အသက်ကြီးလာတဲ့ မိဘတွေကို စိတ်ဒဏ်ရာ မပေးမိစေဖို့ သတိထားသင့်တဲ့ အရာလေးတွေ
auntymay.com
|
2020-09-21

ကိုယ့်ကိုယ် မွေးထုတ်ပေးလိုက်တဲ့ မိဖတွေက ဘာနဲ့မှ လှဲလို့မရတဲ့ အဖိုးမဖြတ်နိုင်တဲ့ သူတွေဖြစ်သလို ကိုယ့်ဘဝရဲ့ ဆပ်မကုန်တဲ့ ကျေးဇူးတရားတွေ ရှိတဲ့သူတွေပါ။ ဒီတော့ မိဖတွေ အသက်ကြီးလာတဲ့ အချိန်မှာ မိဖတွေကို စိတ်ဒဏ်ရာဖြစ်စေမယ့် အရာလေးတွေကို မလုပ်မိဖို့ ဆင်ခြင်သင့်ပါတယ်။ မိဘတွေရဲ့ကျေးဇူးကို ကျေပွန်အောင် မဆပ်နိုင်ရင်တောင် မိဘတွေကိုတော့ စိတ်ဒဏ်ရာ မပေးသင့်တာမို့ ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။

အမေ့ကို ဝိုင်းကူပါ

shutterstock/LightField Studios

မိသားစုတစ်စုရဲ့ အိမ်ထောင်ရှင်မဖြစ်တဲ့ အမေတွေဟာ သားသမီးတွေအတွက် သူတို့ကိုယ် သူတို့စတေးရင်း ရှင်သန်နေကြသူတွေပါ။ သူတို့ဖြစ်ချင်တဲ့ အိပ်မက်တစ်ချို့ကို ဖုံးကွယ်ပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပေးရင်း၊ အိမ်အလုပ်တွေလုပ်ရင်း နုပျိုမှုတွေ အရွယ်လွန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအရာတွေကို ဂရုမစိုက်ပဲ သားသမီးတွေရဲ့ အပြုံးတွေနဲ့တင် ကျေနပ်နေတတ်ကြသူတွေပါနော်။ ဒီတော့ ကိုယ်အရွယ်ရောက်လာတဲ့အချိန်မှာ အမေကိုလည်း ခဏလောက် အနားပေးခိုင်းပါအုံး။ အမေရဲ့ အလုပ်တွေကို ခွဲဝေလုပ်ကိုင်ပေးတာမျိုးက ဖြစ်သင့်ပါတယ်နော်။ တစ်ချို့ သားသမီးတွေက အရွယ်ရောက်နေပေမယ့် အမေ့ကို စာနာရကောင်းမှန်းမသိ အမေလုပ်ပေးသမျှကို ဇိမ်ကျကျ ထိုင်စားနေတတ်တဲ့ သူတွေလည်း ရှိတတ်ကြပါတယ်။

မိဖကို ဂရုစိုက်ပါ

shutterstock/ Monkey Business Images

အမေကိုရော အဖေကိုပါ ချစ်ပေး၊ ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။ ဘဝမှာ နှစ်ယောက်မရှိတဲ့ အမေနဲ့ အဖေကို ကောင်းကောင်း ဂရုစိုက်ပေးသင့်ပါတယ်။ အထူးသဖြင့် အဖေအမေ အသက်တွေ ကြီးလာတဲ့ အချိန်မှာ ပိုဂရုစိုက်မှုပေးဖို့ လိုအပ်ပါတယ်။ လူတွေဟာ အသက်ကြီးလာတဲ့အချိန်မှာ အချစ်တွေနဲ့ ဂရုစိုက်မှုတွေကို ပိုတောင့်တလာတတ်ကြတဲ့ အတွက်ကြောင့်ပါ။

ငွေရှာပေးနေရတယ်ဆိုတိုင်း မမောက်မာပါနဲ့

shutterstock/ Monkey Business Images

ကိုယ် ဝင်ငွေရှာဖွေလာနိုင်တဲ့အချိန်မှာ မိဖတွေကို မောက်မောက်မာမာ မဆက်ဆံပါနဲ့။ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်လာတဲ့ အချိန်မှာ ငယ်စဉ်က ပြုစုပျိုးထောင်ပေးခဲ့တဲ့၊ လိုလေသေးမရှိ ထားပေးခဲ့တဲ့ အမေနဲ့ အဖေရဲ့ တန်ဖိုးကို သတိရပါ။ ငါရှာထားတဲ့ ငွေတွေ၊ ငါ့လုပ်စာ ထိုင်စားနေရတယ်ဆိုပြီး မောက်မာစွာ မဆက်ဆံသင့်ပါဘူး။

စကားကို လက်လွတ်စပယ် မပြောပါနဲ့


သားသမီးနဲ့ မိဖဆိုတာ လူကြီးနဲ့ လူငယ် ဖြစ်တဲ့အတွက် သဘောထား ကွဲလွဲမှုလေးတွေ အနည်းနဲ့ အများတော့ ရှိတတ်တာပါပဲ။ ဒီလို အချိန်မျိုးမှာ ကိုယ့်ဘက်ကနေ သေချာလေး ရှင်းပြပြောဆိုတတ်ဖို့ လိုပါတယ်။ ကိုယ်က စိတ်ထဲမှာ မရှိပဲ ဒီအတိုင်း ပြောလိုက်မိပေမယ့် တစ်ချို့စကားလုံးတွေက မိဖတွေအတွက် ဝမ်းနည်းနာကျင်ရတာ၊ စိတ်ထိခိုက်ရတာတွေ ဖြစ်သွားတတ်လို့ပါ။ ဒါကြောင့် မိဖကို စကားအသုံးအနှုန်းတွေ ရွေးချယ်ပြောတတ်ဖို့ လိုပါတယ်။

မိဖကို မငြိုငြင်ပါနဲ့

shutterstock/ Krakenimages.com

ကိုယ်လည်း တစ်နေ့တော့ မိဖနေရာကို ရောက်လာရမယ့် သူတွေပါ။ ဒီလို ကိုယ်မိဖနေရာကို ရောက်သွားတဲ့အခါ ကိုယ့်သားသမီးတွေရဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရတာကို လိုချင်ရင် ကိုယ့်မိဖတွေအပေါ်လည်း ကောင်းပေးသင့်ပါတယ်။ လူတိုင်းက ကိုယ့်လက်နဲ့ စိုက်ပျိုးထားတဲ့ အသီးအပွင့်ကို စားသုံးရတာပါ။ ကိုယ်က ကောင်းမွန်တဲ့ မျိုးစေ့ချတဲ့အခါ ကောင်းမွန်ချိုမြတဲ့အသီးကို စားသုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဖတွေ အသက်ကြီးသွားတဲ့အချိန်မှာတောင် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါ။

Khin


#အမေ
#သားသမီး
#အဖေ
#အချိန်
#အမေ့

Some text some message..