လူအများစုက ၎င်းတို့ရဲ့ ရာသီခွင်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားလေ့ရှိကြပါတယ်။ တစ်ဆက်တည်းမှာ သင်သတိထားမိမလားမသိနိုင်ပေမယ့် လူတွေရဲ့ မွေးလတိုင်းမှာ ပန်းတစ်ပွင့်စီက ကိုယ်စားပြုကြပါတယ်။ ၎င်းပန်းတွေမှာ ထူးခြားတဲ့အဓိပ္ပာယ်တွေရှိပြီး အဲ့ဒီ့ပန်းတွေဟာ လူတွေရဲ့ ခံစားချက်တစ်ချို့ကိုလည်း ဖော်ပြနိုင်ပါတယ်။ အိုကေ ဒီအချက်ကို သင်စိတ်ဝင်စားတယ်ဆိုရင် သင်မွေးဖွားတဲ့လကို ကိုယ်စားပြုထားတဲ့ပန်းက သင့်အကြောင်းဘာတွေပြောမလဲ ဆက်ဖတ်ကြည့်ရအောင်။
၁။ January – Carnations
ဇန်နဝါရီဖွားတွေဟာ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ၊ ညှို့အားကောင်းခြင်း (သို့) ဆွဲဆောင်နိုင်ခြင်း၊ ထူးချွန်ထက်မြက်ခြင်းတို့ရဲ့ အမှတ်သင်္ကေတဖြစ်ပါတယ်။ သင်ဟာ ကျိုးကြောင်းဆင်ခြင်တတ်ပြီး လက်တွေ့ကျတဲ့ သစ္စာရှိသူတစ်ယောက်၊ ယုံကြည်စိတ်ချရသူတစ်ယောက်ဖြစ်ပါတယ်။ မိသားစုနှင့် သူငယ်ချင်းတွေကို တန်ဖိုးထားတတ်ပြီး အဲ့ဒီ့လိုတန်ဖိုးထားကြောင်းလည်း သူတို့ကို အစွမ်းကုန်ပြသဖို့ ကြိုးစားမယ့်လူမျိုးပါ။ carnations ဟာ ဇန်နဝါရီလရဲ့ ပန်းဖြစ်သလို သင်ဟာ carnations တွေကို နှစ်သက်သူတစ်ယောက်ပေါ့။
၂။ Feburary – violet
ချစ်သူများနေ့လိုမျိုး ချစ်ခြင်းမေတ္တာကို အလေးထားဦးစားပေးတဲ့နေ့တွေမှာ သစ္စာစောင့်သိမှုကို ပြဖို့ နှင်းဆီပန်းအစား violets ကို အသုံးပြုနိုင်ပါတယ်။ Violets တွေဟာ ဖေဖော်ဝါရီလရဲ့ ပန်းလည်းဖြစ်ပါတယ်။ ၎င်းက နိုးကြားခြင်းရဲ့ အဓိပ္ပာယ်ဖြစ်သလို ဖေဖော်ဝါရီလမှာ ဖွားမြင်သူဖြစ်တယ်ဆိုရင် သင့်ရဲ့ ပါတနာအတွက် ထာဝရအမြဲတမ်းရှိနေပေးမယ့်လူမျိုးပေါ့။ အချစ်စစ်ကို ယုံကြည်ပြီး ရေရှည်ဆက်ဆံရေးအတွက်လည်း အားစိုက်ထုတ်တတ်ပါတယ်။
၃။ March – Daffodils
Daffodils ဟာ နွေဦးရဲ့ ရှေ့ပြေးဖြစ်ပြီး မတ်လဖွားတွေအတွက် အကောင်းဆုံးလက်ဆောင်ဖြစ်ပါတယ်။ ၎င်းက မျှတမှုမရှိတဲ့ ချစ်ခြင်းမေတ္တာအတွက် ပြသခြင်းဖြစ်ပြီး မတ်လဖွားတွေကတော့ နက်နက်ရှိုင်းရှိုင်းတစ်ဖက်သတ်ချစ်မြတ်နိုးသူတွေဖြစ်နိုင်ပါတယ်။ သင့်ရဲ့ ချစ်ခြင်းမေတ္တာနှင့် စိတ်အားထက်သန်မှုကို ဘယ်သူကမှ ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် သင်ဟာ တက်ကြွနေတတ်သူဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို ယုံကြည်လေ့ရှိပါတယ်။
၄။ April – Daisy
Daisy လေးတွေဟာ သန့်ရှင်းစင်ကြယ်ခြင်း၊ အပြစ်ကင်းစင်ခြင်းနှင့် သစ္စာရှိသော ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတမျိုးဖြစ်ပါတယ်။ သင့်မွေးလရဲ့ ပန်းပွင့်သဘာဝနဲ့ ဆင်တူနေတာက သင့်မှာ ပျော်ရွင်ဖို့ကောင်းပြီး ကံကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးကို ရရှိထားပြီး သင့်ပတ်ဝန်းကျင်က ဘယ်လိုအရာကိုမှ မှေးမှိန်စေတာမျိုးမဖြစ်စေချင်သူပါ။ ဆိုလိုတာက သင့်ကြောင့် သင့်ပတ်ဝန်းကျင်ကို စိမ်းလန်စိုပြေပြီး ပျော်ရွှင်စေချင်တာမျိုးပေါ့။ သင့်ရဲ့ စွန့်စားခန်းတွေ၊ ရွှင်လန်းမှုနှင့် အကောင်းမြင်စိတ်က လူတွေကို ပိုပျော်စေမှာပါ။
၅။ May – Lily of the Valley
May ရဲ့ ဘေဘီလေးတွေကတော့ နှိမ့်ချသော စိတ်နေစိတ်ထား၊ ပျော်ရွှင်မှုနှင့် ချိုမြိန်လှပမှုလေးတွေရဲ့ ကိုယ်စားအဖြစ် Lily of the Valley လေးတွေရှိနေပါတယ်။ မေလဖွားလေးတွေဟာ သူတို့ရဲ့ ကြင်နာယုယမှုတွေနဲ့အတူ ချိုမြိန်သော ကိုယ်ရည်ကိုယ်သွေးတွေကြောင့် လေးစားခံရပြီး သူတို့ချစ်မြတ်နိုးရသူတွေကို လုံခြုံမှုနှင့် ဂရုစိုက်မှုတွေကို ခံစားရစေပါတယ်။ သူတို့ဟာ လက်တွေ့ကျသူတွေ၊ ရည်မှန်းချက်ကြီးတွေဖြစ်ပြီး ခက်ခဲတဲ့အခြေအနေတွေကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့ ယုံကြည်စိတ်ချရသူတွေလည်းဖြစ်ပါတယ်။
၆။ June – Rose
ဇွန်လဖွားလေးတွေအတွက် ကိုယ်စားပြုပန်းကတော့ မွေးကြိုင်သင်းပျံ့နှင်းဆီဖြစ်ပါတယ်။ သူတို့လေးတွေဟာ အင်မတန်စိတ်ကူးယဉ်ဆန်ကြသူတွေဖြစ်သလို လျှို့ဝှက်တတ်သူတွေလည်းဖြစ်ပါတယ်။ နှင်းဆီပန်းတွေမှာ အမျိုးအစားအမျိုးမျိုးရှိပြီး သူတို့ကို ကဗျာဆရာတွေ၊ စာရေးဆရာတွေဟာလည်း ရာစုနှစ်ပေါင်းများစွာကြာအောင် ပုံဖော်ချီးကျုးအသက်သွင်းခဲ့ကြပါတယ်။ တကယ်လို့ သင်ဟာ ဇွန်လဖွားဖြစ်မယ်ဆိုရင် သင်ဟာ ဖန်တီးခြင်းနှင့် စိတ်ကူးယဉ်ဆန်တဲ့ soul လေးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကြီးကို အရာတော်တော်များများပေးကမ်းချင်ပေမယ့် တစ်ခါတလေကျတော့ နားလည်မှုလွဲခံရနိုင်ပါတယ်။
၇။ July – Delphinium
ပွင့်လင်းခြင်း၊ အခွင့်အလမ်းများခြင်း၊ အပြုသဘောဆောင်ခြင်းနှင့် အလားအလာရှိခြင်းဆိုတာ Delphinium ရဲ့ သင်္ကေတဖြစ်ပါတယ်။ ဇူလိုင်လရဲ့ ပန်းဆိုရင်လည်း မမှားပါဘူး။ အသစ်အသစ်သောအရာတွေကို ကြိုးစားခြင်းက သင့်ကို ပွင့်လင်းစေပြီး အတွေ့အကြုံတွေနဲ့ အခွင့်အလမ်းအသစ်တွေကို ရရှိစေပါလိမ့်မယ်။ သင့်ပတ်ဝန်းကျင်က လူတွေဟာ သင့်ကို သက်တောင့်သက်သာခံစားချက်မျိုး ခံစားရစေနိုင်ပြီး သင့်ရဲ့ အကောင်းမြင်မှု၊ နှစ်လိုဖွယ်ကောင်းမှု၊ လိမ္မာခြင်းနှင့် ဟာသဉာဏ်တွေကို ကောင်းကောင်းတန်ဖိုးထားကြပါတယ်။
၈။ August – Gladiolus
August လရဲ့ ကိုယ်စားပြုပန်းဖြစ်တဲ့ Gladiolus ဟာ ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ရင်းသဘောထားမှန်ကန်ခြင်းနှင့် ချဉ်းကပ်လွယ်သူဖြစ်ပြီး သန်မာသူခြင်းကို ကိုယ်စားပြုပါတယ်။ ဉာဏ်ရည်မြင့်မားသူအဖြစ် သတ်မှတ်ခံထားရပြီး သဘာဝတရားက ခေါင်းဆောင်တစ်ဦးအဖြစ် အောင်မြင်နိုင်သူမျိုးပါ။ ရည်မှန်းချက်ကို အဓိကဦးတည်တတ်သူဖြစ်ပြီး သန်မာမှုတွေနှင့် ရိုးသားဖြောင့်မတ်မှုတွေကတော့ ပြိုင်ဖက်ကင်းပါပဲ။
၉။ September – Aster
ပြင်ဆင်တတ်ခြင်း၊ ဉာဏ်ပညာရှိခြင်း၊ သစ္စာတရားနှင့် ခင်တွယ်မှုတို့ရဲ့ သင်္ကေတတွေကို ပိုင်ဆိုင်ထားတာကတော့ September ဖွားလေးတွေပါ။ သူတို့ဟာ စိတ်ခံစားမှုကင်းမဲ့သူတွေလို့ မထင်ရပေမယ့် သူတို့ရဲ့ နှလုံးသားတွေကိုတော့ တော်ရုံရင်ခုန်ပြုတ်ကျမသွားအောင် စွဲစွဲမြဲမြဲတပ်ဆင်ထားသူတွေပါ။ သူတို့ဟာ perfect ဖြစ်လွန်းသူတွေဖြစ်ပြီး သည်းခံမှုတတ်သူတွေပါ။ စကားပြောကောင်းသူတွေဆိုတာထက် နားထောင်ကောင်းသူတွေဆိုရင် ပိုမှန်ပါလိမ့်မယ်။
၁၀။ October – Pot Marigold
October ဖွားလေးတွေအတွက် ကိုယ်စားပန်းကတော့ Pot Marigold ပဲဖြစ်ပါတယ်။ နွေးထွေးမှု၊ တီထွင်ဖန်တီးမှုနှင့် စိတ်ဓာတ်ပြင်းပြခြင်းတို့ရဲ့ အမှတ်အသားဖြစ်ပါတယ်။ ဆောင်းဦးရာသီကို ပြည့်စုံစေတဲ့ပန်းဖြစ်ပါတယ်။ သင်ဟာ ဖော်ရွေသူဖြစ်ပြီး အေးဆေးနေတတ်တာကြောင့် မကြာခဏဆိုသလို အကြံဉာဏ် (သို့) အကူအညီတွေတောင်းခံရလေ့ရှိသူပါတယ်။ ကိုယ်တိုင်တိုးတက်ဖို့နှင့် ပြောင်းလဲဖို့ကလည်း သင့်အတွက် တကယ်အရေးကြီးပါတယ်။
၁၁။ November – Chrysanthemum
ဝမ်းမြောက်ခြင်း၊ အကောင်းမြင်ဝါဒ၊ တည်ငြိမ်ခြင်း၊ ရယ်မောခြင်း၊ ပျော်ရွှင်ခြင်းနှင့် ရိုးသားခြင်းတို့ရဲ့ နိုဝင်ဘာဖွားလေးတွေဖြစ်ပါတယ်။ မိခင်တွေလိုပဲ အပြင်ပန်းကို အကဲခတ်ရတာ ခက်ခဲပြီး တကယ်မှာတော့ နူးညံ့သိမ်မွေ့သူ၊ ရိုးသားသူ၊ ကြင်နာတတ်သူဖြစ်ပါတယ်။ သင်ချစ်ရသူတွေကို အလွန်အကျွံကာကွယ်ပေးလေ့ရှိပြီး သူတို့ရဲ့ လုံခြုံမှုနှင့် ပျော်ရွှင်မှုကို သေချာစေဖို့ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားမယ့်လူမျိုးပါ။
၁၂။ DECEMBER – Poinsettia
ကောင်းမွန်သော ကောင်းချီးပေးခြင်း၊ ပျော်ရွှင်ခြင်း နှင့် ရက်ရောခြင်းတို့ရဲ့ လက္ခဏာမျိုးတွေကို December ဖွားလေးတွေ ပိုင်ဆိုင်ထားပါတယ်။ ဒီရိုးရာခရစ္စမတ်ပန်းပွင့်ရဲ့ တောက်ပမှုနဲ့ ကိုက်ညီမှုရှိခြင်း၊ ယုံကြည်မှုရှိခြင်းပြီး ခိုင်မာတဲ့ကိုယ်ရည်ကိုယ်သွေးကို လူတိုင်းကို လေးစားကြပါတယ်။ နှစ်တစ်နှစ်ရဲ့ အဆုံးသတ်မှာ အပြုသဘောအပြုအမူတွေဖြစ်တဲ့ ဆုတောင်းပေးခြင်း၊ ရက်ရောခြင်း၊ ရွှင်လန်းမှုနှင့် ရယ်စရာကောင်းတဲ့ ဟာသဉာဏ်တွေကို ကောင်းကောင်းပေးစွမ်းနိုင်တဲ့ တစ်စုံတစ်ယောက်ဖြစ်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref- interflora