ပွေ့ဖက်ခြင်းကပြောတဲ့ ဆက်ဆံရေးအမျိုးအစားများ
myanmaplatform.com
|
2020-09-10

ပွေ့ဖက်ခြင်းကို မကြိုက်တဲ့သူဆိုတာ မရှိသလောက်ရှားပါးပါတယ်။ ပွေ့ဖက်ခြင်းကို ကုထုံးအဖြစ်လည်း အသုံးပြုကြပါတယ်။ တစ်စုံတစ်ယောက်ကို ပွေ့ဖက်ခြင်းက အားပေးခြင်း၊ နှစ်သိမ့်ပေးခြင်း၊ ချစ်ခင်ခြင်း ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါသေးတယ်။ ပွေ့ဖက်ခြင်းက အကျိုးများစွာရှိတာကိုပင် သိပ္ပံပညာရှင်တွေက ဝန်ခံထားပါတယ်။ ပွေ့ဖက်ခြင်းက ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။ ဒါပေမယ့် အခုလို COVID - 19 ကာလမှာတော့ မဖက်တာအကောင်းဆုံး ကာကွယ်နည်းဖြစ်ပါတယ်။




၁။ ကိုယ့်ကိုယ်ကို ဖက်ကြည့်ပါ။

ပွေ့ဖက်ခြင်းက ခန္ဓာကိုယ်အပေါ်ကို အကျိုးသက်ရောက်မှုအမှန်တကယ်ဖြစ်စေနိုင်ငပါတယ်။ တစ်စုံတစ်ုယောက်မရှိလျှင် ကိုယ်ကိုယ်တိုင်ပွေ့ဖက်ကြည့်ပါ။ ဒါဆိုရင် ဘယ်လိုအကျိုးရှိလာမယ်လို့ ထင်လဲ။ တကယ်လဲ အကျိုးသက်ရောက်မှုရှိပါတယ်။ ကိုယ့်ကိုယ်ကိုပွေ့ဖက်ခြင်းက စိတ်အေးအေးထားနိုင်တဲ့အပြင် ကိုယ့်ကိုယ်ကို နှစ်သိမ့်၏တာမျိုးလဲ ဖြစ်စေပါတယ်။ တကယ်လို့သာ ကိုယ်ချစ်တဲ့သူတွေက ဒီလိုပွေ့ဖက်ပေးမယ်ဆိုရင် ဘယ်လိုခံစားရနိုင်မလဲဆိုတာ သဘောပေါက်စေနိုင်ပါတယ်။




၂။ အရပ်မညီတဲ့ အမြင့်ပွေ့ဖက်ခြင်း

ဒီလိုပွေ့ဖက်ခြင်းက ချစ်သူစုံတွဲတွေမှာလည်း ရှိသလို ခင်မင်ရင်းနှီးတဲ့ စုံတွဲတွေမှာလည်း အများဆုံးတွေ့ရတတ်ပါတယ်။ အရပ်မြင့်တဲ့ ချစ်သူကြောင့် ရင်ခွင်ထဲတိုးဝင်လိုက်ပြီး နွေးထွေးမှုကို ရရှိစေနိုင်ပါတယ်။ ချစ်သူရဲ့ နွေးထွေးတဲ့ မေတ္တာကို ရရှိတဲ့ ပွေ့ဖက်ခြင်းဖြစ်ပါတယ်။




၃။ နောက်ဖက်မှ သိုင်းဖက်ခြင်း

ပြောင်းပြန်ပွေ့ဖက်ခြင်း(သို့) နောက်ဖက်မှ သိုင်းဖက်ခြင်းလို့ ဆိုလိုပါတယ်။ ဒီလိုပွေ့ဖက်ခံရတဲ့သူတွေက ချစ်သူရဲ့ နက်ရှိုင်းတဲ့ပွေ့ဖက်ခြင်းကို ခံစားရစေနိုင်ပါတယ်။ သူတို့က မျက်နှာချင်းဆိုင်စကားပြောတာမဟုတ်ပေမယ့်ချစ်သူရဲ့ မြတ်နိုးမှုနဲ့ ခြွင်းချက်မရှိ ဂရုစိုက် ကာကွယ်စောင့်ရှောက်ပေးခြင်းလို့ ဆိုလိုပါတယ်။




၄။ တစ်ယောက်နဲ့ တစ်ယောက် တင်းကျပ်စွာဖက်ခြင်း

တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ခြင်းက နှစ်သိမ့်ပေးတာအပြင် ကြာရှည်စွာပွေ့ဖက်ခြင်းဖြစ်ပါတယ်။ တစ်ယောက်ရင်ခွင်မှာ တစ်ယောက် မှီထားခြင်းက တစ်ယောက်ကို တစ်ယောက် မှီခိုအားထားနေရခြင်းဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ခြင်း၊ ကူညီပံ့ပိုးနေခြင်းကို ဆိုလိုပါတယ်။




၅။ တိုးဝှေ့ပွေ့ဖက်ခြင်း

တိုးဝှေ့ပွေ့ဖက်ခြင်းက ချစ်စရာပွေ့ဖက်ခြင်းတစ်မျိုးဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်မြတ်နိုးကြတာလို့ ဆိုလိုပါတယ်။ နာရီပေါင်းများစွာ ပွေ့ဖက်ထားတတ်ကြသလို ဒီလိုတိုးဝှေ့ပွေ့ဖက်ပြီးတော့လည်း အိပ်စက်တတ်ကြပါတယ်။ ဒါက သာယာစေနိုင်တဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးပြီး နူးညံ့ပျော့ပျောင်းစေပါတယ်။ ဒါအပြင် သက်တောင့်သက်သာလဲဖြစ်စေပါတယ်။


#ချစ်သူ
#ရင်ခွင်
#အကျိုး
#စုံတွဲ
#အရပ်

Some text some message..