
အားလပ်ချိန်တွေမှာ ဖုန်းတွေပဲ သုံးနေတုန်းပဲလား။ အားလပ်ချိန်တွေက တကယ့်ကို အဖိုးတန်ပါတယ်။ အားလပ်ချိန်တွေမှာ အကျိုးရှိတာတွေ လုပ်လို့ရပါတယ်။ ဒီအချိန်မှာ ပန်းချီဆွဲမယ်၊ ပုံဆွဲမယ်ဆိုရင်တော့ အခုလို ကောင်းကျိုးတွေ ရလာနိုင်ပါတယ်။
စိတ်တည်ငြိမ်တယ်
ပုံဆွဲတတ်သည် ဖြစ်စေ၊ ပုံမဆွဲတတ်တဲ့သူတွေ ဖြစ်စေ ပုံဆွဲဖို့ ကြိုးစားနေတဲ့အချိန်နဲ့ ပုံဆွဲနေတဲ့အချိန်တွေက စိတ်ကို တည်ငြိမ်နေစေပါတယ်။ တစ်ခုခုကို ပုံဖော်နေတဲ့အချိန်လည်း ဖြစ်လို့ စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှုအားကိုလည်း ပိုပြီး ကောင်းမွန်လာစေနိုင်ပါတယ်။

Photo by MESSALA CIULLA from Pexels
အနားယူဖြစ်တယ်
အနားယူတယ်ဆိုတာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှု မရှိတာမျိုး ဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်ရောကိုယ်ပါ အနားရစေတာကတော့ ပုံဆွဲခြင်းပါပဲ။ ပုံဆွဲဖို့ပဲ လုပ်ရတာကြောင့် စိတ်ကလည်း မပျံ့လွင့်နိုင်တော့တာမို့ တကယ့်ကို အနားရစေတဲ့ အလုပ်တစ်ခုပါပဲ။

Photo by Anna Shvets from Pexels
တီထွင်ဖန်တီးနိုင်စွမ်း မြင့်မယ်
ပုံဖော်ပြီး ဖန်တီးမှု တစ်ခု လုပ်ရတာကတော့ ပုံဆွဲခြင်းရဲ့ အနှစ်သာရပါပဲ။ ဒါကြောင့် အားလပ်ချိန်တွေမှာ ပုံဆွဲတာက ဦးနှောက်ရဲ့ တီထွင်ဖန်တီးတဲ့အပိုင်းကို တိုးတက်စေပါတယ်။ ဒါ့အပြင် ပြဿနာဖြေရှင်းနိုင်စွမ်းလည်း ကောင်းလာစေပါသေးတယ်။ ဒါက ကိုယ့်အတွက် ကောင်းတဲ့အချက် တစ်ခုပါပဲ။

Photo by RF._.studio from Pexels
စိတ်ဖိစီးမှုကို ဖြေလျော့ပေးတယ်
စိတ်တည်ငြိမ်စွာ လုပ်နေရတဲ့ အလုပ်တစ်ခုမို့ စိတ်တွေက အများကြီး ပျံ့ပြီး နေမှာ မဟုတ်ပါဘူး။ ဘဝမှာ မောနေရတဲ့ စိတ်ဖိစီးမှုအချို့ကိုတော့ အရမ်းမပြင်းထန်ရင် ပုံဆွဲတဲ့အခါ စိတ်ဖိစီးမှုတွေ ပြေလျော့သွားစေတတ်ပါတယ်။ စိတ်ဖိစီးမှုကိုလည်း ဖြေဖျောက်ပေးတဲ့ အားလပ်ချိန် ဖြစ်ချင်ရင်တော့ ပုံဆွဲကြည့်ပါနော်။
Kham