
ပုံမှန်ဘဝအခြေအနေကို အားမရလို့ပဲဖြစ်ဖြစ် ဒီထက်ပိုကောင်းတဲ့အနေအထားတစ်ခုကို အလွယ်တကူရယူလိုလို့ပဲဖြစ်ဖြစ် လူငယ်မိန်းကလေးတချို့ ရွေးချယ်တတ်တဲ့ လမ်းတစ်ခုကတော့ Sugar Daddy ထားခြင်းပါပဲ။ မကောင်းဘူးလို့မဆိုသာပေမယ့် ကောင်းတဲ့အရာတစ်ခုလည်းမဟုတ်ပြန်ပါဘူး။ တချို့က ငွေကြေးအခက်အခဲကြောင့် ၊တချို့ကလည်း ကိုယ့်ဘဝကိုပိုပြီးမြှင့်တင်ပေးနိုင်မယ့်သူမျိုးကိုရှာချင်တာကြောင့် ၊ တချို့ကလည်း အများကြီးမကြိုးစားပဲ အလွယ်လမ်းကိုလိုက်ချင်တာကြောင့် ဒီလိုအချက်တွေကပဲ Sugar Daddy ထားဖို့ အမျိုးမျိုး အကြောင်းဖန်လာကြပါတယ်။ အဲဒီလို လမ်းကိုမှရွေးချယ်ချင်ကြတဲ့ အမျိုးသမီးငယ်လေးတွေအနေနဲ့ ကိုယ့်ထက် သက်ကြီးဝါကြီးတဲ့သူတစ်ယောက်နဲ့ Relationship တစ်ခုဖန်တီးတာဟာ ကံကောင်းတဲ့သူတစ်ယောက်အတွက် သိသိသာသာနစ်နာမှာမဟုတ်ပေမယ့် အခန့်မသင့်လို့ ကိုယ်မျှော်မှန်းထားတာနဲ့ ကွာခြားခဲ့ရင် အများကြီး နစ်နာဆုံးရှုံးနိုင်တယ်ဆိုတာသိထားဖို့လိုပါတယ်။အဘက်ဘက်က နားလည်မှူရှိပြီး Perfect ဖြစ်တဲ့ Sugar Daddy တစ်ယောက်နဲ့ ဆုံတွေ့ဖို့ဆိုတာ ကံစမ်းမဲနှိုက်ရသလိုပဲဖြစ်မှာပါ။ ဘယ်လိုဆုံးရှုံးမှုကိုပဲကြုံပါစေ ဒီလမ်းကိုမှ လိုက်ပါမယ်ဆိုတဲ့ အမျိုးသမီးငယ်တချို့ကိုပြောချင်တာကတော့ Sugar Daddy တွေဟာ အမြဲတမ်း အချိုတွေချည်းပေးနေမှာမဟုတ်ဘူးဆိုတာပါပဲ။
အပြင်ဘဝ
Sugar Daddy တွေအများစုဟာ သူတို့ရဲ့ ပုံမှန် နေ့စဉ်ဘဝပုံစံခွက်ထဲက ခွဲထွက်တဲ့ Relationship မျိုးကို လူမသိသူမသိ ဖန်တီးလိုကြတဲ့သူတွေဖြစ်ပါတယ်။ အစပိုင်းမှာတော့ နှစ်ဦးသားကြည်နူးစရာကာလလေးတွေချည်းပဲ ကြုံကောင်းကြုံနိုင်ပေမယ့် သူတို့ရဲ့ ပုံမှန်နေ့စဉ်ဘဝတစ်ခုက နှစ်ယောက်သားကြားကို အကြောင်းကြောင်းကြောင့် ပြန်လည်ရောက်ရှိလာတဲ့အခါမှာ အပျော်ကနေအပျက်တွေဖြစ်ပြီး ကံမကောင်းရင် စိတ်ညစ် ၊စိတ်ရှုပ်စရာတွေနဲ့သာ ဇာတ်လမ်းအဆုံးသတ်သွားနိုင်ပါတယ်။
ပြသနာပေါင်းစုံ
သင့်မှာ Sugar Daddyတစ်ဦးရှိတယ်ဆိုပါစို့။ သူတို့တွေဟာ သူတို့ရဲ့ Personal Life မှာ ကြုံတွေခံစားရတဲ့ ပြသနာတွေကို သင့်ရှေ့မှာ ရင်ဖွင့်ပါလိမ့်မယ်။ ဥပမာ သူ့ရဲ့အိမ်ထောင်ရေးအဆင်မပြေမှူတွေကစလို့ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ညစ်စရာတွေအဆုံးပေါ့ ။ ဒီလို အခက်အခဲတွေကို ညည်းတွားလာပြီဆိုရင် သင့်အနေနဲ့ သူ့ကို နည်းလမ်းမျိုးစုံနဲ့ ဖြေသိမ့်ပေးဖို့ ကြိုးစားရတော့မှာပါ။ ကံမကောင်းရင် သူ့ကို ဖြေသိမ့်ပေးနိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားရတာ ၊ သူကျေနပ်လောက်အောင် အကြိုက်ဆောင်နေရတာနဲ့တင် Stress ပိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ကျလာနိုင်ပါတယ်။
စိတ်ကျေနပ်မှူ
Sugar Daddy ဆိုကတည်းက ဘယ်နည်းနဲ့မှ သင့်ထက်ငယ်တဲ့သူ ၊ သင်နဲ့ရွယ်တူတစ်ယောက်ဖြစ်နိုင်မှာမဟုတ်ပါဘူး။ အနည်းဆုံးတော့ အသက် ၄၀ကျော် သက်လတ်ပိုင်းတွေပဲဖြစ်ဖို့များပါတယ်။ အဲဒီလို ၄၀ ဝန်းကျင် အရွယ်လောက်ကိုပိုင်ဆိုင်ရရင်ပဲ တော်တော်လေးကို ကံကောင်းနေပြီလို့မှတ်လိုက်ပါ။Sugar Daddy အများစုဟာ အိပ်ရာထက်ကကိစ္စတွေမှာ သင်မျှော်မှန်းထားသလို စိတ်တိုင်းကျ စွမ်းဆောင်ပေးနိုင်မယ့်သူမဖြစ်နိုင်သလို အသက်အရွယ်နဲ့ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း သင့်စိတ်တိုင်းကျမဖြစ်နိုင်ဘူးဆိုတာကို ကြိုတင်သိထားဖို့လိုပါတယ်။
အမြင်မတူ
အသက်အရွယ် ကွာခြားမှူကြောင့် မတူညီတဲ့အမြင်တွေကြားမှာ ညှိနှိုင်းရခက်တဲ့ ပြသနာမျိုးလေးတွေဖြစ်လာတတ်ပါတယ်။ မတူညီတဲ့ ကြီးပြင်းမှူ မတူညီတဲ့လူနေမှူဘဝတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်အမြင်မတူတာတွေဖြစ်နိုင်သလို သူကကိုယ့်ထက်အသက်ကြီးနေတဲ့အတွက် သူသိထားတာတွေကိုသာ အမှန်လို့ယူဆတဲ့ အခြေအနေမျိုးတွေကိုလည်း ကြိုပြီးစဉ်းစားထားရပါမယ်။ စိတ်သဘောထားပြည့်ဝပြီး အဘက်ဘက်ကပြီးပြည့်စုံတဲ့ Sugar Daddy ဆိုတာ တစ်ရာမှာ တစ်ယောက်ပါပဲ။
ကတိပျက်ခြင်း
ငွေကြေးကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိ လိုလေသေးမရှိအောင် ထားနိုင်ပေမယ့် တော်တန်ရုံ ပေးထားတဲ့ ကတိတွေပျက်နိင်တာကိုလည်း ကြိုပြီးတွေးထားဖို့လိုပါတယ်။ သင့်ကို ဘယ်ကို ခရီးလိုက်ပို့မယ် ၊ ဘယ်ကိုရှော့ပင်သွားကြမယ် စသဖြင့် ကတိတွေပေးပြီး သတိမရချင်ယောင်ဆောင်သွားတာမျိုးတွေ ၊ ကတိပျက်တာမျိုးတွေကိုလည်းအများကြီးကြုံရနိုင်ပါတယ်။ တကယ်တော့ သင်ဟာ သူ့ရဲ့ ပြင်ပဘဝတစ်ခုက Relationship တစ်ခုသာဖြစ်လို့ သူ့ရဲ့နဂို Personal Life ထက်တော့ ပိုပြီးဦးစားပေးမှာမဟုတ်ဘူးဆိုတာ သင့်အနေနဲ့ ကောင်းကောင်းနားလည်ထားရမှာပါ။
Photo Credit To The Rightful Owners