သင် လက်သီးဆုပ်ထားတဲ့ ပုံစံက ပြောပြနေတဲ့ သင့်အကြောင်း
auntymay.com
|
2020-09-27

ရှေးခေတ်လေ့လာတွေ့ရှိမှုများအရ သင့်ရဲ့လက်သီးဆုပ်ပုံကိုကြည့်ပြီး သင့်ရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးအမှန်ကို သိရှိနိုင်ပါတယ်တဲ့။ ပြုလုပ်ရမှာကတော့ သင်ပုံမှန်လက်အနေအထားအတိုင်း လက်သီးဆုပ်ကြည့်ပါ။ ပြီးရင်တော့ သင့်အကြောင်းလေးတွေမှန်မမှန် ကြည့်ကြည့်လိုက်ပါဦးနော် …

လက်သီးဆုပ် ပုံစံ(၁)

shutterstock By Intarapong

လက်မကိုအပေါ်မှာထားတတ်သူတွေ …ဒီလူတွေကတော့ ရည်မှန်းချက်ကြီးတယ်၊ သူတစ်ပါးအပေါ်လွှမ်းမိုးနိုင်ပြီး ကိုယ့်ကိုယ်ကို လည်း ကာကွယ်နိုင်တဲ့စွမ်းအား အပြည့်ရှိသူတွေပါ။ မွေးလာတည်းက ခေါင်းဆောင်ဖြစ်နိုင်တဲ့အရည်အချင်းတွေ ပါလာသူလေးတွေပေါ့ ။ ရည်မှန်းချက်တွေကိုလည်း ဘယ်လောက်အတားအဆီးတွေရှိရှိ ကျော်လွှားပြီး ရအောင်ယူတတ်ကြပါတယ်။ အချစ်ရေးမှာတော့ သူဘယ်လောက်ချစ်ချစ် တစ်ဖက်လူက သူ့အနားကထွက်ခွာချင်ပြီဆိုရင် ဆွဲမထားတတ်တဲ့ ပြတ်သားတဲ့ သူမျိုးတွေပါ။

လက်သီးဆုပ် ပုံစံ(၂)

shutterstock By Lolostock

လက်မကိုလက်ချောင်းတွေရှေ့ ထားတတ်သူတွေ …ပုံစံ(၂) အတိုင်း လက်သီးဆုပ်တတ်သူတွေကတော့ social ကျတယ် ၊ အပေါင်းအသင်းပေါတယ်၊ ရိုးသားတဲ့စိတ်ရှိသူတွေပါ။ ဖြောင့်မှန်တဲ့သူတွေဖြစ်ပြီး သူတို့ရဲ့လက်ရှိပုံစံကို ဘယ်တော့မှဖုံးကွယ်မထားတတ်တဲ့သူတွေပါ။ ဒီလိုလူတွေကတော့ ကိုယ်ပိုင်အရည်အချင်းနဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်မယ့်သူမျိုး၊ သူတို့ကိုယ်ကို ကျေနပ်ရောင့်ရဲတတ်ကြသူမျိုးပါ။ ဒါပေမယ့် ရိုးသားပြီး တည့်တိုးပြောလွန်းလို့ တစ်ခါတစ်လေ အိမ်မှာ၊ အလုပ်မှာ ပြဿနာတတ် တတ်ကြပါတယ်။

လက်သီးဆုပ် ပုံစံ(၃)

shutterstock By Cheers Group

လက်မကို လက်တွေကြားထဲ ဆုပ်ထားတတ်သူတွေ …ဒီလူတွေကတော့ စိတ်အတက်အကျများတတ်သူလေးတွေပါ။ တစ်ဦးတည်းသီးသန့်နေတတ်သူလေးတွေပေမယ့် ကြင်နာတတ်တဲ့ နှလုံးသားရှိကြပါတယ်။ ကြွားဝါတာမျိုး မရှိပဲ လူမသိသူမသိနေတတ်သူလေးတွေပေါ့။ အပေါင်းအသင်းဆိုရင်လည်း များများမရှိပဲ အရင်းနှီးဆုံး၊ အစစ်မှန်ဆုံးဆိုတဲ့သူတွေနဲ့ပဲ ပေါင်းတတ်သူတွေပါ။ နှလုံးသားနွေးထွေးပြီး ဝမ်းနည်းတတ်တယ် ၊ ကြင်နာတတ်သူလေးတွေမို့ တစ်ခြားလူ အကူအညီတောင်းရင်လည်း ဘယ်တော့မှမငြင်းတတ်တဲ့ ဖြူစင်သူလေးတွေပါ …

Rain


#အပေါင်းအသင်း
#ပုံစံ
#နှလုံးသား
#ရည်မှန်းချက်
#တစ်ခြားလူ

Some text some message..