အိပ်ရာဘေးကို သံပုရာသီးထားအိပ်ရင်ဘာတွေထူးခြားလာမလဲ
myanmaplatform.com
|
2020-09-27



သံပုရာသီးဆိုတာက အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးတွေအများကြီးရရှိနိုင်ပါတယ်။သံပုရာသီးကို ဖျော်သောက်တာမျိုးမဟုတ်ပဲနဲ့ အိပ်ရာဘေးထားအိပ်ရင်တောင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။




၁ — သွေးတိုးရောဂါကို သက်သာစေမယ်

သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့ သံပုရာသီးစိတ်ကို အိပ်ရာဘေးမှာထားအိပ်သင့်ပါတယ်။သံပုရာသီးရဲ့ အနံ့က သွေးပေါင်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။




၂ — လေထုကိုသန့်စင်ပေးနိုင်

အခန်းထဲမှာ အနံ့အသက်မကောင်းတဲ့ အခါမျိုးမှာ သံပုရာသီးစိတ်ကို ထားထားသင့်ပါတယ်။လေထုထဲက ဘက်တီးရီးယားပိုးမွှားတွေကို သေစေတဲ့ အပြင် ခြင်၊ယင်ကောင် တွေရန်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။




၃ – ဦးနှောက်စွမ်းဆောင်ရည်ကောင်းမွန်စေနိုင်

သံပုရာသီးရဲ့ အနံ့က လန်းဆန်းတက်ကြွစေပြီးတော့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်ကောင်းမွန်လာစေမှာပါ။အာရုံစူးစိုက်မှုပိုမိုကောင်းမွန်စေပြီးတော့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို အားဖြည့်ပေးနိုင်ပါတယ်။




၄ — စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်

တစ်နေ့တာစိတ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှူတွေကို သံပုရာသီးစိတ်က ဖြေဖျောက်ပေးနိုင်ပါသေးတယ်။ရနံ့ကုထုံးပညာရှင်တွေက စိုးရိမ်ပူပန်မှူနဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူတွေကို သံပုရာသီးရနံ့ကို အသုံးပြုပြီးကုသကြတာပါ။အဲ့ဒါမလို့ အိပ်ခန်းထဲမှာ သံပုရာသီးစိတ်ထားခြင်းက စိတ်ပင်ပန်း စိတ်ဖိစီးမှူတွေကို သက်သာလာစေမှာပါ။




၅ — စိတ်လန်းဆန်းပေါ့ပါးစေနိုင်

အိပ်ရာနိုးတဲ့ အခါ တစ်ခါတစ်လေ စိတ်မကြည်မလင်ဖြစ်တတ်ပါတယ်။မနက်စောစောလန်းဆန်းတက်ကြွမှူ မရှိခြင်းကို သံပုရာသီးစိတ်က ပြေပျောက်သွားစေနိုင်မှာပါ။အိပ်ရာဘေးမှာ သံပုရာသီးစိတ်ကို ထားထားလိုက်တာက မနက်မိုးလင်း အိပ်ယာထတာနဲ့ လန်းဆန်းတက်ကြွပြီး စိတ်လန်းဆန်းပေါ့ပါးနေမှာပါ။

သံပုရာသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို အသုံးချပြီး လန်းဆန်းတက်ကြွတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။


#သံပုရာသီး
#အိပ်ရာ
#ဦးနှောက်
#ရနံ့
#လေထု

Some text some message..