည်းမျိုးစုံနဲ့ သူ့ကို ဆက်သွယ်ဖို့ကြိုးစားနေတာတွေကို ရပ်တန့်နိုင်ပါတယ်။ ဒါကအဆိပ်စူးလို သင့်နှလုံးသားထဲမှာ စိုက်ဝင်နေနိုင်ပေမယ့်လည်း တဖြည်းဖြည်းနဲ့ အမှန်တရားက ဘယ်အရာဖြစ်တယ်ဆိုတာ သိလာပါလိမ့်မယ်။ တစ်ခုရှိတာက အမှန်တရားက ”ငါ့ကို ချစ်ကို ချစ်ရမယ်” လို့တော့ အတ္တမကြီးပါနဲ့။




၃။ တစ်ဖက်သတ်ကိုယ့်ကိုယ်ကိုယ်ကြိုးချည်ထားမိတော့မှာ မဟုတ်ပါဘူး

သင်ဟာ အလျင်အမြန်တွယ်ကပ်တတ်သူတစ်ဦးဖြစ်တယ်ဆိုရင် ဖွင့်ပြောတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်။ ဖွင့်ပြောပြီးတဲ့အခါ ဒီလူအပေါ်မှာ စစ်မှန်တဲ့ခံစားချက်တွေကို ဟုတ်မဟုတ်ခွဲခြားသိနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ သေချာလာတဲ့အခါ နှစ်ယောက်သား အနာဂတ်ကို စိတ်ကူးယဉ်လို့ ရပါတယ်။ ပြန်မကြိုက်ရင်လည်း တစ်ယောက်ယောက်ဆီမှာ ကြိုးချည်ခံထားရတာထက် အမှန်တရားကို သိထားပြီး နောက်ဆုတ်လိုက်တာ ပိုကောင်းပါတယ်။ (နာကျင်တယ်ဆိုရင်တောင်မှပေါ့)။

ကျွန်မတို့တွေဟာ တွယ်ကပ်မိလာလေလေ၊ အဆုံးသတ်မှာ ပိုနာကျင်ရလေလေဖြစ်လာပါလိမ့်မယ်။ ပြီးတော့ သင်ဟာ ဒီလူနဲ့ ဘယ်လိုအနာဂတ်မှ မရှိဘူးဆိုတာ စောစောနားလည်သဘောပေါက်သွားတဲ့အခါ အချိန်တွေအကြာကြီး ချည်နှောင်ခံရတော့မှာ မဟုတ်ပါဘူး။




၄။ ဘဝဟာ တကယ်တိုတောင်းလွန်းပါတယ်

ကျွန်မတို့အနေနဲ့ ခံစားချက်တွေကို သိုလှောင်ထားဖို့ ဘဝဟာ တကယ်တိုလွန်းပါတယ်။ ဘယ်သူကမှ မနက်ဖြန်ဆုပ်ကိုင်မထားနိုင်ပါဘူး။ အဲ့ဒီလိုပဲ အနာဂတ်မှာလည်း ဘာတွေကြိုရေးထားမလဲမသိနိုင်သလို ဒီလူကို နောက်တစ်ကြိမ်ပြန်တွေ့ရမလဲ မသိနိုင်ပါဘူး။ သင့်ရဲ့ နှလုံးသားလေးကို သန့်စင်ဖို့ နှင့် သင့်ရဲ့ဘဝကို ဒီ့ထက်ပိုကောင်းတဲ့ ရှင်သန်မှုတွေကို ခံစားနိုင်ဖို့ ဖွင့်ပြောပါ။ နောင်တတွေနဲ့ တစ်ပွေ့တပိုက်မကျန်ရစ်နေစေဖို့ ဖွင့်ပြောပါ။ ဘာလို့လဲဆိုရင် သင့်ဘဝမှာ ဖုံးကွယ်ထားတာ ဘာတစ်ခုမှမရှိတော့တာကြောင့် ဘယ်လောက်ကျေနပ်ဖို့ကောင်းလိုက်သလဲ?




၅။ သင့်ရဲ့ သတ္တိကို ပြသရာလည်း ရောက်ပါတယ်

လူတွေဟာ သူတို့ရဲ့ ခံစားချက်တွေအကြောင်း ပြောကြတဲ့အခါ သတ္တိတွေအများအပြား အားနဲ့ အင်နဲ့ ထုတ်ယူကြရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်လူရဲ့ တုန့်ပြန်လာမယ့် အဖြေကို မသိနိုင်တာကြောင့်ပါ။ အထူးသဖြင့် ချစ်ခြင်းမေတ္တာဟာ တစ်ခါတလေမှာ အရမ်းထိရှလွယ်တဲ့ အရာတစ်ခုအဖြစ် ရောက်လာတတ်ပါတယ်။ သင့်ရဲ့ ခံစားချက်အမှန်ကို ဝန်ခံခြင်းဟာ တစ်ဖက်က ဘယ်လိုအဖြေမျိုးပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိတာကြောင့်ဖြစ်ပါတယ်။ ၎င်းက သင်ဟာလူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ရင့်ကျက်ပြီး သန်မာနေခြင်းကိုလည်း ပြသနေတာဖြစ်ပါတယ်။

Lifestyle_Myanmar
Nyein_Thu


Ref-themindjournal


#အမှန်တရား
#အဖြေ
#နှလုံးသား
#သတ္တိ
#အနာဂတ်

Some text some message..