
လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့ အတိုင်း လူ့ Society ထဲမှာတော့ ကိုယ့်ကိုချစ်ခင်တဲ့သူတွေရှိသလို ၊ ကိုယ့်ကို မသိမသာ မနာလိုမုန်းတီးတဲ့သူတွေလည်းရှိနေကြပါတယ်။ လူတစ်ယောက်က သင့်အပေါ်မနာလိုဖြစ်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ သူတို့ကိုယ်သူတို့ သင်နဲ့ နှိုင်းယှဉ်နေတာဖြစ်ဖြစ်၊ သင်ကသူတို့ထက်တစ်နေရာရာမှာ သာလွန်နေတာဖြစ်ဖြစ်၊ သူတို့မပိုင်ဆိုင်တဲ့အရာကို သင်ကပိုင်ဆိုင်နေတာဖြစ်ဖြစ် Jealousy တွေဆိုတာရှိလာနိုင်ပါတယ်။
တစ်ခါတစ်လေ ပိုအံ့သြစရာကောင်းတာက အဲ့လို Jealousy ရှိတဲ့သူတွေက သင့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်ထဲက ဖြစ်နေနိုင်တာပါပဲ။ အဲ့ဒါကြောင့်တတ်နိုင်ရင် အရမ်းအယုံမလွယ်ပဲ အသိသတိလေးနဲ့နေထိုင်တာကတော့ အကောင်းဆုံးပါပဲ။
ကိုယ့်ပတ်ဝန်းကျင်မှာ မိတ်ဆွေတုတွေ၊ မနာလိုတတ်သူတွေကဘယ်လိုလူတွေလဲ။ ကိုယ့်ကို Jealousy ရှိမရှိဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။
အလွန်အကျွံ ချီးမွမ်းပြမယ်
သင့်ကို အရှေ့မှာတော့ ပုံမှန်ထက်တောင်လွန်တဲ့ ချီးမွမ်းစကားတွေ၊ ချိုသာတဲ့စကားတွေပြောပါတယ်။ Social Media မှာဆိုရင်လည်း သင့်ကို အရမ်းခင်၊ အရမ်းချစ်တဲ့ သူငယ်ချင်းပုံစံ Comment တွေပေးပါလိမ့်မယ်။ ဒါပေမယ့် ချစ်တို့၊ သဲတို့၊ အရမ်းလှတာပဲလို့ပြောနေပေမယ့် ရင်ထဲကမပါတဲ့ စကားတွေပါ။ အရှေ့မှာတော့ အဲ့လိုချီးမွမ်းစကားတွေပြောနေပေမယ့် အတွင်းစိတ်ထဲမှာတော့ သင့်ရဲ့ကောင်းကျိုးကို မလိုလားကြပါဘူး။
လိုက် Stalk နေမယ်
J ဝင်နေသူတွေကသူတို့အကြောင်းထက်တောင် သင့်အကြောင်းကို ပိုစိတ်ဝင်စားနေတတ်ပါတယ်။ Profile တွေ၊ My Day တွေကိုမကြာခဏဝင် Stalk တယ်။ တစ်နေ့တစ်နေ့သင်ဘယ်တွေသွားတယ်၊ ဘာတွေလုပ်တယ်၊ ဘယ်သူတွေနဲ့တွေ့တယ်တွေကအစအရမ်းသိချင်ကြတယ်။ သင်တစ်ခုခုအောင်မြင်နေတာတွေတွေ့ရင်လည်းစိတ်ထဲမှာ နေမထိထိုင်မသာနဲ့ မကျေမနပ်ဖြစ်နေတတ်တယ်။
ပြိုင်ဆိုင်စိတ်ပြင်းထန်မယ်
Jealousy စိတ်ရှိတဲ့သူတွေက သင်နဲ့ အရာရာမှာနှိုင်းယှဉ်ပြီး ပြိုင်ဆိုင်နေတဲ့သူတွေပါ။ သင်ဘယ်လိုဝတ်စားတယ်၊ ဘယ်လိုနေတယ်ထိုင်တယ်ဆိုတာ၊ ဘယ်လို အလုပ်တွေလုပ်နေလဲ စသည်ဖြင့် အရာရာမှာ သင့်ထက်သာအောင် ကျိတ်ပြိုင်နေလေ့ရှိပါတယ်။ သူတို့စိတ်ထဲမှာ သင်သူ့ထက်သာနေတာမြင်ရင်စိတ်ထဲမှာ နေမထိထိုင်မသာတွေဖြစ်နေတတ်ပါတယ်။
သင့်ကို Copy လုပ်မယ်
သင့်ကို မနာလိုသူတွေက သူတို့မသိစိတ်ထဲမှာ သင့်ကိုကျိတ်ပြိုင်နေသူ၊ သင့်ထက်သာချင်နေသူမို့ သင့်နေပုံထိုင်ပုံ Style တွေကိုလိုက်အတုခိုးကြတယ်။ Duplicate လိုက်လုပ်ကြတယ်။ ဒီလိုအကုန်လိုက်အတုခိုးပြီးတော့လည်း အများရဲ့ Attention ကိုရအောင်းကြိုးစားလေ့ရှိကြတယ်။
သင့်အကြောင်း သူတစ်ပါးကို Spoil လုပ်မယ်
ကိုယ်ကတော့သူကို သူငယ်ချင်းကောင်းလို ယုံကြည်လို့ကိုယ့်အကြောင်းတွေ၊ Personality တွေပြောပြပေမယ့်သူတို့ကဒီအချက်ကို အခွင့်ကောင်းယူပြီး တစ်ခြားသူတွေနဲ့တွေ့တဲ့အခါ သွားပုပ်လေလွင့်ဝေဖန်ပြောဆိုတတ်ကြတယ်။ Spoil တတ်ကြတယ်။ သင့်မကောင်းကြောင်းတွေကို တစ်စိတ်ကိုတစ်အိတ်လုပ်ပြောတတ်ကြတယ်။ အဲ့ဒါကြောင့် တတ်နိုင်သလောက်အယုံမလွယ်ဖို့ သတိထားနော်။
သင်အခက်အခဲဖြစ်တဲ့အခါ ကျိတ်ပျော်နေမယ်
Jealousy ဝင်နေတဲ့ မိတ်ဆွေတုတွေက တကယ်တမ်း သင်အခက်အခဲကြုံတဲ့အခါ မကူညီပဲ ရှောင်ပုန်းနေတတ်ကြသလို သင့်ရဲ့ ကျရှုံးချိန်တွေမှာလည်း အတွင်းစိတ်မှာ ဝမ်းသာနေတတ်ပါတယ်။ အစပိုင်းမှာတော့သူငယ်ချင်းကောင်းလိုရှိနေပေမယ့် သင်တကယ်လိုအပ်တဲ့အချိန်မှာတော့ အသံတောင်ကြားရတော့မှာမဟုတ်ပါဘူး။