Unilever EAC Myanmar ရဲ့ ကမ္ဘာ့နံပါတ်တစ် Roll-on အမှတ်တံဆိပ် Rexona မှ မြန်မာအမျိုးသမီးငယ်များ၊ သက်လတ်ပိုင်းအမျိုးသမီးများနှင့် အမျိုးသားငယ်များအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ Roll-on နှင့် စီရမ်အမျိုးအစား ချိုင်းနံ့ပျောက်ဆေး အမျိုးအစားသစ်ခြောက်မျိုးကို အွန်လိုင်းတိုက်ရိုက်အစီအစဉ်မှတစ်ဆင့် မိတ်ဆက်ခဲ့ပါတယ် ။ သဘာဝအတိုင်းဖြူဝင်းခြင်း၊ ပန်းရနံ့ မွှေးပျံ့လန်းဆန်းခြင်းနှင့် အနံ့ဆိုးကာကွယ်ခြင်းများကို အလေးပေးထုတ်လုပ်ထားသည့် Rexona ပစ္စည်းသစ်များသည် လှုပ်ရှားမှုတိုင်းနှင့် ချိုင်းကြားအသားအရေကို လှစ်ဟပြရာတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေရန်နှင့် ဘဝကို အဓိပ္ပာယ်ရှိစွာ နေထိုင်ဖြတ်သန်းနိုင်စေရန် ရည်ရွယ်ထားပါတယ် ။
“ချိုင်း” ဟူသည် မြန်မာအမျိုးသမီးများအဖို့ မည်သူတစ်ဦးတစ်ယောက်နှင့်မှ ပြောဆိုဆွေးနွေးလိုခြင်းမရှိသည့် ရှက်စရာခေါင်းစဉ်တစ်ခုအနေဖြင့် ကာလအတော်ကြာရှိခဲ့ပါတယ် ။ ညိုမည်း၍ အနံ့ဆိုးရှိသည့် ချိုင်းကြားအသားအရေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းစေသည့်အရာတစ်ခုအဖြစ်သာ ရှိနေပါတယ် ။ ဒါကြောင့် အမျိုးသမီးများသည် ချိုင်းကြားအသားအရေကို မပြသရဲခြင်း၊ လွတ်လပ်စွာ မလှုပ်ရှားရဲခြင်း၊ ချိုင်းကြားအသားအရေ ညိုမည်းနေသည်ဟု ၎င်းတို့ထင်မြင်သည့်ဓာတ်ပုံများကို တည်းဖြတ်ခြင်း စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ်ကန့်သတ်လိုက်ခြင်းများအား ပြုလုပ်လေ့ရှိပါတယ် ။ ဒီအရာများကို အလေးထားလျက် Rexona သည် မြန်မာအမျိုးသမီးများအား “ဆင်ဆာဖြတ်ထားခြင်းမရှိသည့် ချိုင်းကြားအသားအရေ” ကိုပေးစွမ်းနိုင်မည့် ပစ္စည်းအသစ်များအား မိတ်ဆက်လိုက်သည်။ ဘဝတွင် ပိုမိုရှင်သန်နေထိုင်ရန်၊ ပိုမိုလုပ်ဆောင်ရန်၊ တက်ကြွလှုပ်ရှားမှုအပြည့်ရှိရန်နှင့် လူအများနှင့်ပိုမိုဆက်ဆံရန် Rexona က သုံးစွဲသူများကို အားပေးသည်။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာသည့် ယနေ့ခေတ်တွင် Rexona သည် ကိုယ်လက်လှုပ်ရှားမှု၏စွမ်းအားကို အားပေးယုံကြည်သည်။ သုံးစွဲသူတစ်ဦးက Rexona ချိုင်းအနံ့အသက်ပျောက်ဆေးကို အသုံးပြုပြီး တက်ကြွယုံကြည်မှုရှိစွာ လှုပ်ရှားလိုက်သည့်အခါတိုင်း ထိုသူကဲ့သို့ အခြားသန်းပေါင်းများစွာသောသူများပါ ပိုမိုလှုပ်ရှားတက်ကြွလာစေရန် Rexona က အားပေးတိုက်တွန်းပါတယ် ။
“မြန်မာပြည်က သုံးစွဲသူတွေဟာ COVID-19 ကြောင့်အိမ်မှာနေရပြီး အပြင်ထွက်တာတွေ နည်းနိုင်သမျှ နည်းအောင်လျှော့ကြရတယ်။ လှုပ်ရှားမှုတွေ ပိုနည်းလာတယ်။ ဒီလိုအချိန်မျိုးမှာ Rexona က သူတို့ကို ကျန်းမာရေးအတွက် တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေဖို့ တိုက်တွန်းချင်ပါတယ်။ ဒါဆိုရင် သူတို့အနေနဲ့လည်း ပိုပြီး တက်တက်ကြွကြွဖြစ်လာမယ်။ စိတ်သက်တောင့်သက်သာရှိမယ်။ သူတို့ကိုယ် သူတို့ရော ဘဝအပေါ်မှာပါ အကောင်းပိုမြင်လာမယ်။ အလွယ်ကူဆုံး ကိုယ်လက်လှုပ်ရှားမှုပဲဖြစ်ပါစေ၊ လှုပ်ရှားနေရင် ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ ကျန်းမာနေစေပါတယ်။ သူတို့အနေနဲ့ အိမ်မှာ လှုပ်ရှားမှုတွေလုပ်တဲ့အခါ ချွေး၊ အစွန်းအထင်းနဲ့ ချိုင်းအနံ့ဆိုးတွေအတွက် စိုးရိမ်ဖို့မလိုဘဲ သက်သောင့်သက်သာရှိနေစေဖို့ Rexona က အသင့်ရှိပါတယ်။” ဟု Unilever EAC Myanmar ၏ မားကက်တင်းဒါရိုက်တာ Nipun Talwar ကပြောပါတယ် ။ ချိုင်းအနံ့အသက်ပျောက်ဆေးအသစ် မိတ်ဆက်ပွဲတွင် အမျိုးသမီးများအတွက် Advanced Whitening Roll-on နှင့် Advanced Whitening Deo Dry Serum၊ အမျိုးသားများအတွက် Roll-on များ ဟူသည့် အမျိုးအစားသုံးမျိုးအား ပွဲထုတ်ပြသလိုက်သည်။ Rexona Advanced Whitening Fresh Sakura Roll-on သည် မြန်မာအမျိုးသမီးငယ်များအတွက် ရည်ရွယ်ပြီး ချိုင်းကို သဘာဝအတိုင်း ဖြုဝင်းစေသော သဘာဝပါဝင်ပစ္စည်းများ နှင့် ဆာကူရာပန်းရနံ့ တို့ပါဝင်သောကြောင့် ချိုင်းကြားအသားအရေကို သဘာဝအတိုင်း ၃ဆဖြူဝင်းပြီး တစ်နေကုန်မွှေးပျံ့လန်းဆန်းနေစေသည်။ ပေါ့ပါးပြီး စေးကပ်ခြင်းမရှိသည့်အပြင် အကောင်းဆုံးရလဒ်နှင့်ခံစားမှုများပေးစွမ်းသည့် Rexona Advanced Whitening Deo Dry Serum မှာ မိမိ၏အလုပ်ရည်မှန်းချက်ပန်းတိုင်ဆီ လျှောက်လှမ်းနေသော သက်လတ်ပိုင်းအမျိုးသမီးများအတွက်ဖြစ်သည်။ Rexona Dry Serum သည် ၂ဆခြောက်သွေ့မှုမြန်ဆန်ပြီး သဘာဝအသားဖြူပစ္စည်းများ ၁၀ဆပိုမိုပါဝင်ပါသည်။ အသားအရေအတွင်းပိုင်းအထိလည်း လျင်မြန်စွာစိမ့်ဝင်ပြီး ချိုင်းကြားအသားအရေကို ဖြူဝင်းချောမွေ့စေကာ ချွေးနံ့ဆိုးများမှ ၄၈ နာရီကြာ အကာအကွယ်ပေးပါသည်။ Rexona Dry Serum ကို နှင်းဆီရနံ့နှင့် ဆာကူရာပန်းရနံ့ ဟူ၍ ရနံ့နှစ်မျိုး ထုတ်လုပ်ထားပါတယ် ။ တစ်နေ့တာလုံး လန်းဆန်းနေသည့်လှုပ်ရှားမှုကို ပေးစွမ်းသော Rexona ၏ အထင်ကရ MotionSense နည်းပညာပါဝင်သည့် Rexona Men စီးရီးအသစ်တွင် Invisible+Anti-bacterial (All-in-one)၊ Activ-White နှင့် Sport Defense ဟူသည့်ထုတ်ကုန်များပါဝင်သည်။ Rexona Men All-in-one Invisible+Anti-bacterial Roll-on သည် ချွေးနံ့ဆိုးများ ဖြစ်ပေါ်စေသည့်ဘက်တီးရီးယားပိုးများမှ ကာကွယ်ပေးသည့်အပြင် အင်္ကျီများတွင် စွန်းထင်းမှုများမဖြစ်စေရန်လည်း ကာကွယ်ပေးသည်။ Rexona Men Activ-White Roll-on သည် ချိုင်းဖြူစေနိုင်သည့် ဗီတာမင်များဖြင့်ထုတ်လုပ်ထားပြီး ချိုင်းဖြူခြင်းကို လိုအပ်နေကြသည့် အမျိုးသားများအတွက် အသင့်တော်ဆုံးဖြစ်သည်။ Rexona Men Sport Defense Roll-on သည် ချွေးနှင့် ရနံ့ဆိုးများကို အဆုံးစွန်ထိကာကွယ်ပေးနိုင်သည်။ ဤချိုင်းအနံ့အသက်ပျောက်ဆေးများသည် သုံးစွဲသူများကို ချွေးနှင့် ခန္ဓာကိုယ်အနံ့ဆိုးများမှ ၄၈ နာရီကြာ အကာအကွယ်ပေးမည်ဖြစ်ပါတယ် ။ Unilever EAC Myanmar သည် Rexona ပစ္စည်းအသစ်များကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၂)ရက် တွင် စိတ်ဝင်စားဖွယ် “Keep Moving More with Rexona Online Party” မှတစ်ဆင့် မိတ်ဆက်ကြေညာခဲ့ပါတယ် ။