
လက်ရှိမှာ Social Media တွေရဲ့ အခန်းကဏ္ဍကအရမ်းကျယ်ပြန့်လာတာနဲ့ တပြေးညီ Social Influencer တွေရဲ့ Role ကလည်း Celebrity တွေနည်းတူ အရမ်းအရေးပါလာတယ်။ များစွားသော Brand တွေနဲ့ ကုန်ပစ္စည်းတွေ၊ Digital Marketing Industry တွေရဲ့ Demand အဖြစ်ဆုံးနဲ့ တန်ဖိုးထားတဲ့ လူတွေထဲမှာ Social Influencer တွေကလည်း တစ်ခုအပါအဝင်ဖြစ်လာတယ်။ နာမည်ကျော် Brand တွေကလည်း သူတို့ရဲ့ Product နဲ့ Service Branding တွေမှာ Celebrity တွေထက်တောင် Influcencer တွေရဲ့ ပါဝါကို တွင်တွင်ကျယ်ကျယ်အသုံးချလာကြတယ်။
တကယ်တော့ Social Influencer ဖြစ်ဖို့ဆိုတာလည်း လွယ်တော့မလွယ်ကူပါဘူး။ Influencer တွေကသူတို့ရဲ့ Knowledge တွေ၊ Experience တွေနဲ့ Feelings တွေကို သတ်မှတ်ထားတဲ့ Audience တွေဆီရောက်အောင် Content တွေကိုထိထိမိမိ Create လုပ်နိုင်ရတယ်။ လူအများကို Influence ဖြစ်နေစေရမယ်။ Personal Branding ကောင်းရမယ်။ တခြားအချက်တွေလည်း အများကြီး မှ အများကြီးရှိပါသေးတယ်။
အကယ်၍ သင်ကိုယ်တိုင်ကလည်း ဒီ Influencer Industry ကိုစိတ်ဝင်စားသူ (ဒါမှမဟုတ်) ကိုယ်ကိုယ်တိုင် Social Influencer လုပ်တော့မယ်ဆိုရင်တော့ ဒီအချက်လေးတွေကိုတော့ သိထားဖို့လိုပါလိမ့်မယ်။ နောက်တစ်ခုကတော့ နာမည်ကြီးတိုင်းလည်း သူ့ကို Influencer လို့သတ်မှတ်လို့မရပါဘူး။ Influencer Industry ထဲဝင်တော့မယ်ဆိုရင် ဒီအချက်လေးတွေကိုတော့မေ့ထားလို့မရဘူးနော်။
ကိုယ်လုပ်မယ့် Influencer လိုင်းကိုသေချာရွေးချယ်ပါ
Influencer Industry ထဲကိုဝင်တော့မယ်ဆိုရင် သင်ကိုယ်တိုင်ကဘယ် Category ကို Influencer အဖြစ်လုပ်မှာလည်းဆိုတာပြတ်ပြတ်သားသားသိအောင်ကြိုးစားပါ။ ဥပမာ Fashion နဲ့ ပတ်သတ်တာလား၊ Lifestyle လား၊ Beauty ပိုင်းလား၊ ဒါမှမဟုတ် Technical ပိုင်းတွေကို Present လုပ်ချင်တာလား၊ Game Streaming ဘက်ကိုသွားချင်တာလား ဆိုတာအရင် Decide လုပ်ဖို့အရေးကြီးပါတယ်။ ကိုယ်ကိုယ်တိုင်ကရော ဘယ်အရာတွေမှာ အားသာချက်၊ အားနည်းချက်တွေရှိလဲ။ ဘယ်အရာတွေကို ကျွမ်းကျင်လဲဆိုတာကိုလည်းသေချာ Analysis လုပ်ဖို့လိုမယ်။ ပြီးသွားရင်ကိုယ် Deliver လုပ်ချင်တဲ့ Target Audience ကိုလည်းတိတိကျကျ Set-Up လုပ်ပါ။
Technical Skill တွေကျွမ်းကျင်စွာအသုံးပြုတတ်ပါစေ
Social Inflencer လုပ်တော့မယ်၊ Blogger လုပ်တော့မယ်ဆိုရင် Technical-Know-How တွေကိုလည်း ကောင်းစွာသိထားဖို့လိုပါတယ်။ အထူးသဖြင့် Basic Camera Knowledge တွေ၊ Photoshop၊ Graphic Design နဲ့ Video Editing Skill တွေကိုလည်း ကျွမ်းကျင်စွာအသုံးပြုတတ်ရင်တော့ အကောင်းဆုံးပေါ့။ ဒါမှလည်း ကိုယ့်ရဲ့ Page/Youtube Channel နဲ့ Personal Blog တွေကို Social Media ပေါ်မှာ ကိုယ်ပိုင် Unique ဖြစ်တဲ့ Idea တွေကို ချပြနိုင်မှာမလား။
Social Media Overview ကိုအမြဲလေ့လာပါ
Social Media ပေါ်မှာ အလုပ်လုပ်တော့မယ်ဆိုရင် ဒီ Social Media နဲ့ပတ်သက်တဲ့ Knowledge တွေ နည်းလမ်းတွေအကုန်လုံးကို သိထားသင့်ပါတယ်။ ကိုယ်တင်မယ့် Social Media Platform ရဲ့ Rules and Regulations တွေ၊ ဖွဲ့စည်းပုံတွေ၊ Social Media Operation တွေနဲ့ Digital Marketing တွေကို လေ့လာထားဖို့လိုပါတယ်။ ဒါမှလည်း ကိုယ်ကကိုယ့်ရဲ့ Audience ကိုဘယ်လိုအရာတွေနဲ့ Attract လုပ်မယ်၊ Engagement တွေတက်အောင်ဘာတွေလုပ်ရမယ်၊ Weekly-Monthly Social Media Overview တွေကို ဘယ်လို Analysis လုပ်ရမယ်ဆိုတာကို သေချာလုပ်ဆောင်နိုင်မှာပါ။
Good Communication တည်ဆောက်ပါ
Social Influencer တစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ Interest နဲ့ Content တွေကို အများကို ချပြရမှာဖြစ်တဲ့အတွက် Presentation Skills နဲ့ Body Language တွေကအရမ်းစကားပြောပါတယ်။ ကိုယ့်အကြောင်းကို အများကစိတ်ဝင်စားမှုရှိအောင်ပြောနိုင်တာ၊ Entertaining ဖြစ်အောင်ပြောဆိုနိုင်တာတွေကလည်း အောင်မြင်တဲ့ Influencer တွေမှာရှိတဲ့အရည်အချင်းတစ်ခုပါ။ ပြီးတော့ ကိုယ့်ရဲ့ Platfrom တွေမှာလည်းအမြဲ Active ဖြစ်နေဖို့နဲ့ Responsive ဖြစ်နေဖို့လိုတယ်။ ကိုယ့်ရဲ့ Audience တွေ၊ Fan တွေနဲ့တင်မကပဲ ကိုယ်နဲ့ လက်တွဲအလုပ်လုပ်ကိုင်ရမယ့် Brand တွေ Client တွေနဲ့ပါ ကောင်းမွန်တဲ့ Communicative ဖြစ်တဲ့ Relation တွေတည်ဆောက်ပါ။
Creativity and Learning
နောက်ထပ်အရေးကြီးဆုံးအချက်က Influencer တွေအနေနဲ့ ကိုယ့်ရဲ့ Brand နဲ့ Authenticity အတွက် စိတ်ကူးစိတ်သန်းတွေ၊ ကိုယ်ဖန်တီးမယ့် Content တွေ၊ တင်ဆက်မယ့် Video တွေကိုလည်း အမြဲဆန်းသစ်နေအောင် တီထွင်ကြံဆနေရမယ်။ ပေါ်ပင်ခေတ်စားတဲ့ Trend တွေကိုလိုက်လုပ်တာထက်ကိုယ့်ကိုယ်ပိုင် Idea တွေနဲ့ Creativity တွေကိုသာပေါင်းစပ်ပြီး Influencer Market ကိုထိုးဖောက်ပါ။ Popularity နောက်လိုက်တာထက်ကိုယ့်ရဲ့ Creativity တွေကောင်းနေဖို့ကအရေးကြီးပါတယ်။ Influencer တွေကလည်း သူတို့ရဲ့ တစ်နေ့တာမှာသင်ယူနေရပါတယ်။ ကောင်းသည်ထက်ကောင်းတဲ့ Idea တွေပြနိုင်ဖို့၊ ကိုယ့် Field မှာလည်း ကျွမ်းကျင်တဲ့စကားပြောစွမ်းရည်တွေရှိနိုင်ဖို့ Continuous Learning လုပ်ဖို့လိုပါတယ်။
Time Management
အထူးသဖြင့် မြန်မာနိုင်ငံက Influencer အများစုကတော့ ဒီ Influencer Career ကိုပဲအဓိက Main Business အနေနဲ့လုပ်တာရှားပါတယ်။ ဒီ Influencer မလုပ်ခင်တည်းကသူတို့မှာ လုပ်ကိုင်နေတဲ့ Professional Career တွေရှိကြပါတယ်။ ဒီတော့ အလုပ်တစ်ဖက်နဲ့ Social Influencer လုပ်မယ်ဆိုရင်တော့ Time Management ကိုကောင်းကောင်းစီမံခန့်ခွဲဖို့လိုလာပါလိမ့်မယ်။ ဒီတော့ ကိုယ့်ရဲ့ Social Media Platform အတွက်ထိရောက်တဲ့ Content Planning တွေကိုစဉ်းစားရပါမယ်။ ဘယ်နေ့ဘာတင်မယ်၊ ဘာလုပ်မယ်ဆိုတဲ့ Content Schedule ကိုလည်း စနစ်တကျဆွဲပြီးလုပ်ဆောင်ဖို့လိုပါတယ်။ Work-Life-Balance ဖြစ်ဖို့လည်း မမေ့နဲ့နော်။ Schedule ဆွဲတဲ့အခါမှာလည်း ကိုယ့်ရဲ့ Post တွေ၊ တင်မယ့်ရက်တွေက Consistent ဖြစ်ဖို့၊ အမြဲ Innovative ဖြစ်နေဖို့လည်း စဉ်းစားနေရပါတယ်။
Mindset ကိုကောင်းကောင်းစီမံခန့်ခွဲပါ
အဆက်မပြတ် Create လုပ်နေတဲ့Influencer တစ်ယောက်အနေနဲ့ ဒီ Industry ထဲမှာအောင်မြင်နေဖို့ဆိုရင် Mindset ကိုလည်း အမြဲ အကောင်းမြင်တဲ့စိတ်လေးထားနိုင်ဖို့ကအရေးကြီးပါတယ်။ တခြားသူအပေါ်မှာလည်း Respect အပြည့်အဝရှိရသလို၊ Empathy နဲ့ Sympathy လည်းထားဖို့လိုအပ်ပါတယ်။ Influencer တွေလည်း Celebrity တွေနည်းတူ အလုပ်ရှူပ်ပါတယ်။ Work Pressure အရမ်းများပါတယ်။ အများအရှေ့ထွက်ပြီး တင်ဆက်ရတဲ့သူတွေဖြစ်တာမို့ Social Media ကတစ်ဆင့်ရောက်ရှိလာနိုင်တဲ့ အကောင်းအဆိုးတွေကိုလည်း ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားရပါတယ်။
Courtesty of Google.