မိန်းကလေးတွေကိုယ်တိုင်က ဘယ်တော့မှထုတ်ပြောမှာမဟုတ်တဲ့ သမီးရည်းစားလျှို့ဝှက်ချက်များ
lifestylemyanmar.com
|
2020-09-21



မိန်းကလေးတွေရဲ့ စိတ်ကို သိရှိနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ကိစ္စရပ်တစ်ခုပါ။ သူတို့ကိုယ်တိုင်လည်း သူတို့စိတ်ကို နားလည်နိုင်ဖို့ ခက်ခဲတယ်ဆိုပေမယ့် ကိုယ်ကိုယ်တိုင်က ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကလည်း ရှိနေပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ မိန်းကလေးတွေဘက်ကနေပြီး သူတို့ရဲ့ ချစ်သူကို ဘယ်တော့မှာ ဖွင့်ပြောမှာမဟုတ်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။




၁။ မိန်းကလေးတွေအနေနဲ့ သူတို့ရဲ့ ချစ်သူကို အရင်တည်းက ဘဝလက်တွဲဖော်အဖြစ် စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ကြုံလာရချိန်မှာတော့ ဒီကိစ္စကိုလုံးဝမေ့ထားပြီး အခုလိုမျိုး ချစ်သူဖြစ်လာတာက ဘယ်တော့မှမတွေးထားတဲ့ကိစ္စရပ်လိုမျိုး၊ အံ့အားသင့်စရာကိစ္စရပ်လိုမျိုးသာ ပြန်ပြောင်းပြောပြတတ်ကြပါတယ်။




၂။ ဒါ့အပြင် မိန်းကလေးတွေက ချစ်သူယောက်ျားလေးရဲ့ ဆိုရှယ်မီဒီယာအကောင့်ထဲကို အချိန်နည်းနည်းပေးပြီး မွှေနှောက်လိုက်တာနဲ့ ယောက်ျားလေးဘက်က အခင်ဆုံးသူငယ်ချင်းက ဘယ်သူ၊ သူငယ်ချင်းတွေထဲမှာ ဘယ်သူက ဘယ်လိုဆိုတာအထိ သိနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကိုလည်း မိန်းကလေးတွေက သူတို့ချစ်သူဆီ ထုတ်မပြောဘဲ တိတ်တိတ်လေးသိမ်းဆည်းထားတတ်ကြပါတယ်။




၃။ ရည်းစားဟောင်းနဲ့လက်ရှိ ရည်းစားကို နှိုင်းယှဉ်တာကတော့ မကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် မိန်းကလေးတွေရဲ့ စိတ်ထဲမှာ တိတ်တိတ်လေး ဒီလိုမျိုး နှိုင်းယှဉ်နေကြတာတော့ လက်ခံလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် ဘဝကြီးတစ်ခုလုံး ရင်းနှီးပေးဆပ်ထားရသလိုမျိုး ကိစ္စဖြစ်နေလို့ပါ။ အရင်ရည်းစားကတော့ ဒီလို၊ ရှင်ကတော့ ဒီလိုဆိုပြီး ထုတ်ပြောလိုက်ရင်တော့ ပြဿနာအကြီးအကျယ် ရှိနိုင်တာကြောင့် ဒါကိုလည်း ထုတ်ပြောပြလေ့မရှိပါဘူး။




၄။ အခုတစ်ချက်ကတော့ သူငယ်ချင်းအပေါင်းအသင်း၊ ပြောရမယ်ဆိုရင် မိန်းကလေးတွေရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေလို့ ပြောလို့ရတဲ့ သူငယ်ချင်းတွေနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ မိန်းကလေးတွေက သူတို့ရဲ့ ရည်းစားနဲ့ ပြတ်စဲတော့မယ်ဆိုရင် သူငယ်ချင်းတွေနဲ့ အရင်တိုင်ပင်တယ်၊ သူတို့ကို အရင်ဖွင့်ပြောတယ်၊ ပြီးတဲ့အခါမှသာ သူတို့ရဲ့ ချစ်သူရည်းစားနဲ့ပြတ်စဲတတ်ကြပါတယ်။




၅။ သမီးရည်းစားဘဝမှာ ယောက်ျားလေး တော်တော်များများက ဘုမသိ၊ ဘမသိနဲ့ ရန်လုပ်ခံရလေ့ရှိပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင်တော့ မိန်းကလေးတွေက လျစ်လျူရှုထားတယ်လို့ ခံစားရတာကြောင့်ပါ။ ယောက်ျားတွေကလည်း ပြောလည်းပြောချင်စရာပါ။ ချစ်သူမဖြစ်ခင်ကသာ အသေအလဲ ဂရုစိုက်တတ်ကြပေမယ့် အဖြေပြန်ရပြီးသွားရင်တော့ နိုင်ငံတော်သမ္မတထက်တောင် အလုပ်များတတ်ပြီး အဲ့ဒီအကြောင်းပြချက်တွေနဲ့ လျစ်လျူရှုထားတာကြောင့် မိန်းကလေးတွေက အခုလို ပြဿနာရှာကြတာဖြစ်ပါတယ်။ ဒါကိုလည်း မိန်းကလေးတွေက ထုတ်ပြောလေ့မရှိဘဲ ချစ်သူဆီက အပြစ်တစ်ခုခုကို အရင်ရှာပြီးမှ အဲ့ဒါကိုပြဿနာလုပ်ရင်း ရန်သတ်ကြတာပါ။




၆။ အခုတစ်ချက်ကတော့ ထုံးတမ်းစဉ်လာတစ်ခုလိုပါပဲ။ မိန်းကလေးတွေက ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ကုန်ကျတဲ့ စားသောက်စရိတ်တွေ၊ ရုပ်ရှင်လက်မှတ်ခတွေ၊ ပန်းခြံအဝင်အထွက်ခတွေကို ယောက်ျားလေးဘက်က အကုန်အကျခံတာကိုပဲ ဖြစ်ချင်ကြပါတယ်။




၇။ သေးသေးလေးကအစ မှတ်ထားတတ်တာက မိန်းကလေးတွေရဲ့ အကျင့်စရိုက်ပါပဲ။ ယောက်ျားလေးဘက်က ဘယ်လောက်ပဲ အလုပ်များများ၊ စာတိုလေးတစ်ကြောင်းပဲဖြစ်ဖြစ်၊ ဖုန်းလေးခဏလောက် ခေါ်လိုက်တာပဲဖြစ်ဖြစ် အဲ့ဒီအရာတွေအားလုံးကို မှတ်ထားတတ်ကြပါတယ်။ ဒါက ကောင်းတာပါ။ မကောင်းတာအနေနဲ့ ကိုယ့်ကိုတစ်ခါလောက် လျစ်လျူရှုလိုက်တာကိုလည်း မှတ်ထားတတ်ကြပါတယ်။




၈။ ယောက်ျားလေးဘက်က သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပတ်သက်လို့ ကောင်းခြင်း၊ ဆိုးခြင်းကို ချစ်သူရှေ့မှာ ထုတ်ပြောတတ်တဲ့ မိန်းကလေးတွေရှိသလို တချို့ကျတော့လည်း မပြောတတ်ပါဘူး။ မပြောတဲ့အကြောင်းရင်းက ဘာလို့လဲဆိုရင် ဘယ်သူငယ်ချင်းကမှ သူ့လောက် သူ့ရည်းစားအပေါ် မကောင်းနိုင်ဘူးဆိုတာ သိထားလို့ပါတဲ့။




၉။ အရင်ရည်းစားဟောင်းကို သဝန်တိုတာမျိုးက ဖြစ်နေကျ ကိစ္စတစ်ရပ်ပါပဲ။ အခန့်မသင့်ရင် မသင့်သလို ကိုယ့်ရဲ့လက်ရှိရည်းစားနဲ့ သူ့ရဲ့အရင်ရည်းစားဟောင်းတို့ ဘယ်လိုအမှတ်တရတွေရှိခဲ့တယ်၊ ဘယ်လောက်အထိ ချစ်ခဲ့တယ်ဆိုတာတွေကို မိန်းကလေးတွေက ပြန်ပြန်စဉ်းစားပြီး တစ်ယောက်တည်းကြိတ်သဝန်တိုနေတတ်ပါတယ်တဲ့။




#HM

#LifestyleMyanmar

Source: newairz


#မိန်းကလေး
#ရည်းစား
#ယောက်ျားလေး
#ချစ်သူ
#သူငယ်ချင်း

Some text some message..