
ကိုယ်ကြိတ်ကြွေနေတဲ့ ကောင်လေးက ကိုယ့်ကိုယ် စိတ်ဝင်စားလာအောင် လွယ်လွယ်ကူကူပဲ flirt လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်နော်။ ကောင်လေးတွေက ဒီလို မိန်းကလေးတစ်ယောက်ရဲ့ ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးတွေကနေ ရုန်းထွက်နိုင်စွမ်း ကင်းမဲ့တတ်ကြပါတယ်တဲ့နော်။ ကဲ ဘယ်လိုအမူအရာလေးတွေက ယောကျာ်းလေးတစ်ယောက်ကို ကြွေကျသွားစေနိုင်တာလဲ ကြည့်လိုက်ရအောင်။
မျက်လုံးချင်းဆုံတဲ့ အကြည့်

shutterstock/LightField Studios
တစ်စုံတစ်ယောက်ရဲ့ မျက်လုံးကို လေးလေးနက်နက် စိုက်ကြည့်တတ်တာက အဲဒီလူရဲ့ စိတ်ကို ဖမ်းစားနိုင်တယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် မိန်းကလေးတစ်ယောက်ဆိုရင်တော့ ကိုယ်သဘောကျနေတဲ့ တစ်စုံတစ်ယောက်ရဲ့စိတ်ကို ရယူဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ ဒီလိုမျိုး မိန်းကလေးတစ်ယောက် စိုက်ကြည့်တတ်တဲ့ အကြည့်တွေအောက်မှာ ယောကျာ်းလေးတွေက အလွယ်တကူပဲ ကျရှုံးရတတ်ပါတယ်တဲ့။ နောက်ပြီး ယောကျာ်းလေးတွေက သူတို့ကို စိုက်ကြည့်ရဲတဲ့ မိန်းကလေးတွေကို ပိုသဘောကျတတ်ကြတာပါ။
အထိအတွေ့

shutterstock/ bixstock
မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်ကို ပေါ်တင်သွားပြီး ထိကိုင်တာမျိုးကတော့ တန်ဖိုးမဲ့တဲ့သူလို့ ထင်သွားစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့အထိအတွေ့လေးတွေကတော့ ယောကျာ်းလေးတစ်ယောက်ကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ဥပမာ- မတော်တဆ ထိမိသွားတဲ့ ပုံစံမျိုး၊ ပစ္စည်းတစ်ခုခုလှမ်းယူလိုက်တဲ့အချိန်မှာ နှစ်ယောက်သား လက်ချင်းထိမိတာမျိုး စသဖြင့်ပေါ့။ ဒီလို အထိအတွေ့လေးတွေ ယောကျာ်းလေးတစ်ယောက်ကို ဆွဲဆောင်နေပါတတ်ပါတယ်။
ဆွဲဆောင်မှုရှိတဲ့ အပြုံး

shutterstock/ stockfour
အပြုံးက အရမ်းကို အားပြင်းပြီး လှပတဲ့ အရာတစ်ခုပါ။ အပြုံးက တော်တော်များများသော အရာတွေကို အလွယ်တကူပဲ သိမ်းပိုက်နိုင်စွမ်းရှိပါတယ်။ တစ်စုံတစ်ယောက်ကို ဖမ်းစားချင်တဲ့အခါမှာတော့ ဆွဲဆောင်မှုရှိရှိ ပြုံးတတ်ဖို့ လိုပါတယ်။ အထူးသဖြင့် ကိုယ်သဘောကျရတဲ့ တစ်စုံတစ်ယောက်ကို ဆွဲဆောင်တဲ့အခါ သူ့မျက်လုံးတွေကို စိုက်ကြည့်ပြီး အလှပဆုံး ပြုံးပြလိုက်ပါ။ ဒီအပြုံးမှာ သူကျရှုံးသွားမှာ အမှန်ပါနော်။
ဆံပင်ကို ထိကိုင်တာ

shutterstock/ Maria Evseyeva
မိန်းကလေးတွေ ဆံပင်ကို ထိကိုင်ဆော့ကစားနေတဲ့ ပုံစံလေးက ယောကျာ်းလေးတွေရဲ့ အမြင်မှာ အရမ်းကို ဆွဲဆောင်မှု ရှိနေပါတယ်တဲ့။ ဆံပင်ကို နားရွက်နောက် ထည့်လိုက်တဲ့ ပုံစံတွေ၊ ဆံပင်ကို လက်ချောင်းလေးတွေနဲ့ ဖွနေတတ်တဲ့ ပုံစံလေးတွေက သူတို့ရဲ့ အမြင်မှာ အရမ်းကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေတဲ့အတွက် ဒီပုံစံလေးက ယောကျာ်းလေးတစ်ယောက်ကို ရုန်းထွက်ဖို့ ခက်ခဲစေတတ်ပါတယ်။
ကိုယ်သင်းရနံ့
လူတစ်ယောက်မှာ ကိုယ်သင်းရနံ့ဆိုတာ တကယ့်ကို အရေးကြီးပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့ကလည်း ယောကျာ်းလေးတွေ အလွယ်တကူ သတိထားမိစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ နောက်ပြီး အနံ့တွေနဲ့ပတ်သက်လို့ လူတွေမှာ အလွယ်တကူ မှတ်မိနိုင်စွမ်းတွေ ရှိနေပါတယ်။ ဒါကြောင့်ပဲ ကိုယ်သင်းရနံ့ကောင်းမွန်ဖို့ ဂရုစိုက်သင့်ပါတယ်။
Khin