ကျေးဇူးကြွေးဆိုတာ မလိုအပ်ပဲ မယူသင့်ဘူးဆိုတာကို ဖော်ပြနေတဲ့ အချက်တွေ
auntymay.com
|
2020-09-11

ကျေးဇူးဆိုတဲ့ စကားလေးက နေ့စဉ်လူမှုဘဝမှာ ပေါ့ပေါ့ပါးပါး ပြောနေတတ်ကြတဲ့ စကားလုံးလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျေးဇူးကြွေးဆိုတာကတော့ လူတွေအတွက် တကယ့်ကို လေးလံလွန်းတဲ့ အရာဆိုတာကိုတော့ သတိထားမိချင်မှ ထားမိမှာပါ။ ဒီအချက်တွေကြောင့် ကျေးဇူးကြွေးဆိုတာကို လွယ်လွယ်မယူသင့်ဘူးဆိုတာကို ဖော်ပြနေပါတယ်နော်။

ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်

shutterstock/Viktor Gladkov

တစ်စုံတစ်ယောက်ဆီက အကူအညီရယူလိုက်တဲ့အခါ အဲဒီလူကို ကိုယ့်မှာ ပေးစရာ ကျေးဇူးကြွေး တင်သွားခဲ့ပါပြီ။ ဒီလိုအချိန်မှာ သင့်အတွက် ဒီကျေးဇူးကြွေးက ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်လာစေတာပါပဲ။ သူနဲ့ပတ်သက်ပြီး ဘာပဲလုပ်လုပ် သူက ကိုယ့်အပေါ် ကျေးဇူးကြွေးရှိနေတာပဲ ဆိုပြီး အမြဲတမ်း သတိထားနေရတာမျိုးပေါ့။ ဒါက တကယ့်ကို ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။

ချုပ်ကိုင်ခံရနိုင်တယ်

shutterstock/ Ollyy

ကျေးဇူးကြွေးရဲ့ ကြောက်စရာ ကောင်းတဲ့အချက်က အဲဒီလူက ကိုယ့်ကိုယ် ချုပ်ကိုင်လာနိုင်တာပါ။ ကိုယ့်အပေါ်မှာ သူ့ရဲ့ ကျေးဇူးကြွေးတွေ များလာလေလေ သူ ကိုယ့်ကိုယ် ထိန်းချုပ်လာနိုင်လေလေ ဆိုတာမမေ့ပါနဲ့။ ငါရဲ့ ကျေးဇူးတွေ ရှိနေတာ ဖြစ်လို့ သူငါခိုင်းသလို လုပ်ရမယ်တို့၊ ငါက ကျေးဇူးရှင်ပဲ သူငါ့ကို လွန်ဆန်ခွင့် မရှိဘူးတို့ ဖြစ်လာတတ်ပါတယ်။ ကိုယ်ကလည်း သူ့ရဲ့ ကျေးဇူးတွေကြောင့် ငြင်းဆန်ရခက်တဲ့ အခြေအနေမျိုးတွေ ရောက်လာတတ်ပြီး တဖြည်းဖြည်းနဲ့ သူချုပ်ကိုင်သလို လုပ်ပေးရတာမျိုး ဖြစ်လာတတ်ပါတယ်။

ခေါင်းငုံခံရမယ်

shutterstock/ Mark Nazh

တစ်ခါတစ်လေမှာ ကိုယ်ဘက်က မှန်နေရက်နဲ့ ပြန်တုံ့ပြန်လို့မရတဲ့ အခြေအနေတွေ ရှိလာတတ်ပါတယ် ဒါဟာ ကျေးဇူးကြွေးဆိုတဲ့ အရာတွေကြောင့်ပါ။ ကိုယ့်ကျေးဇူးရှင်ကို ကျေးမစွန့်ချင်တဲ့အခါ ကိုယ့်အတွက် အမှန်တရားတွေဆိုတာလည်း ပျောက်ဆုံးသွားတတ်ပြီး ခေါင်းငုံခံရတာတွေ များလာတတ်ပါတယ်နော်။ ဒါကြောင့် တစ်စုံတစ်ယောက်ဆီက အကူအညီကို မလိုအပ်ပဲ မယူပါနဲ့ လွယ်လွယ်ရတဲ့ အရာတိုင်းက မကောင်းသလို လောကမှာ အလကားရတာ ဘာမှမရှိပါဘူးနော်။

ဘယ်တော့မှ ဆပ်မကုန်ဘူး

shutterstock/ taramara78

တစ်ခြားအကြွေးတွေ သိန်းသောင်းချီ ယူမိရင်တောင် ဆပ်လို့ကျေနိုင်ပါတယ် ကျေးဇူးကြွေးဆိုတာကတော့ ဘယ်တော့မှ ဆပ်မကုန်တဲ့ အရာပါ။ ဘယ်လောက်ပဲ ဆပ်ဆပ် ဒီကျေးဇူးကြွေးက ဆပ်မကျေနိုင်တော့ပဲ တစ်ဘဝလုံးစာ အကြွေးဖြစ်သွားတတ်လို့ပါနော်။ ငါ့အပေါ် ကျေးဇူးရှိဖူးတယ်၊ သူဆီမှာ ငါ့ကျေးဇူးတွေ အများကြီးဆိုတဲ့ စကားလုံးတွေက သင့်နောက်ကို ထပ်ကြပ်မကွာ လိုက်နေမှာပါ။ ဒါကြောင့် မလိုအပ်ပဲ သူများဆီက ကျေးဇူးကြွေး အတင်မခံပါနဲ့။

Khin


#ကျေးဇူး
#ဝန်ထုပ်ဝန်ပိုး
#ကျေးဇူးရှင်
#အရာ
#စကားလုံး

Some text some message..