ဓာတ်ပုံထဲမှာ ပိန်သွယ်သယောင်ဖြစ်နေစေမယ့် အမိုက်စား Pose ပေးနည်း
moda.com.mm
|
2020-09-18

Facebook မှာပဲကြည့်ကြည့်၊ Instagram မှာပဲကြည့်ကြည့် ခန္ဒာကိုယ်ကောက်ကြောင်းလှလှနဲ့ မိန်းကလေးတွေပေါ်ကို အမြဲလိုလို တွေ့မြင်နေရမှာပါ။ တချိူ့ဆို ပြည့်ပြည့်၀၀လေးတွေဆိုပေမယ့် ပုံတွေကြည့်လိုက်ရင် အချိူးအစားကျကျနဲ့ မိုက်နေတတ်ပါတယ်။ ဒီလိုပုံတွေရဖို့ တကယ်တမ်းတော့ မခက်ခဲပါဘူး။ ဓာတ်ပုံရိုက်နေကျလူတွေမို့ ဘယ်လိုအနေအထား၊ ဘယ်လိုနေရမလဲဆိုတာ အလိုလိုသိနေကြလို့ပါ။

ကိုယ်ရိုက်လိုက်တိုင်း ပုံတွေကြည့်ပြီး စိတ်ဓာတ်ကျရတာလည်း မဖြစ်ရအောင်၊ Camera ထဲမှာ ပိန်သယောင်ဖြစ်နေစေဖို့ ခုပြောပြမယ့် နည်းလမ်းလေးတွေ က သိပ်ကို အသုံးဝင်မှာ အသေအချာပါပဲ။ အမိုက်စား Outfit နဲ့ ကိုယ်လုံးပေါ်လေးရိုက်ဖို့အတွက် နောက်တစ်ခါဆို စိုးရိမ်စရာမလိုလောက်တော့ဘူးနော်။


Cross your legs



မတ်တပ်ထနေတဲ့ပုံလေးကို တစ်ကိုယ်လုံးစာ ရိုက်ယူမယ်ဆိုရင် ဒီနည်းလမ်းလေးက လူကို ပိန်သွယ်သယောင်ဖြစ်စေမှာပါ။ ထောင့်ချိူးလေးအတိုင်းရပ်နေပြီး ခြေထောက်ကို ကန့်လန့်ဖြတ်လေးထားပြီး ရိုက်ပါ။ စုံရပ်တဲ့ ပုံစံထက် ဒီနည်းလမ်းကို အသုံးပြုကြည့်ပါ။


အစွန်းမှာ ထိုင်ပါ။




ထိုင်နေတဲ့ပုံလေးတွေကို ရိုက်ယူမယ်ဆိုရင်တော့ စိတ်ရှိလက်ရှိထိုင်ပြီး Pose မပေးပဲ ထိုင်ခုံအစွန်းလေးမှာ သာထိုင်ပြီး ခြေထောက်တွေကို အပြင်ကို ထုတ်ထားပါ။ ခြေပြစ်လက်ပစ်ထိုင်ခုံပေါ် အပြည့်ထိုင်တာက ပေါင်တွေ၊ ခြေထောက်တွေကို ဗက်ကျယ်သွားစေပြီး ပိုပြီး ကြီးသွားသယောင်ဖြစ်စေပါတယ်။ ခြေတန်ရှည်ရှည်ဖြစ်စေဖို့ ခြေထောက်တွေကို အနည်းငယ်ထောက်ထားပြီးရိုက်ပါ။


Perfect your posture




ပိန်တဲ့သူတွေတောင်မှ ငိုက်ငိုက်၊ ကိုင်းကိုင်းကြီးနေရင် ပုံထဲမှာ တော်တော်လေးကြည့်ရဆိုးပါတယ်။ ပုခုံးတွေကို နောက်ပစ်ထားပြီး ခပ်မတ်မတ်အနေအထားက ယုံကြည်မှုရှိတဲ့ပုံဖြစ်စေပြီး ခန္ဒာကိုယ်အနည်းငယ် သွယ်သယောင်ဖြစ်စေပါတယ်။


Position your arms



ဘေးနှစ်ဖက်မှာ လက်ကို ဒီတိုင်းချထားတာက ပိုပြီး ဝပြီး ပုတဲ့အသွင်ကိုဖြစ်စေပါတယ်။ ဓာတ်ပုံရိုက်တော့မယ်ဆိုတာနဲ့ လက်တွေကို ခန္ဒာကိုယ်နားမှာ ကပ်မထားပဲ အလုပ်နည်းနည်းပေးလိုက်ပါ။ မြှောက်ထားတာ၊ ခါးထောက်ထားတာ၊ လက်လွဲလိုက်တာ စသဖြင့် လက်တွေကို အဝေးမှာ ထားပြီး ရိုက်ပါ။


Chin out



မေးနှစ်ထပ်နဲ့ မျက်နှာကြီးသယောင် မဖြစ်ရလေအောင် ခေါင်းလေးကို မော့ပြီး မျက်နှာကို ရှေ့ထုတ်လိုက်ပါ။ ခေါင်း နည်းနည်းကြီးသလိုပေါ်မှာဖြစ်ပေမယ့် မေးရိုးတွေ၊ လည်တိုင်တွေကို သွယ်သယောင်ဖြစ်စေတာမို့ ဘာရွေးမလဲ ကိုယ်တိုင်ပဲ စဉ်းစားကြည့်တော့နော်။


Wear Dark Colors




အမဲရောင်က လူကိုပိန်စေတာမို့ ပုံတိုင်းမှာ အမဲရောင်ပဲ ဝတ်စရာမလိုဘူးနော်။ အရောင်ဖျော့ဖျော့တွေထက် အရောင်ရင့်ရင့်တွေကို ရွေးချယ်ပါ။ ခရမ်းရင့်ရောင်၊ နက်ပြာရောင် စတဲ့အရောင်တွေကို ရွေးချယ်နိုင်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ အဝတ်အစားကလည်း အရေးကြီးတာမို့ အပွင့်အခက်တွေ Design တွေ ရှုပ်ယှက်ခက်နေတာက လူကိုဝစေတာမို့ အရောင်ငြိမ်ငြိမ်နဲ့ ရှင်းရှင်းလင်းလင်း အဝတ်အစားတွေကိုသာ ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။


ဘေးတစောင်း






မတ်တပ်ရပ်တာလည်းရိုးနေပြီ။ ပိန်သယောင်ဖြစ်မယ့် အခြား Pose ဆိုရင်တော့ ဘေးတစောင်းမှီတာ၊ ရပ်တဲ့ Pose လေးက အသုံးဝင်မှာပါ။ ပုံထဲမှာ မျဉ်းစောင်းပုံစံဖြစ်သွားလို့ အရပ်ရှည်ပြီး ဗိုက်ပူနေတာ၊ ခါးတုတ်နေတာကိုလည်း ဖုံးဖိသလိုဖြစ်စေပါတယ်။


#ခြေထောက်
#အရောင်
#အစွန်း
#ထိုင်ခုံ
#နက်ပြာရောင်

Some text some message..