တရုတ်ရာသီခွင်ထဲက ဝက်နှစ်ဖွားလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး
lifestylemyanmar.com
|
2020-09-18


ဝက်က ရာသီခွင်ပြက္ခဒိန်ရဲ့ သီးခြားခွဲထုတ်မရသော အစိတ်အပိုင်းဖြစ်ပါတယ်။ ဝက်နှစ်က ရာသီခွင်တိရိစ္ဆာန် ၁၂ခုရဲ့နောက်ဆုံးမှာ ကျရောက်ပါတယ်။ တရုတ်ရာသီခွင်မှာ ဝက်နှစ်ဖွားတွေက ရွင်လန်းမှု ၊ တောက်ပမှုနှင့် ပူပင်ကြောင့်ကြမဲ့မှုစတဲ့ စရိုက်လက္ခဏာရှိပါတယ်။
ဝက်သင်္ကတက ဘဝကို ပျော်ရွင်မှုနှင့် ကောင်းကျိုးတွေ ယူဆောင်လာတာကြောင့် ကံဇာတာကောင်းပြီး ကောင်းကြီးမင်္ဂလာနဲ့ ပြည့်စုံပါတယ်။ ဒါ့ကြောင့် ဝက်သင်္ကေတအောက်မှာ မွေးဖွားလာသူတွေဟာ များသောအားဖြင့် ပျော်ရွှင်ပြီး ဖျက်လက်တတ်ကြွပါတယ်။

တရုတ်ရာသီခွင်ပြက္ခဒိန်ဟာ ရာသီခွင်တိရိစ္ဆာန် ၁၂ကောင်နဲ့ ကိုယ်စားပြုထားပါတယ်။ တရုတ်ယဉ်ကျေးမှုမှာ ဝက်ဟာ စည်းစိမ်ဥစ္စာနဲ့ ဆက်စပ်နေပါတယ်။ 1935, 1947, 1959, 1071, 1983, 1995, 2007, 2019 မှာ မွေးဖွားသူတွေဟာ ဘဝကို ဘယ်လိုပျော်မွေ့ရမယ်ဆိုတာသိတဲ့ ဝက်ရာသီခွင် သင်္ကတအောက်မှာ ရှိပါတယ်။

၁။ ရဲရင့်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပါတယ်

ဝက်သင်္ကတအောက်မှာ မွေးဖွားသူတွေဟာ ကိုယ်ရည်ကိုယ်သွေး ကြီးကြီးမားမားရှိပြီး ဘဝမှာ ကံကောင်းမှုနှင့် ကောင်းကျိုးကို ခံစားရပါတယ်။




၂။ သင်ဟာ အရမ်းကို ပူပင်ကြောင့်ကြမဲ့မှုပြီး ကိုယ့်ကိုယ်ကို ဘယ်လိုဆက်ဆံရမလဲဆိုတာ သိပါတယ်

သူတို့က ဘဝကို ပျော်ရွင်ကြပါတယ်။ သင်က ဝက်နှစ်ဖွားဖြစ်ရင် ဖျော်ဖြေရေးတွေကို ချစ်ပြီး ကိုယ့်ကိုယ်ကို မကြာခဏ ပြုမှုဆက်ဆံပါလိမ့်မယ်။ သင်ဟာ ရုပ်ဝါဒ အနည်းငယ်ဆန်တယ်လို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ကိုယ့်မှာရှိတဲ့ စည်းစိမ်ထက် ပိုပိုပြီးရှိလာဖို့ ကြိုးစားအလုပ်လုပ်တာကြောင့် ဖြစ်ပါတယ်။




၃။ ဘယ်အရာပဲဖြစ်ဖြစ် စိတ်အားထက်သန်ပါတယ်

သင်ဟာ အလုပ်ခွင်မှာ ပျော်နေတတ်သူပါ။ ပျင်းစရာကောင်းတဲ့ အစည်းအဝေး (သို့) အဖွဲ့လိုက်စီမံကိန်းက သင့်ကို စိတ်လှုပ်ရှားစေပြီး အသစ်လိုခံစားရစေနိုင်ပါတယ်။ သင့်စိတ်ထဲမှာရှိတာကို လွတ်လွတ်လပ်လပ်ပြောပါလိမ့်မယ်။ သင့်ထုတ်တဲ့ ပြက်လုံးတွေက အခန်းထဲမှာ ဝမ်းနည်းဆုံးအရာတွေကိုတောင် ပြုံးရယ်စေပါတယ်။

၄။ သင်ဟာ နည်းနည်းနုံပြီး စိတ်ကူးယဉ်ဝါဒီဆန်ပါတယ်

ဝက်နှစ်ဖွားတွေက အကောင်းမြင်တတ်ပြီး နူးညံ့သိမ်မွေ့တတ်ပါတယ်။ လွယ်လွယ်နဲ့ ယုံကြည်တတ်ပြီး နည်းနည်းလိမ်ရလွယ်ပါတယ်။ လိမ်လည်သူတွေနဲ့ ဒုက္ခတောထဲမှာ မကြာခဏ ပြေးနေရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ်ကို အုပ်စိုးဖို့ အရေးကြီးပါတယ်။ ကြားတဲ့ စကားလုံးတိုင်းကို မယုံပါနဲ့။




၅။ လူတွေက သင့်ကို ချက်ချင်းယုံကြည်ကြပါတယ်

သင်ကိုယ်တိုင်ကလည်း ယုံကြည်စိတ်ချလွန်းတာကြောင့် လူတွေက သင့်ကို အရမ်းယုံကြည်စိတ်ချလို့ ရပါတယ်။ သင့်ရဲ့ ပျော့ပြောင်းပြီးသည်းခံတတ်တဲ့ သဘာဝနဲ့ စိတ်လှုပ်ရှားမှု ကူးစက်မှုတွေကြောင့် လူတွေကို ပျော်ရွင်စေပါတယ်။ သူတို့က သင်ဘယ်လောက် စစ်မှန်လဲဆိုတာကို သဘောပေါက်နားလည်ကြပြီး သင့်ရဲ့အကောင်းမြင်စကားလုံးတိုင်းမမှာ သင့်အား ယုံကြည်ဖို့ လိုလားကြပါတယ်။

ရာသီခွင်တစ်ခုစီမှာ သူတို့ရဲ့ ကိုယ်စားပြုတိရိစ္ဆာန် သင်္ကတတွေအပြင် သတ္တု၊ ရေ၊ သစ်သား၊ မီး၊ မြေကြီး ဆိုတဲ့ သက်ဆိုင်ရာ element sign တွေလည်း ရှိပါတယ်။

ဒီ element တွေက ဝက်နှစ်အောက်မှာ မွေးဖွားသူတစ်ဦးချင်းစီအကြောင်းကို ပိုပြောပြပေးပြီး လူတစ်ယောက်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အသေးစိတ်ကိုလည်း ဖော်ပြပေးထားပါတယ်။
သတ္တုဝက်တွေကို ၁၉၇၁ နှင့် ၂၀၃၁ မှာ မွေးဖွားပါတယ်

ဒီဝက်တွေဟာ ပျင်းရိကြပြီး motivate မရှိကြပါဘူး။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှာ ဒုက္ခတွေ ရင်ဆိုင်ရတတ်ပါတဘ်။ ဝက်ရဲ့ သဘာဝက ငွေကြေးကံကောင်းမှုရနေစဉ်မှာ ဒီဝက်တွေကတော့ သူတို့ဘဝတစ်လျှောက်လုံး ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး သတိထားဖို့ သင်ယူရပါမယ်။ မတော်တဆတစ်ခုက သူတို့ရဲ့ ကံကောင်းခြင်းကို ပျောက်စေနိုင်ပါတယ်။



ရေဝက်တွေကို ၁၉၈၃နှင့် ၂၀၄၃ မှာ မွေးပါတယ်

အခြားလက္ခဏာတွေနဲ့ ဆန့်ကျင်စွာဘဲ ရေဝက်တွေဟာ အလေးအနက်ထားပြီး တာဝန်ယူတတ်ကြပါတယ်၊ သူတို့က သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဘယ်လိုဆက်သွယ်နိုင်မယ်ဆိုတာကို သိတာကြာေင့် အလွန်အောင်မြင်သော အိမ်ထောင်ရေးကို ရရှိပါလိမ့်မယ်၊ သူတို့ဟာ များသောအားဖြင့် သူတို့ရဲ့ ကြီးမားသော ပံ့ပိုးမှုစနစ်ကြောင့် ကံကောင်းခြင်းတွေ ရှိပါလိမ့်မယ်။ ငွေအလုံအလောက် စုမိပါလိမ့်မယ်။



သစ်သားဝက်တွေကို ၁၉၃၅ နှင့် ၁၉၉၅မှာ မွေးဖွားပါတယ်

ဒီဝက်တွေက စစ်မှန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ပိုက်ဆံမရှိရင်တောင် ဘယ်လိုပျော်ရမလဲဆိုတာ သိပါတယ်။ ဒါက မယုံနိုင်စရာခွန်အားပါ၊ သင်ကိုယ်တိုင်ကလည်း နေ့တိုင်း ဒုက္ခကင်းတယ်လို့ ခံစားရတာကြောင့် အရမ်းကို easy-going ပါ။ Wood Pig လေးတွေဟာ အချစ်ခရီးလမ်း ချောမွေ့ပါလိမ့်မယ်။



မီးဝက်တွေကို ၁၉၄၇ နှင့် ၂၀၀၇ မှာ မွေးဖွားပါတယ်

ဒီဝက်လေးတွေကတော့ အခြားသူတွေအပေါ် အရမ်းမှီခိုပါတယ်။ အကြောင်းက သူတို့ဟာ ငွေရှိတဲ့အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတာကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ teamwork (သို့) ပူးပေါင်းဆောင်ရွက်ပြီး လုပ်ရတဲ့ အလုပ်တွေကို သွားရပါက ပိုမိုခိုင်မာတဲ့ အခြေခံအုတ်မြစ်နဲ့ အလုပ်ကျင့်ဝတ်ကို တည်ဆောက်နိုင်မယ့် အလားအလာရှိပါတယ်။ သို့သော် သူတို့ဟာ အခြားလူတွေအပေါ် မှီခိုအားထားနေတာကြောင့် အချစ်ရေးနှင့် ပတ်သတ်လာရင် အရမ်းခက်ခဲတဲ့ အချစ်ရေးမျိုးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။



မြေကြီးဝက်တွေက ၁၉၅၉ နှင့် ၂၀၁၉ မှာ မွေးဖွားပါတယ်

ဒီဝက်လေးတွေက အပေါင်းအသင်းများပြီး မိတ်ဆွေအများကြီး ရပါလိမ့်မယ်။ သူတို့မှာ ကြီးမားသော အထောက်အကူပြု စနစ်ရှိသော်လည်း ဘဝနောက်ပိုင်းမှသာ အောင်မြင်မှု ရရှိပါလိမ့်မယ်။


Lifestyle_Myanmar
LM_Nandar


Source-yourtango



Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#ရာသီခွင်
#ရေဝက်
#တိရိစ္ဆာန်
#Lifestyle
#ဒုက္ခ

Some text some message..