
ပျင်းတတ်တဲ့ အကျင့်က လူတိုင်းဆီမှာ ရှိတတ်ပါတယ်။ တစ်ရက်တစ်လေ ဘာမှကို မလုပ်ချင်ပဲ အပျင်းကြီးတဲ့ စိတ်က ဝင်နေတတ်တာမျိုးပေါ့။ တကယ်တော့ ပျင်းတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာဖြစ်လို့ အရမ်းကြီး ပြသနာမရှိပေမယ့် တစ်နေ့တစ်နေ့ ဘာမှမလုပ်ချင်ပဲ အပျင်းကြီးလာရင်တော့ ပြသနာရှိလာပါပြီ။ ဒီတော့ အပျင်းကြီးနေတဲ့ စိတ်ကို ဘယ်လိုကုသရမလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။
ပျင်းရတဲ့ အကြောင်းအရင်းကို ရှာပါ

shutterstock/eggeegg
အရာရာတိုင်းမှာ ဖြစ်ရတဲ့ အကြောင်းအရင်းဆိုတာ ရှိတတ်ပါတယ်။ ဒီလိုပဲ အပျင်းကြီးနေရတဲ့ ပြသနာကလည်း ပင်ပန်းနေလို့၊ အလုပ်တွေ အလွန်အကျွံလုပ်မိပြီး အားအင်တွေ ကုန်ခမ်းနေလို့ စသဖြင့် အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီလိုအခြေအနေဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အနားပေးတာ၊ တစ်ရက်လောက် ဘာမှမလုပ်ပဲ အားလပ်ရက်ပေးတာမျိုး လုပ်သင့်ပါတယ်။ ဒီအတိုင်း ပျင်းနေတာ ဆိုရင်တော့ ကိုယ့်စိတ်တက်ကြွမယ့် အရာလေးတွေကို အရင်ဆုံး လုပ်ဆောင်ပြီးမှ အလုပ်လုပ်သင့်ပါတယ်။
နောက်ဆက်တွဲ ပြသနာတွေကို စဉ်းစားပါ

shutterstock/Antonio Guillem
ဘာဆိုဘာမှ မလုပ်ချင်ပဲ ပျင်းနေတဲ့အချိန် လုပ်စရာတွေကလည်း ကိုယ့်ကိုယ် စောင့်နေတဲ့ အချိန်တွေမှာ ကိုယ့်အတွက် အဆင်ပြေမယ့် နည်းကို စဉ်းစားတတ်ဖို့ လိုပါတယ်။ ဒါကတော့ တကယ်လို့ ကိုယ်သာ အပျင်းကြီးနေရင် အလုပ်တွေ မပြီးပဲ နေမယ်၊ တကယ်လု့ိ အလုပ်တွေသာ မပြီးခဲ့ရင်ဆိုတဲ့ နောက်ဆက်တွဲပြသနာတွေကို စဉ်းစားကြည့်သင့်ပါတယ်။ ဒါဆိုရင်တော့ ပျင်းနေတာတွေကို ဖျောက်ပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ အသိလေးတော့ ဝင်လာမှာပါ။
တစ်ခုခု ထလုပ်ပါ

shutterstock/puhhha
လူက လုံးဝ အာရုံစိုက်လို့ မရတော့ဘူး အရမ်းတွေ ပျင်းနေတဲ့ အချိန်မှာ ဒီအတိုင်း ထိုင်မနေပါနဲ့။ စိတ်အပြောင်းအလဲဖြစ်မယ့် တစ်ခုခု လုပ်သင့်ပါတယ် ဥပမာ – ကော်ဖီထဖျော်တာမျိုး၊ ဖုန်းလေး ခဏလောက် သုံးတာမျိုး၊ ဝရံတာထွက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရင်း လေကောင်းလေသန့် ရှုတာမျိုး၊ ဟာသပြောတာမျိုး စသဖြင့်ပေါ့။ ဒါတွေက သင့်စိတ်ကို ပြန်လည်လန်းဆန်းစေပြီး ပျင်းနေတာလေးကို လျော့ပေးမှာပါ။
မနက်မှာ လန်းလန်းဆန်းဆန်း နိုးထပါ

shutterstock/gpointstudio
လူတစ်ယောက်ရဲ့ တစ်နေ့တာဟာ သူ့ရဲ့ မနက်အိပ်ရာက ထတဲ့အချိန်နဲ့ အရမ်းကို သက်ဆိုင်နေပါတယ်။ မနက်မှာ စိတ်လက်လေးလံပြီး နိုးလာမယ်၊ စိတ်မပါဘူးဆိုရင်တော့ တစ်နေ့လုံးက ပျင်းရိငြီးငွေ့ပြီး ဘာမှမလုပ်ချင် ဖြစ်နေတတ်ပါတယ်။ တကယ်လို့ လန်းလန်းဆန်းဆန်းလေး နိုးလာမယ်၊ ကိုယ့်ကိုယ်ကိုယ် စိတ်ကြည်ကြည်လင်လင်နဲ့ စိတ်တက်ကြွမယ် အရာလေးတွေနဲ့ အစပြုတဲ့ နေ့ကတော့ အားအင်တွေ ပြည့်ဝပြီး အလုပ်လုပ်ရတာ အဆင်ပြေနေစေမှာပါ။ ဒါကြောင့် မနက်တိုင်းမှာ စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထပြီး ကိုယ့်ကိုယ်ကို စိတ်ဓာတ်ခွန်အားတက်စေမယ့် အရာလေးတွေ ပြုလုပ်ပါ။
Khin