အရောင်တွေကပြောတဲ့ စိတ်နေသဘောထားများ
moda.com.mm
|
2020-09-03

လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းလည်းမတူနိုင်သလို စိတ်နေစိတ်ထား သဘောသဘာဝချင်းလည်းမတူနိုင်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ချင်းစီဟာ သူတို့ရဲ့ အတွင်းစိတ်သဘောအပေါ်မူတည်ပြီး အကြိုက်တွေကွဲပြားနိုင်တယ်ဆိုတဲ့အချက်ကိုတော့ လက်ခံရပါမယ်။ ဒီလိုပဲ အတွင်းစိတ်ရဲ့ လှုံ့ဆော်မှူအပေါ်မှာမူတည်ပြီး အရောင်တွေအပေါ်နှစ်သက်မှူတွေကလည်း ကွဲပြားသွားနိုင်တာမို့ အရောင်တွေဟာ လူတစ်ဦးစီရဲ့ အတွင်းစိတ်ကို ရာခိုင်နှုန်းတစ်ခုအထိ အတော်အသင့်ဖော်ပြနေတယ်ဆိုတဲ့အချက်ကို လက်ခံရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ လူတစ်ယောက်ဟာ ဘယ်အရောင်ကိုကြိုက်နှစ်သက်တယ်ဆိုတဲ့အပေါ်မူတည်ပြီး သူ့ရဲ့စိတ်နေသဘောထားကို အကြမ်းမျဉ်းခန့်မှန်းနိုင်တာမို့ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ရဲ့ချစ်ခင်သူ၊အသိမိတ်ဆွေတစ်ယောက်ယောက်ကရော ဘယ်လိုစိတ်သဘောမျိုးရှိတယ်ဆိုတာကို သိနိုင်ဖို့အတွက် ဘာအရောင်ကြိုက်လဲဆိုတဲ့မေးခွန်းလေးတွေကိုဖြေပြီး စိတ်နေစိတ်ထားလေးတွေကိုခန့်မှန်းကြည့်လိုက်ကြရအောင်။


အဖြူရောင်




အဖြူရောင်ဟာ သန့်ရှင်းစင်ကြယ်မှူသဘောကိုဆောင်တယ်လို့ အတော်များများကအကြမ်းမျဉ်းလက်ခံထားကြပါတယ်။ တကယ်တမ်းတော့ အဖြူရောင်နှစ်သက်သူတွေရဲ့သဘောသဘာဝကအဲဒီထက်ပိုပါတယ်။ အလုပ်တစ်ခုကို အစီအစဉ်တကျလုပ်ဆောင်တတ်ပြီး အချုပ်အနှောင်ကင်းမဲ့တဲ့ လွတ်လပ်ခြင်းကိုနှစ်သက်ပါတယ်။ ပြသနာအရပ်ရပ်ကို အလွယ်တကူကျော်ဖြတ်နိုင်တဲ့ အစွမ်းမျိုးကိုပိုင်ဆိုင်ထားသူတွေပါ။


အနက်ရောင်




လွှမ်းမိုးနိုင်စွမ်းနဲ့ ခွန်အားကြီးခြင်းရဲ့ သဘောကိုဆောင်တဲ့ ဒီအရောင်ကိုနှစ်သက်ကြတဲ့သူတွေဟာ တခါတရံမှာတော့ အနုပညာဆန်ပြီး ကိုယ်ချင်းစာစိတ်ပြည့်ဝတဲ့သူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုတော့ တစ်ခြားသူကို တော်ရုံထုတ်ဖော်မပြောတတ်ကြပါဘူး။


ခဲရောင်




အဖြူနဲ့အနက်ကို ရောစပ်လိုက်ရင်ဖြစ်ပေါ်လာမယ့်အရောင်တစ်ခုဖြစ်တဲ့ ခဲရောင်ကို နှစ်သက်ကြသူတွေဟာ အများအားဖြင့် အရမ်းကို စိတ်ထားပြည့်ဝပြီး ယုံကြည်ရတဲ့သူတွေလို့သတ်မှတ်လို့ရပါတယ်။ အတိုချုပ် ပြောရရင်တော့ ငြိမ်းချမ်းမှူကိုအထူးလိုလားတဲ့သူတွေပါ။


အနီရောင်




ဆုံးဖြတ်ချက်ပြတ်သားပြီး ကိုယ့်ကိုကိုယ်ကောင်းကောင်းထိန်းကျောင်းနိုင်စွမ်းရှိတဲ့သူတွေပါ။ အမြဲတမ်း တက်ကြွနေပြီး ဖြစ်လာသမျှပြသနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိနေတတ်တဲ့သူမျိုးတွေလို့လည်း သတ်မှတ်လို့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြုပြင်မှူနဲ့ အားကစားလေ့လာလိုက်စားရတာကို အရမ်းကိုနှစ်သက်တတ်ကြသူတွေပါ။


ခရမ်းရောင်




စိတ်ခံစားချက်နဲ့ ပတ်သက်လို့ လုံခြုံစိတ်ချမှူကိုပေးစွမ်းနိုင်တဲ့အပြင် ရှာမှရှားတဲ့ နှလုံးလှပိုင်ရှင်တွေလို့ဆိုရပါမယ်။လူသားချင်းစာနာစိတ်အပြည့်ရှိပြီး ကူညီဖို့လိုအပ်နေသူတိုင်းကို အကူအညီပေးနိုင်ဖို့ အမြဲအဆင်သင့်ဖြစ်နေတတ်တဲ့လူစားမျိုးပါ။


ပန်းရောင်




အချစ်ရဲ့သင်္ကေတလို့ဆိုရမယ့် ဒီအရောင်ကိုနှစ်သက်တဲ့သူတွေဟာ အချစ်နဲ့ပတ်သက်လို့ အရမ်းကိုခံစားချက်ပြင်းထန်သူတွေပါ။ ကိုယ့်ရဲ့လက်တွဲဖော်ဆီက ကိုယ့်ရဲ့ကောင်းခြင်းဆိုးခြင်းတွေကို လက်ခံပြီး အဆုံးအစမဲ့ချစ်ပေးနိုင်မယ့် စိတ်ကူးယဉ်ဆန်ဆန်အချစ်မျိုးကို အမြဲမျှော်လင့်နေတတ်သူမျိုးတွေပေါ့။


လိမ္မော်ရောင်




ရှားရှားပါးပါး တော်ရုံလူကြိုက်နည်းတဲ့ ဒီအရောင်ကိုနှစ်သက်ကြသူတွေကတော့ လူတွေနဲ့ရောထွေးနေထိုင်ရတာကိုသဘောကျပြီး အပေါင်းအသင်းဆန့်တဲ့ လူစားမျိုးလို့ဆိုရမှာပါ။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့ဆက်နွယ်နေသူတွေဆီက လေးစားမှူနဲ့ ယုံကြည်လက်ခံမှူတွေကို အမြဲလိုလားနေတတ်တဲ့သူမျိုးတွေပါပဲ။


အပြာရောင်




အပြာရောင်ရဲ့ပင်ကိုယ်သဘောတရားအတိုင်းပဲ အေးချမ်းမှူကိုအထူးလိုလားသူတွေဖြစ်ပြီး အမှန်တရားရဲ့ဘက်တော်သားတွေလို့လည်းဆိုနိုင်ပါတယ်။ အမြဲတမ်း တစ်ပါးသူအတွက်နဲ့ သူတို့ရဲ့ လိုအပ်ချက်တွေအတွက် စဉ်းစားပေးနေတတ်တဲ့လူစားမျိုးတွေပါ။


အစိမ်းရောင်




သဘာဝတရားရဲ့ အရောင်တစ်ခုလို့ဆိုလို့ရတဲ့ အစိမ်းရောင်ကို ချစ်မြတ်နိုးတဲ့သူတွေကတော့ ယုံကြည်စိတ်ချရသလို အရမ်းလည်းပွင့်လင်းတဲ့လူစားမျိုးတွေပါ။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာတရား ကို အသက်ထက်ပိုပြီးတန်ဖိုးထားတတ်တဲ့သူမျိုးတွေလို့ဆိုရမှာပါပဲ။


အဝါရောင်




ဗဟုသုတအသစ် ၊ပညာရပ်အသစ်တွေကို အမြဲရှာဖွေလေ့လာနေတတ်ပြီး တစ်ခြားသူတွေကို ပြန်လည်မျှဝေပေးရတာကိုနှစ်သက်တတ်တဲ့လူစားမျိုးတွေဖြစ်ပါတယ်။ အများနဲ့မတူ တမူထူးခြားစွာရပ်တည်နေရတာမျိုးကိုမှ သဘောကျတဲ့ ဉာဏ်ကြီးရှင်လေးတွေလို့လည်းဆိုရမှာပါ။


အညိုရောင်




မြေဓာတ်သဘောကိုဆောင်တဲ့ဒီအရောင်ကို နှစ်သက်တဲ့သူတွေကတော့ တစ်စုံတစ်ဦးရဲ့ မိတ်ဆွေကောင်းတစ်ယောက်အဖြစ် ကောင်းကောင်းရပ်တည်နိုင်တဲ့စိတ်သဘောထားပိုင်ရှင်တွေဖြစ်ပြီး ယေဘုယျအားဖြင့် တည်ငြိမ် ရိုးရှင်းတဲ့ဘဝမျိုးကိုမှ လိုလားတဲ့သူတွေလို့ဆိုနိုင်ပါတယ်။

Photo Credit To The Rightful Owners


#အရောင်
#လူစား
#စိတ်နေစိတ်ထား
#အပြာရောင်
#လက်ခံ

Some text some message..