တစ်စုံတစ်ယောက်က “မင်း ဘယ်လိုလက်တွဲဖော်ကို ရှာနေလဲ?”လို့ သင့်ကို မေးရင် သင့်စိတ်ထဲမှာ ပေါ်လာတဲ့ ပထမဆုံးအတွေးက ဘာဖြစ်မလဲ။
တချို့က ဆွဲဆောင်မှုရှိတဲ့သူ၊ ကြင်နာတတ်တဲ့သူ ၊ ဉာဏ်ကောင်းတဲ့သူမျိုးလို့ ဖြေဆိုနိုင်ပေမယ့် တစ်ချို့သူတွေက ယုံကြည်အားထားရတဲ့သူ (သို့) ဟာသဉာဏ်ရှိတဲ့သူလို့ ဖြေပါလိမ့်မယ်။ တကယ်လို့ သင်ဟာ long-term relationship အတွက် ရှာနေတာဆိုရင် ၊ သင်ယူမယ့် အိမ်ထောင်ဖက်မှာ သင်နှစ်သက်တဲ့ အရည်အသွေးကောင်းတစ်ချို့ ရှိရင် ဒါက အကူအညီ ဖြစ်နိုင်ပါလိမ့်မယ်။
ပထမချိန်းတွေ့တဲ့ ရက်အနည်းငယ်မှာ နက်နဲတဲ့ စကားပြောဆိုမှု (သို့) ဆွေးနွေးမှု လုပ်ပါ။ သင့်လက်တွဲဖော်ရဲ့ အကောင်း/အဆိုး ကာရိုက်တာတွေ စားပွဲပေါ်မှာ ချပြပါလိမ့်မယ်။ ကောင်းပါပြီ ၊ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြီးပြည့်စုံတဲ့သူဆိုတာ ဘယ်သူမှမရှိပါဘူး။ လူတိုင်းမှာ အားနည်းချက်တွေရှိမယ်၊ စိတ်ခံစားစရာတွေ ရှိပါလိမ့်မယ်။ သင်အနေနဲ့ ပြီးပြည့်စုံတဲ့ လက်တွဲဖော်ကို ရှာနေရင် စိတ်ပျက်သွားပါလိမ့်မယ်။
လက်တွဲဖော်တစ်ယောက်အတွက် ဘယ်အရာကို ရှာမလဲ?
၁။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို ရှာပါ
လူတစ်ယောက်သည် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုရှိတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချပြီး အမှီခိုကင်းပါတယ်။ သူတို့ဟာ ကိုယ့်ဘာသာကိုယ် လေ့လာဖို့နှင့် စဉ်းစားဖို့ ဆန္ဒရှိကြပါတယ်။ အတိတ်ကို ပြန်တွေးပြီး အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ တိုးတတ်အောင် လုပ်ပါတယ်။ အရေးအကြီးဆုံးကတော့ စိတ်ခံစားမှု ရင့်ကျက်သူတစ်ယောက်ဟာ မလုပ်ခင်မှာ စဉ်းစားပြီး သူတို့ရဲ့ လုပ်ရပ်တွေကို သူတို့ရဲ့ စိတ်ခံစားမှုနဲ့ ထိန်းချုပ်ခွင့်မပြုပါဘူး။ ကိုယ့်အားနည်းချက်တွေကိုလည်း
အသိအမှတ်ပြုတတ်သူဖြစ်ပြီး သင့်အား ပွင့်လင်းတဲ့စိတ်ဖြင့် လက်ခံတတ်သူတစ်ယောက်ပါ။
ရင့်ကျက်တဲ့ လက်တွဲဖော်တစ်ယောက်ဟာ စိတ်ငြိမ်သက်မှုရှိပြီး အခြားသူတွေကို သူတို့ရဲ့ပျော်ရွင်မှုအတွက် အားမကိုးတတ်ပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ကို ဆက်သွားပြီး ဘဝမှာ တိုးတတ်မှုတွေ ရယူပါတယ်။ သူတို့ကိုယ်သူတို့ (သို့) သူတို့ဝန်းကျင်က ကမ္ဘာကြီးကို တိမ်ဖုံးတဲ့အမြင်နဲ့ မကြည့်ပါဘူး။ ထို့အပြင် သူတို့မှာ ပိုင်ဆိုင်လိုစိတ်၊ မနာလိုစိတ် မရှိကြပါဘူး။
၂။ ရုပ်ရည်၊ အဆင့်အတန်း၊ စိတ်လှုပ်ရှားမှုကို နားလည်ပြီး သစ္စာရှိတဲ့၊ ကြင်နာတတ်တဲ့သူကို ရွေးချယ်ပါ
ရုပ်ရည်၊ အဆင့်အတန်းနှင့် စိတ်ဝင်စားမှုတွေက မီးပွားကို ဖန်တီးဖို့နှင့် စုံတွဲတစ်တွဲကို ပိုမိုနီးကပ်စေဖို့အတွက် သိသာထင်ရှားသော ဓါတ်ကူပစ္စည်းများဖြစ်နိုင်ပါတယ်။ သို့သော် ထိုစရိုက်တွေက ခေတ္တခဏသာ ဖြစ်နိုင်ပါတယ်။ အမြဲတစေ လေးစားမှု၊ ကြင်နာမှုစတဲ့ အရည်အသွေးတွေကို ပြသသူကိုသာ ရှာဖွေတာ အကောင်းဆုံးဖြစ်ပါတယ်။ နွေးထွေးမှုနှင့် သစ္စာရှိမှု ကဲ့သိုသော့ လက္ခဏာတွေကို သင်ရွေးချယ်တဲ့အခါ ပိုပြီးကျေနပ်ဖို့ကောင်းတဲ့ အချစ်ရေးမျိုးရှိလာကြောင်း တွေ့ရပါလိမ့်မယ်။
၃။ အဆက်မပြတ် လေ့လာနေပြီး တိုးတတ်နေသူကို ရှာဖွေပါ
long-term relationship ဟာ လှပပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမယ် အမှားမလုပ်မိစေပါနဲ့၊ ၎င်းက ကိုယ်ပိုင်စိန်ခေါ်မှုတွေနဲ့ လာပါတယ်။ သူတို့ရဲ့ အကြိုက်တွေ၊ ပိုင်ဆိုင်သမျှအရာတွေနဲ့ မသက်ဆိုင်ဘဲ လူနှစ်ယောက်အတူတူနေခြင်းက တစ်နှစ်ပြီးတစ်နှစ်၊ တစ်ရက်ပြီးတစ်ရက် တိုးတတ်ပြောင်းလဲလာတာနှင့်အမျှ အလုပ်လုပ်မယ်၊ သင်ယူပြီး တိုးတတ်လိုစိတ် ရှိကြမယ်ဆိုရင် ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။ တစ်ဦးချင်းဖြစ်စေ၊ စုပေါင်းပြီး ဖြစ်စေ သင့်ရဲ့ relationship ဖြစ်စဉ်အတွင်းမှာ သင်ယူဖို့၊ တိုးတတ်ဖို အဆင်သင့်ဖြစ်သော လက်တွဲဖော်ကို ရှာပါ။
၄။ စိတ်ခံစားမှုရရှိနိုင်မယ့် လက်တွဲဖော်ကို ရှာပါ
စိတ်ခံစားမှု ရနိုင်မယ့် လူတစ်ယောက်ဟာ အမှားမခံတဲ့ ခေါင်းစဉ်တစ်ချို့ကို သင်အစပျိုးရင်တောင် မပိတ်ပစ်မယ့် ပွင့်လင်းသူတစ်ယောက်ပါ။ သူတို့က လက်လှမ်းမမှီနိုင်တဲ့အရာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဂရုစိုက်မှုက စကားလုံးတွေနဲ့သာ မဟုတ်ဘဲ လုပ်ရပ်တွေနဲ့ ပြသပါလိမ့်မယ်။ သင့်လက်တွဲဖော်ဟာ သင်နဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ ကြောက်ရွံ့ခြင်းမရှိတဲ့အခါ ဒါက စိတ်ခံစားမှု ရရှိနိုင်တဲ့ လက္ခဏာတစ်ခုပါ။
၅။ ဘဝရဲ့ ခက်ခဲမှုကို ရင်ဆိုင်ဖို့ မကြောက်တဲ့ သူတစ်ယောက်နဲ့ အတူနေပါ
စုံတွဲတစ်တွဲအနေနဲ့ သင်ဟာ ဘဝကိုရင်ဆိုင်ရမယ်၊ သင့်ဆီရောက်လာမယ့် အံအားသင့်စရာအားလုံးကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပြီးတော့ အသက်ကြီးလာတာနဲ့အမျှ ချစ်ရသူတွေကို ဆုံးရှုံးသွားနိုင်ပါတယ်။ ဖျားနာနေနိုင်ပါတယ်။ ခန္ဓာကိုယ်နဲ့ စိတ်မှာ အပြောင်းအလဲတွေ ကြုံလာတဲ့အခါ စိတ်တိုခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဆင်းရဲခြင်းအဖြစ် တစ်ယောက်ကို တစ်ယောက် မြင်မိကြမှာပါ။
ကောင်းမွန်တဲ့ အချိန်မှာသာမက ခက်ခဲတဲ့အချိန်မှာပါ ရှိပေးနိုင်မယ့်သူကိုသာ ရှာဖွေပါ။ ဘဝက အရမ်းတောက်ပပြီး ပျော်ရွင်မှုတွေအပြည့်နဲ့ ပြွတ်သိပ်မနေပါဘူး။ ကောင်းတဲ့အချိန်ကော၊ ဆိုးတဲ့အချိန်ပါ လက်တွဲမဖြုတ်မယ့်သူတစ်ယောက် လိုအပ်ပါတယ်။
၆။ ဘဝအမြင်တူတဲ့ သူတစ်ယောက်ကို ရွေးချယ်ပါ
တီဗွီရှေ့မှာ ကိုယ်နဲ့အတူရှိနေပြီး ဒရမာဇာတ်လမ်းတွဲတွေကို ကြည့်ရတာ နှစ်သက်တဲ့ လက်တွဲဖော်တစ်ယောက်ရှိတာက ဝမ်းသာစရာကောင်းပါတယ်။ သို့သော် ဒါက relationship တစ်ခုမှာ အဓိကကျတဲ့ အရာမဟုတ်ပါဘူး။ အဓိကက အမြင်နဲ့ ရည်မှန်းချက်တွေ မျှဝေခြင်းသာ ဖြစ်ပါတယ်။
တကယ်လို့ ကိုယ်နဲ့တန်ဖိုးတွေ ယုံကြည်ချက်တွေကို အမြင်မတူတဲ့သူတစ်ယောက်နဲ့ မျှဝေမိမယ်ဆိုရင် partnership ကပြိုကွဲပျက်စီးသွားပါလိမ့်မယ်။ သေချာတာပေါ့ ၊ တစ်ယောက်နဲ့ တစ်ယောက်က ဘဝကို ရှုမြင်တဲ့အမြင်၊ တန်ဖိုးတွေ မတူနိုင်လည်း လက်တွဲလို့ရပါတယ်။ ဒါပေမယ်ါ အဓိကပန်းတိုင်နှင့် တန်ဖိုးတွေကို အနည်းငယ် (သို့) ဒီထက်မက မျှဝေသူ တစ်ယောက်ကို ရွေးချယ်ခြင်းဖြင့် ကိုယ့်ရဲ့ relationship အောင်မြင်မှုအတွက် တည်ဆောက်ရပါမယ်။
၇။ ခွင့်လွှတ်တတ်သူ တစ်ယောက်ကို ရှာဖွေပါ
အစောပိုင်းမှာ ပြောခဲ့သလိုပဲ relationships တစ်ခုမှာ ကြိုးစားအားထုတ်မှုတွေ အများကြီး ယူရပါတယ်။ လမ်းတစ်လျှောက်မှာ သင်တို့နှစ်ယောက်စလုံးဟာ အမှားတွေ လုပ်မိနိုင်ပါတယ်၊ တစ်ယောက်ကိုတစ်ယောက် ထိခိုက်နာကျင်အောင် လုပ်မိနိုင်ပါတယ်။ အချိန်နှင့်အမျှ အရှုပ်တွေ လုပ်မိနိုင်ပါတယ်။
ဒါ့ကြောင့် ခွင့်လွှတ်တတ်သူတစ်ယောက်ကို ရှာဖွေပါ။ အရှုပ်တွေ လုပ်မိပြီးတော့ သင့်လက်တွဲဖော်က သင့်တောင်းပန်မှုကို လက်ခံမယ်၊ အငြင်းပွားမှုကို ကျော်လွှားနိုင်မယ်ဆိုရင် သင်တို့နှစ်ယောက်ရဲ့လက်တွေ ထာဝရမြဲပါလိမ့်မယ်။ အမှားတွေလုပ်တာဟာ လူ့သဘောသဘာဝအရဖြစ်ပြီး မလွှဲမရှောင်သာဖြစ်ပါတယ်။ ဒါက ပြုပြင်လို့ရပြီး ခွင့်လွှတ်ခြင်းနှင့်အတူ စိတ်ထက်သန်မှုပြန်ရနိုင်ပါတယ်။
၈။ သင့်ကိုရယ်မောစေတဲ့ သူတစ်ယောက်ကို ရွေးချယ်ပါ
စိတ်တိုစရာ မနက်ခင်းတွေမှာ သင့်ကို ရယ်မောစေနိုင်မယ့် ပါတနာ တစ်ယောက်ကို ရှာပါ။ ဟာသက ဘဝကို ပိုပျော်စရာကောင်းစေပါတယ်၊ ပြီးတော သင့်ကိုရယ်မောစေသူဟာ ရာသတ်ပန်လက်တွဲဖော်ကောင်း တစ်ယောက်ဖြစ်နိုင်ပါတယ်။
၉။ လူကောင်းတစ်ယောက်ဖြစ်ဖို့ သင့်အား လှုံ့ဆော်ပေးသူတစ်ယောက်ကို ရှာပါ
သင့်လက်တွဲဖော်မှာ သင်နဲ့မတူတဲ့ အားသာချက်တွေ၊ အားနည်းချက်တွေ ရှိသင့်ပါတယ်။ သင့်မှာရှိမှန်းမသိခဲ့တဲ့ သင့်ရဲ့အားသာချက်တွေကို ထုတ်ဖော်ပေမယ့် သူတစ်ယောက်ကို လိုအပ်ပါတယ်၊ သင်ဟာ အတွေးထဲမှာ နေထိုင်ပြီး စိတ်ကူးနဲ့ ရူးနေသူတစ်ယောက်ဖြစ်ရင် မြေပြင်ပေါ်မှာ သင့်ခြေထောက်တွေကို မြဲမြံစွာ စိုက်ပေးထားနိုင်မယ့်သူကို ရှာပါ။ အလားတူပဲ သင်ဟာ အလုပ်အကိုင် အလေးပေးသူတစ်ယောက်ဖြစ်ရင် သင့်ဘဝကို ပျော်ရွင်မှုနဲ့ မျှတမှု ထပ်ဖြည့်ပေးနိုင်မယ့် လက်တွဲဖော်ကို ရှာဖွေပါ။
၁၀။ လက်တွဲဖော်မှာ ရိုးသားမှုကို ရှာဖွေပါ
relationshipတစ်ခုရဲ့ ကနဦးအဆင့်တွေမှာ လူအများစုက ကိုယ့်ရဲ့အကောင်းဆုံးခြေလှမ်းကိုသာ ရှေ့တန်းတင်တာကြောင့် ရိုးသားဖြောင့်မတ်မှုကို တွက်ချက်ဖို့ ခက်ခဲနိုင်ပါတယ်၊ သို့သော် သဲလွန်စတွေကို အမြဲတမ်းစောင့်ကြည့်ပါ၊ အတိတ်မှာ ကြုံတွေ့ခဲ့ရတာတွေကို သင်ခန်းစာယူပါ။ သင့်မှာ ယုံကြည်မှုနည်းလေလေ သင့်ရဲ့သံယောဇဉ်ဟာ အားနည်းလေဖြစ်ပါတယ်။ အပြောနဲ့လက်တွေ့ တစ်ထပ်တည်းကျသူ၊ သူတို့ဘယ်လိုခံစားရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူတစ်ယောက်ကို ရှာပါ။ ဖုံးကွယ်ထားတဲ့အရာတွေက သင့်ကို မလုံခြုံမှုသာ ပိုပြီး ခံစားရစေပါတယ်။
မှန်ကန်တဲ့လူတစ်ယောက်ကို ရှာဖွေတဲ့အခါ အားလုံးပြည့်စုံတဲ့သူဆိုတာ ရှိနိုင်မှာ မဟုတ်ပါဘူး။ အောင်မြင်သော relationship ရှိသူတွေမှာ ရိုးသားမှု၊ သစ္စာစောင့်သိမှုနှင့် ကတိတည်မှုကဲ့သို့သော အဓိကအရည်အသွေး အနည်းငယ်ရှိကြပါတယ်။ ဒီအရည်အသွေးတွေရှိတဲ့ ဘဝလက်တွဲဖော်ကို ရှာသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီထက်နည်းတာကို လက်ခံခြင်းက သင့်ကို စိတ်ပျက်စေနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ အရည်အချင်းအချို့နဲ့ တစ်စုံတစ်ယောက်ကို သင်တွေ့ပြီဆိုရင် ရေရှည်အတွက်၊ ပျော်ရွင်ဖွယ်ခရီးအတွက် သင့်ကိုယ်သင် ပြင်ဆင်ထားပါ။
Lifestyle_Myanmar
LM_Nandar
Source-momjunction
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။