
မိန်းကလေးတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုအမူလေးထဲမှာ နှုတ်ခမ်းကိုက်တတ်တဲ့ အမူအရာလေးကလည်း တစ်ခုအပါအဝင်ပါ။ တကယ်တော့ ဒီလို မိန်းကလေးတွေ နှုတ်ခမ်းကိုက်တတ်ကြတဲ့ နောက်ကွယ်မှာ လူတွေမသိတဲ့ အဓိပ္ပါယ်လေးတွေ ရှိလို့နေပါတယ်။ ကဲ ဘယ်လိုအဓိပ္ပါယ်တွေများ ရှိနေလဲ တစ်ချက်လောက် ဖတ်ကြည့်လိုက်နော်။
ကောင်လေးတစ်ယောက်ကို ဆွဲဆောင်ဖို့

shutterstock/Golubovy
မိန်းကလေးတွေ ကောင်လေးတစ်ယောက်ရှေ့မှာ နှုတ်ခမ်းကိုက်တတ်တာဟာ စိတ်ဝင်စားမှုကို ဖော်ပြတတ်တာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကောင်လေးတစ်ယောက်ကို စိုက်ကြည့်ပြီး နှုတ်ခမ်းကိုက်ပြတဲ့ အမူအရာလေး လုပ်နေတာဟာ အဲဒီကောင်လေး သူ့ကိုစိတ်ဝင်စားလာအောင် ဆွဲဆောင်နည်း တစ်မျိုးပါ။ နောက်ပြီး ဒီလိုအမူအရာလေးက ယောက်ျားလေးတစ်ယောက်ကို အမှန်တကယ် ဆွဲဆောင်နိုင်ပါတယ်တဲ့။
အန္တရာယ်တစ်ခုခုကို ခံစားမိလု့ိ

shutterstock/ ShotPrime Studio
ကောင်မလေးတွေ ရုတ်တရက် နှုတ်ခမ်းကိုက်တဲ့ အမူအရာလေး လုပ်တတ်ကြတာဟာ သူတို့ရဲ့ စိတ်ထဲမှာ အန္တရာယ် သေးသေးမွှားမွှားလေးတွေကို တွေးမိသွားတတ်ကြလို့ ဖြစ်ပါတယ်။ သူတို့ တစ်ခုခုကို အလိုမကျတဲ့ အခါ၊ သူတို့အတွက် ပြသနာသေးသေးလေးတွေ ရှိတဲ့အခါမှာ နှုတ်ခမ်းကိုက်တတ်ကြတာ ဖြစ်ပါတယ်။
ရှက်နေလို့

shutterstock/ Roquillo Tebar
မိန်းကလေးတစ်ယောက် နှုတ်ခမ်းကိုက်တတ်တာဟာ သူမရှက်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သူမ စိတ်ဝင်စားတဲ့ သူတစ်ယောက်ယောက် ရှေ့မှာ၊ ဒါမှမဟုတ် ယောက်ျားလေးတွေရှေ့မှာ မိန်းကလေးတွေ ရှက်မိတဲ့အခါ နှုတ်ခမ်းကိုက်တဲ့ အမူအရာလေး လုပ်တတ်ကြတာပါ။
အကျင့်ဖြစ်နေလို့

shutterstock/L Julia
တစ်ချို့မိန်းကလေးတွေဆီမှာတော့ နှုတ်ခမ်းကိုက်တတ်တဲ့ အမူအရာလေးက အကျင့်တစ်ခုလို စွဲနေတတ်ကြပါတယ်။ ဘာရယ်မဟုတ်ပဲ နှုတ်ခမ်း ကိုက်လိုက်မိတာမျိုး၊ တစ်ခုခုကို ကျေနပ်တဲ့ အချိန်၊ ဝမ်းသာတဲ့အချိန်၊ ဒေါသဖြစ်တဲ့အချိန် စသဖြင့် တော်တော်များများသော အကြောင်းအရင်းတွေကြောင့် မိန်းကလေးတွေက နှုတ်ခမ်းကိုက်တတ်တဲ့ အမူအရာလေး လုပ်တတ်ကြပါတယ်။
Khin