
ရာသီခွင်တစ်ခုစီတိုင်းမှာ သူတို့သိုဝှက်ထားတတ်တဲ့ relationship နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ရှိနေတတ်ပါတယ်။ ဒီအရာတွေက သူတို့ကို relationship တစ်ခုတည်ဆောက်ဖို့ကို တွန့်ဆုတ်စေတဲ့ အချက်တွေလည်း ဖြစ်နေတတ်ပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ relationship နဲ့ပတ်သက်ပြီး ဒီလိုမလုံခြုံမှုလေးတွေ ရှိနေတတ်ပါတယ်။
Aries

shutterstock/Kzenon
Aries ရာသီခွင်တွေက တစ်စုံတစ်ယောက်ကို လွယ်လွယ် မေ့ပစ်တတ်တဲ့ သူတွေမဟုတ်သလို နာကျင်မှုတွေကိုလည်း လွယ်လွယ် မေ့မပစ်တတ်ကြပါဘူး။ ဒီအချက်ကပဲ သူတို့ကို နောက်ထပ် relationship တစ်ခုအတွက် နာကျင်ခံစားရမှာကို စိုးထိတ်တဲ့ မလုံခြုံမှုကို ခံစားရနေတတ်ပါတယ်။
Taurus
Taurus တွေက relationship ဆိုတဲ့ အရာကြီးကို ကြောက်တတ်ကြတာပါ။ နောက်ဆက်တွဲ relationship ကြောင့် ကြုံတွေ့လာရမယ့် ရှုပ်ထွေးမှုတွေနဲ့ အသည်းကွဲခြင်းတွေကို စဉ်းစားမိပြီး မလုံခြုံမှုကို ခံစားရတတ်ကြတာ ဖြစ်ပါတယ်။
Gemini
Gemini ရာသီခွင်တွေက relationship တစ်ခုမှာ အနိုင်ကျင့်ခံရမှာကို စိုးရိမ်ကြသူတွေပါ။ သူတို့ရဲ့ အချစ်ကို အသုံးချပြီး အနိုင်ကျင့်မှာကို စိုးရိမ်တဲ့ ခံစားချက်က relationship တစ်ခုရဲ့ မလုံခြုံမှုကို ဖြစ်စေတာပါပဲ။
Cancer

shutterstock/ FS Stock
Cancer တွေက သူတို့ရွေးချယ်လိုက်တဲ့သူဟာ သူတို့အပေါ် မကောင်းမှာ၊ အလုံးစုံ ပျော်ရွှင်မှု မပေးနိုင်မှာကို စိုးရိမ်တဲ့အတွက် relationship နဲ့ပတ်သက်လာရင် ဒီအရာက သူတို့အတွက် မလုံခြုံမှုကြီး ဖြစ်နေတတ်ပါတယ်။
Leo
Leo ရာသီခွင်တွေက သူတို့ချစ်သူအပေါ် သြဇာမညောင်းမှာကို စိတ်ပူတတ်ကြသူတွေပါ။ သူတို့ရဲ့ စကားတွေကို အလေးအနက်မထားတော့ဘူးဆိုရင်၊ သူတို့ကို တန်ဖိုးမထားတော့ဘူးဆိုရင်ဆိုတဲ့ မလုံခြုံမှုကို ခံစားနေရတတ်ပါတယ်။
Virgo
Virgo တွေဟာ ဉာဏ်ရည်ထက်မြက်တဲ့သူတွေပီပီ သူတို့ရွေးချယ်လိုက်တဲ့သူကိုလည်း ထက်ထက်မြက်မြက် ရှိစေချင်ကြပါတယ်။ တကယ်လို့ သူတို့ရဲ့ ချစ်သူဟာ ထင်ထားသလိုမဟုတ်ပဲ အူတူတူ အတတ ဖြစ်ပြီး ဉာဏ်ရည်မထက်မြက်ရင်ဆိုတဲ့ မလုံခြုံမှုကို ဖြစ်တတ်ပါတယ်။
Libra

shutterstock/EpicStockMedia
Libra တွေရဲ့ relationship ပြသနာကတော့ လက်ရှိတွေ့နေတဲ့သူကို ex နဲ့ ခဏခဏ နှိုင်းယှဉ်နေမိတာပါပဲ။ ခုလူက ex ထက် မသာခဲ့ရင် ဆိုတာမျိုး နှိုင်းယှဉ်တတ်မှုက မလုံခြုံမှုကို ခံစားရစေတာပါပဲ။
Scorpio
Scorpio တွေကတော့ အချစ်ရေးမှာ သူတို့ရွေးချယ်လိုက်တဲ့သူဟာ သူတို့အပေါ် မကောင်းမှာကို စိတ်ပူတတ်ကြသူတွေပါ။ ဒီအခြေအနေကပဲ သူတို့ရဲ့ relationship ကို မလုံခြုံမှုကို ဖြစ်စေတတ်ပါတယ်။
Sagittarius
Sagittarius ရာသီခွင်တွေရဲ့ relationship ပြသနာက သူတို့ချစ်သူအပေါ် အလုံးစုံ မယုံကြည်နိုင်တာပါပဲ။ ဒီအချက်က သူတို့ကို စိုးရိမ်သောက ရောက်စေပြီး မလုံခြုံမှုကို ခံစားရစေပါတယ်။
Capricorn

shutterstock/ adriaticfoto
Capricorn တွေက နီးစပ်ပြီး သံယောဇာဉ်တွေ ပိုသွားမှာကို စိတ်ပူတတ်ကြတာပါ။ မချစ်သင့်တဲ့ သူကို ချစ်မိသွားတဲ့အခါ ဖြတ်ရခက်မယ့်အနေအထားတွေ၊ နာကျင်စရာတွေအတွက် စိုးရိမ်တတ်ကြတာမို့ မလုံခြုံခြင်းကို ခံစားရပါတယ်။
Aquarius
Aquarius တွေက တစ်စုံတစ်ယောက်ကို ချစ်ဖို့ အရမ်းကို လေ့လာလွန်းတတ်ကြပါတယ်။ သူ့ရဲ့ အပြုအမူ၊ အကျင့်စရိုက်ကနေ သေးသေးလေးတွေထိ လေးလာလွန်းတဲ့အခါ သံသယတွေများပြီး relationship အတွက် မလုံခြုံမှုကို ဖြစ်ပေါ်လာစေပါတယ်။
Pisces
Pisces တွေကတော့ ချစ်ရသူနဲ့ ဝေးကွာရမှာကို စိတ်ပူတတ်ကြပါတယ်။ လူချင်းပဲ ဖြစ်ဖြစ်၊ စိတ်ချင်းပဲ ဖြစ်ဖြစ် ဝေးရမှာကို စိုးတဲ့စိတ်ကပဲ relationship တစ်ခုရဲ့ မလုံခြုံခြင်းကို ခံစားရစေတာ ဖြစ်ပါတယ်။
Khin