
နေ့ရက်တိုင်းမှာ အဆင်ပြေအောင် အကျင့်ကိုယ်စီနဲ့ ဖြတ်သန်းနေကြတဲ့သူတွေ ရှိပါတယ်။ ဒီလိုလူတွေထဲမှာ အသန့်ကြိုက်သူတွေလည်း ပါဝင်ပါတယ်။ သန့်ရှင်းမှုက အရေးကြီးတယ်ဆိုတဲ့ ခံယူချက်အပြင် သန့်ရှင်းနေတာကိုမှ နှစ်သက်တဲ့ သူတို့ရဲ့ စိတ်ကြောင့် သူတို့က နေ့စဉ် ဒီအချက်ကို အမြဲ သတိထားမိနေတဲ့သူ ဖြစ်ပါတယ်။ သူတို့လို အသန့်ကြိုက်သူတွေက နေ့တိုင်း နေ့တိုင်း ဒီအချက်တွေကို အမြဲ အကျင့်ဖြစ်နေလေ့ ရှိပါတယ်။
(၁) နေရာ
အသန့်ကြိုက်သူတွေက ဘယ်နေရာကို ရောက်ရောက် အရင်ဆုံး လုပ်တတ်တဲ့ အရာတစ်ခုကတော့ သူတို့ထိုင်မယ့် နေမယ့် နေရာကို သေချာ ကြည့်ရှုခြင်းပါပဲ။ ဖုန်နဲ့ အမှိုက် အပြင် ဘာညစ်ပတ်တာ ရှိလဲဆိုတာအပြင် သန့်လားဆိုတာကို ကြည့်ရှုကြတာ ဖြစ်ပါတယ်။ များသောအားဖြင့် တခြားသူတွေက အဲ့သလို သေချာ မကြည့်ပေမယ့် အသန့်ကြိုက်သူတွေက ဖျက်ခနဲ ကြည့်ရင်တောင် အဲ့လိုအချက်တွေကို ကြည့်ပြီးသား ဖြစ်နေတတ်ကြပါတယ်။

Photo by Marcus Aurelius from Pexels
(၂) စားသောက်စရာ
အသန့်ကြိုက်တဲ့သူတွေက စားသောက်ခါနီးမှာလည်း ဇွန်း၊ စားပွဲ စတဲ့ အရာတွေကို သေချာ ကြည့်တတ်ကြပါတယ်။ တစ်ချို့ဆိုရင် အစားအစာကိုပါ ကြည့်နေလေ့ ရှိပါသေးတယ်။ ဒါကြောင့် သူတို့က လမ်းဘေး အစားအစာတွေကို စားလေ့ မရှိသလို လက်အိတ်မပါပဲ သုပ်တဲ့ အသုပ်တွေကိုလည်း လုံးဝ မစားတတ်ကြပါဘူး။

Photo by Anna Shvets from Pexels
(၃) ပတ်ဝန်းကျင်
သူတို့က အမြဲ ပတ်ဝန်းကျင်ကိုလည်း အကဲခတ်နေတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့ရှိနေတဲ့ ပတ်ဝန်းကျင်တစ်ဝိုက်ကို အမြဲ သန့်ရှင်းမှု ရှိမရှိ သတိထားတတ်ကြပါတယ်။ အလုပ်စားပွဲဆိုရင် ဖုန်ရှိနေတာလေးကိုတောင် သူတို့က မနှစ်မြို့တတ်ပါဘူး။ ဒါကြောင့် ရှုပ်ပွနေရင်အောင် မညစ်ပတ်အောင် နေထိုင်တတ်ကြပါတယ်။
Photo by
Andrea Piacquadio
from
Pexels
(၄) ရွေးချယ်ခြင်း
သူတို့က စားတာ၊ သွားတာ ဘာပဲလုပ်လုပ် သန့်ရှင်းလားဆိုတာကို အရင် ကြည့်တတ်ကြပါတယ်။ ဆိုင်က မသန့်ဘူးဆိုရင် စားလို့ ကောင်းတယ်ဆိုရင်တောင် စိတ်မသန့်လို့ သွားမစားတတ်ကြပါဘူး။ ဒါ့အပြင် သွားရမယ့် နေရာတွေမှာ မသန့်ရှင်းရင်လည်း ကိုယ့်ဘက်က ပြင်ဆင်မှုလေးတွေ လုပ်သွားတတ်ကြပါတယ်။

Photo by Andrea Piacquadio from Pexels
(၅) စေ့စပ်တယ်
ဒီလို အသန့်ကြိုက်တဲ့သူတွေမှာ ရှိနေတဲ့ ကောင်းတဲ့ အချက်ကတော့ အမြဲ စေ့စပ်တာပါပဲ။ သူတို့က စာအုပ်စီရင်တောင်မှ တည့်နေတာမျိုးကို သဘောကျကြသလို၊ ဖိနပ်ချွတ်ရင်လည်း ညီအောင် ချွတ်တတ်ကြပါတယ်။ ဒါ့အပြင် အလုပ်လုပ်တဲ့အခါမှာလည်း စေ့စပ်သေချာကြပါသေးတယ်။ ဒါကြောင့် သူတို့တွေနဲ့ ဆိုရင် ပိုတယ်လို့ ထင်ရပေမယ့်လည်း တော်တော်လေး အဆင်ပြေပြေနေရပါတယ်နော်။
Kham