ကိုယ်က မိန်းကလေးပီသတယ်ဆိုတာ သက်သေပြနေတဲ့အချက်များ
lifestylemyanmar.com
|
2020-09-02



ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေသည့်တိုင် တကယ်တမ်းလက်တွေ့မှာရော မိန်းကလေးတစ်ယောက် ပီသရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ဖူးကြလား။ အဝတ်အစားတွေ၊ ကိုယ့်ရဲ့ အသုံးအဆောင်တွေ၊ နေထိုင်ပြောဆိုပုံတွေကရော မိန်းကလေးဆန်ရဲ့လား။ ကိုယ်က မိန်းကလေးဆန်၊ မဆန်ဆိုတာကို အခုဖော်ပြပေးမယ့် အချက်လေးတွေနဲ့ စစ်ဆေးကြည့်လိုက်ရအောင်။



၁။ ပန်းရောင်ကို သိပ်ချစ်မြတ်နိုးတယ်။
ဒါဆို သေချာပါပြီ။ ကိုယ်က မိန်းကလေးပီသတဲ့ မိန်းကလေးဖြစ်ပါပြီ။ ပန်းရောင်ဆိုတာက မိန်းကလေးတွေရဲ့ သင်္ကေတအရောင်လို့တောင်ဆိုနိုင်ပြီး ငယ်ငယ်တည်းက ပန်းရောင်ဘာဘီအရုပ်၊ ပန်းရောင်ဂါဝန်ဝတ်လာရင်း အခုထိလည်း ပန်းရောင်မှ ပန်းရောင်ဖြစ်နေသေးတယ်ဆိုရင်တော့ ကိုယ်က အခုချိန်အထိ ပက်ပက်စက်စက် မိန်းကလေးပီသနေပါသေးတယ်။



၂။ Pinterest ကို စွဲစွဲမြဲမြဲ အသုံးပြုတယ်။
ကိုယ်က Pinterest ကို နေ့စဉ် နာရီပေါင်းများစွာ အသုံးပြုပြီး အချိန်ဖြုန်းနေမယ်။ ကိုယ့်ရဲ့အနာဂတ်နဲ့ပတ်သက်တာတွေကို ရှာဖွေနေမယ်။ ဘယ်ဆီရောက်နေမှန်းမသိတဲ့ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ဘယ်လိုမျိုးမင်္ဂလာဆောင်ရမလဲဆိုတာကို စိတ်ကူးယဉ်နေတယ်ဆိုရင်တော့ ကိုယ်က မိန်းကလေးပီသပါသေးတယ်။ နောက်ပြီး Pinterest မှာ လက်မှုပညာရပ်လေးတွေလည်းရှိပြီး အဲ့ဒါတွေကနေတစ်ဆင့် ကိုယ့်ရဲ့ မိန်းကလေးပီသတဲ့ အနုပညာဗီဇတွေကိုလည်း ပုံဖော်နိုင်ပါသေးတယ်။



၃။ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေအတွက် စိတ်အားထက်သန်နေမယ်။
ကိုယ့်အိတ်ထဲမှာ ပိုက်ဆံကတော်တော်နည်းနေသည့်တိုင် ကိုယ်က အကောင်းစားတံဆိပ်တွေချည်း ရောင်းတဲ့ မိတ်ကပ်ကောင်တာထဲ ဝင်သွားပြီး မိတ်ကပ်တွေကို စမ်းသပ်မယ်၊ ပြီးရင် နှုတ်ခမ်းနီတွေကိုလည်း အရောင်တစ်မျိုးပြီးတစ်မျိုး လက်ပေါ်မှာ စမ်းသပ်ရင်းနဲ့ ဆိုင်ထဲက ပြန်ထွက်လာချိန်မှာ ကိုယ့်အပေါ် မိတ်ကပ်ရောင်စုံ၊ နှုတ်ခမ်းနီရောင်စုံရှိနေတယ်ဆိုရင်တော့ မိန်းကလေးပီသတဲ့ မိန်းကလေးဖြစ်နိုင်ပါသေးတယ်။



၄။ အဆင်သင့်ဖြစ်နေမယ်။
ဘယ်အချိန် ဘယ်နေရာကို ရောက်ရမယ်ဆိုတာနဲ့ ချိန်သားကိုက် ကွက်တိရောက်နေရင်တော့ ကိုယ်က မိန်းကလေးဆန်တယ်ပြောရပါမယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ပဲဖြစ်ဖြစ်၊ အလုပ်သွားဖို့၊ ရည်းစားနဲ့ ချိန်းတွေ့ဖို့ပဲဖြစ်ဖြစ် ကိုယ်က အမြဲတမ်း ထိပ်ဆုံးက အဆင်သင့်ဖြစ်နေရင်တော့ မိန်းကလေးပီသတဲ့ မိန်းကလေးဖြစ်နေဆဲပါ။



၅။ အွန်လိုင်းရှော့ပင်က ပစ္စည်းတွေကို ရင်ခုန်နေဦးမယ်။
အွန်လိုင်းရှော့ပင်က မှာလိုက်တဲ့ ပိုက်ဆံအိတ်တွေ၊ ဂါဝန်တွေကို ရင်ခုန်နေတုန်းဆိုရင်တော့ မိန်းကလေးစစ်စစ်ပါပဲ။ အဲ့ဒါတွေက ကိုယ့်အတွက် ပျော်ရွှင်မှုအစစ်အမှန်ဖြစ်နေတုန်းဆိုရင် ကိုယ့်ကိုယ်ကိုယ် စိတ်ပူစရာမလိုဘဲ ဘီဒိုထဲမှာ ဝတ်စရာတစ်ပုံကြီးရှိနေသည့်တိုင် ပိုလှတဲ့စကတ်လေးတွေကို အွန်လိုင်းမှာ ရှာနေတုန်းဆိုရင်လည်း မိန်းကလေးပီသတယ်လို့ ဆိုနိုင်ပါတယ်။



၆။ မိန်းကလေးသူငယ်ချင်းတွေကို ခင်တွယ်နေဦးမယ်။
ကိုယ်သိပ်ချစ်ရတဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ အမြဲတမ်း သွားအတူ၊ စားအတူ၊ လာအတူဖြစ်နေဦးမယ်၊ ကိုယ်ကြိုက်ရတဲ့ ကိုရီးယားမင်းသားအကြောင်းတွေ၊ ကြိတ် Crush ရတဲ့ ကောင်လေးအကြောင်းတွေကို ညဘက်ဆို မက်ဆင်ဂျာကနေ တွတ်ထိုးနေတုန်းဆိုရင် ကိုယ်ကမိန်းကလေးပီသတဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။



၇။ စတစ်ကာတွေက အသက်ဖြစ်နေဦးမယ်။
ကိုယ်သဘောကျရတဲ့ လက်ပ်တော့၊ ကား၊ ရေဘူး၊ ကီးချိန်းတွေအပေါ်မှာ ကိုယ်နှစ်သက်တဲ့ စတစ်ကာလေးတွေနဲ့ အလှဆင်ထားတုန်းဆိုရင်တော့ ဒါက မိန်းကလေးပီသတဲ့စိတ်ဓာတ်ကို ဖော်ပြနေတာပါပဲ။ အဲ့ဒီစတစ်ကာလေးတွေမှာပါတဲ့ စကားလုံးတစ်လုံးချင်းစီတိုင်းက သူတို့အတွက် အကောင်းဆုံးအဖော်မွန်ဖြစ်ပြီး မိန်းကလေးစစ်တဲ့ လက္ခဏာတစ်ခုလို့ဆိုနိုင်ပါတယ်။
ချိမတို့ရော မိန်းကလေးပီသတဲ့ မိန်းကလေးဖြစ်ကြရဲ့လား။




#HM

#LifestyleMyanmar


#မိန်းကလေး
#စတစ်ကာ
#မိတ်ကပ်
#နှုတ်ခမ်း
#ဂါဝန်

Some text some message..