ဆယ်ကျော်သက်အရွယ်မှာ သိနားလည်ထားသင့်တဲ့ ဘဝအတွက် အရေးကြီးတဲ့ အရာများ
auntymay.com
|
2020-09-20

လူတိုင်းဟာ ဆယ်ကျော်သက်အရွယ်ဆိုတာကို ဖြတ်သန်းကြရတာပါပဲ။ ဒီဆယ်ကျော်သက်အရွယ်မှာ ကိုယ့်အတွက် သင်ယူထားသင့်တဲ့ အရာတွေကို သင်ယူထားတတ်မှ ကိုယ့်ဘဝကို ပိုမိုကောင်းမွန်စွာ ရပ်တည်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဆယ်ကျော်သက်အရွယ်မှာ ဒီလို အရာလေးတွေကို သိထားဖို့ လိုအပ်ပါတယ်။

အရှုံးက ကိုယ့်အတွက် အထောက်အကူဖြစ်စေတယ်

shutterstock/ Elena Nichizhenova

ဘယ်သူမဆို ဘဝကို ကြိုးစားနေရတဲ့အချိန်မှာ အရှုံးဆိုတာနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်တစ်ယောက်တည်းပဲ အရှုံးနဲ့ ကြုံတွေ့နေရတာ မဟုတ်သလို အရှုံးနဲ့ ကြုံရတိုင်းလည်း စိတ်ဓာတ်ကျ အားငယ်နေစရာ မလိုပါဘူး။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ အရှုံးဆိုတာနဲ့ ထပ်လဲလဲ ကြုံတွေ့ရပါမယ်။ ဒီလို အရှုံးနဲ့ ကြုံတဲ့အချိန်မှာ သတ္တိရှိရှိနဲ့ ရင်ဆိုင်ပြီး အရှုံးထဲက သင်ယူတတ်ဖို့ လိုအပ်ပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ပါစေ

Freepik- katemangostar

ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့ စသင်ယူကြည့်ပါ။ ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပြီး ကိုယ့်ကိုယ် အရေးမပါသူတစ်ယောက်အဖြစ် ခံစားရတတ်ပါတယ်။ ဒါဟာ လူငယ်တိုင်း ခံစားမိတဲ့ အရာတစ်ခုဖြစ်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာတော့ မလိုပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့၊ တန်ဖိုးထားတတ်ဖု့ိကို ဖြည်းဖြည်းချင်း သင်ယူပါ။

သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ပြောင်းလဲတတ်တယ်


ငယ်ငယ်ကတည်းက ကိုယ့်ဖြစ်ချင်တဲ့ အိပ်မက်တွေ ရှိခဲ့ပေမယ့် အသက်အရွယ်ရောက်လာတာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ ခံယူချက်တွေ၊ သဘောထားတွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေက ပြောင်းလဲသွားတတ်ပါတယ်။ ဒါက မှားယွင်းနေတဲ့ ဆုံးဖြတ်ချက်တွေ မဟုတ်ပါဘူး။ လူတိုင်းက အချိန်ကြာလာတာနဲ့ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ပြောင်းလဲလာတတ်ပါတယ်။

သင့်အတွက် စစ်မှန်တဲ့ တစ်စုံတစ်ယောက်တော့ ရှိတယ်

shutterstock/ Primorac91

ဆယ်ကျော်သက်အရွယ်က ရည်းစားတွေထားပြီး အသည်းတွေလည်း ခဏခဏ ကွဲရတဲ့ အချိန်ပေါ့။ ဒါကြောင့် တစ်စုံတစ်ယောက်နဲ့ လမ်းခွဲရလို့၊ တစ်စုံတစ်ယောက်ကြောင့် အသည်းကွဲရလို့ဆိုပြီး ဝမ်းနည်းနာကျင်ပြီး ကိုယ့်ဘဝကို ဖြစ်သလို ရှေ့ဆက်နေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ လူတိုင်းက ကိုယ့်အတွက် စစ်မှန်တဲ့ သူနဲ့ မဆုံခင်မှာ အသည်းတွေ ကွဲနေရအုံးမှာပါပဲ။

အသက်ကြီးတိုင်း အရာအားလုံးရဲ့ အဖြေကို မသိနိုင်ဘူး


ဆိုလိုချင်တာက အသက်တွေကြီးသွားတဲ့အချိန်မှာ အရာအားလုံးကို သိနိုင်မယ်လို့ ထင်မိကောင်း ထင်မိနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ အသက်အရွယ်တိုင်းမှာ ပြသနာကိုယ်စီ ရှိသလို၊ မသိသေးတဲ့ အရာတွေလည်း အများကြီးပါ။ ကိုယ့်ရဲ့ အလုပ်အကိုင်၊ အချစ်ရေး၊ မိသားစုရေး၊ လူမှုရေး စသဖြင့် အသက်တွေ ကြီးသွားလည်း ဒါတွေရဲ့ အရှုပ်အထွေးလေးတွေက အနည်းနဲ့ အများ ရှိနေအုံးမှာပါပဲ။ အဓိကက ဘဝထဲကနေ ကိုယ်များများ သင်ယူတတ်ဖို့ပဲ လိုပါတယ်။

ရင်ခုန်တိုင်း အချစ်မဟုတ်ဘူး

halayalex/Freepik

တစ်ခါတစ်လေမှာ စိတ်ခံစားမှု ဟော်မုန်းတွေကြောင့် ရင်ထဲမှာ တလှပ်လှပ်နဲ့ ရင်ခုန်သံတွေ မြန်ဆန်သွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒါဟာ အချစ်မဟုတ်ပါဘူး။ အချစ်ရဲ့ နောက်မှာ တစ်ခြားသော အကြောင်းအရာတွေ အများကြီး ရှိနေပါသေးတယ်နော်။ ဒါကြောင့် ရင်ခုန်ရုံနဲ့ အချစ်လု့ိ သတ်မှတ်လို့ မရနိုင်ပါဘူး။

Khin


#ဆယ်ကျော်သက်
#အရွယ်
#အချစ်
#ပန်းတိုင်
#ရည်မှန်းချက်

Some text some message..