ခပ်ချောချော မိန်းမလှလေးတွ နေ့စဉ် ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲလေးများ
auntymay.com
|
2020-09-30

ရုပ်ချောတာ ကောင်းတဲ့အချက်ပဲလို့ ပြောကြပါတယ်။ တကယ်တော့ ဘယ်အရာမဆို မကောင်းတဲ့အချက်တွေက ရှိနေတာပါပဲ။ ဒါကြောင့် ရုပ်ချောတဲ့ ကောင်မလေးတွေမှာလည်း သူ့အခက်အခဲနဲ့ သူ နေနေကြရတာပါ။ ရုပ်ချောတော့ ကောင်းတာပေါ့လို့ ပြောတာကိုခံကြရသလို ဒီလိုမျိုး အခက်အခဲတွေကိုလည်း သူတို့က ကြုံနေကြရပါသေးတယ်။


(၁) ရုပ်ချောတာကို အပြစ်ပြောခံရတယ်

ရုပ်ချောတဲ့သူတွေမှာ မဖြစ်မနေ ကြုံနေရတာက ထစ်ခနဲရှိ ရုပ်ကို ခလုတ်တိုက်ပြီး အပြောခံရတာပါ။ ရုပ်ကလေးက ချောနေတာကိုး၊ ရုပ်ကလေး ချောတာပဲ ရှိတယ် ဘာမှအသုံးမကျဘူး၊ ရုပ်ချောနေတော့ စိတ်က ဘယ်ကို ရောက်နေတာ၊ ရုပ်ကလေးကို ဗန်းပြပြီး.. စသဖြင့် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး အပြောခံနေရတာက ရုပ်ချောတဲ့သူတွေပဲ ခံစားရတာမျိုးပါ။


Photo by Andrea Piacquadio from Pexels


(၂) အရည်အချင်းကို နောက်မှ မြင်တယ်

ရုပ်ချောတဲ့သူတွေကို အရည်အချင်းထက် ရုပ်ကို ပိုပြီး လူသိများခံကြရတတ်ပါတယ်။ ရုပ်ချောပြီး စာတော်တယ်ဆိုတာမျိုးက ကျောင်းတုန်းက ဖြစ်ပြီး လက်တွေ့ဘဝထဲမှာဆိုရင် ကိုယ့်အရည်အချင်းထက် ကိုယ့်ရုပ်ကိုပဲ ဦးစားပေးပြောဆိုခံရတဲ့အခါ နည်းနည်းတော့ အောင့်သက်သက် ဖြစ်ကြရပါတယ်။


Photo by Anthony Shkraba from Pexels


(၃) လွတ်လပ်မှု မရှိဘူး

ရုပ်ချောတဲ့သူတွေက လမ်းသွားရင်တောင် လွတ်လွတ်လပ်လပ် မသွားကြရတဲ့သူတွေ ဖြစ်ပါတယ်။ ရုပ်ချောလို့ ဘေးကလူ မှန်သမျှက လိုက်ကြည့်သလို၊ ရုပ်ချောလို့ နာမည်ကြီးပြီး လူသိများလွန်းတာမျိုးလည်း ဖြစ်တတ်ကြပါသေးတယ်။ ရုပ်ချောတာကြောင့် ကိုယ့်လွတ်လပ်ခွင့်ပါ ဆုံးရှုံးနေရတာ သူတို့ပါပဲ။


Photo by John Paul Duhan from Pexels


(၄) အကြောင်ခံရမယ်

ရုပ်ချောတဲ့ ကောင်မလေးတွေက လူကြိုက်များပါတယ်။ ဒါကြောင့် ချူချင်သူတွေ ပေါလွန်းလှပါတယ်။ တကယ်တော့ ရုပ်ရည်ကြောင့် လာကြိုက်ခံကြရတာ ဖြစ်ပါတယ်။ တကယ် ချစ်တာမျိုး မဟုတ်ဘဲ ရုပ်ချောလို့ လာပြီး ရည်းစားစကား ပြောတာကိုလည်း ခံနေကြရတာ ဖြစ်ပါတယ်။ သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်နေကြရတဲ့ ကိစ္စပါပဲနော်။


Photo by Andrea Piacquadio from Pexels


(၅) အမုန်းခံရမယ်

ရုပ်ချောတဲ့သူ အများစုက လူချစ်လူခင် ပေါတယ်ဆိုပေမယ့်လည်း ရုပ်ချောတာကို အကြောင်းပြုပြီး မုန်းကြတာလည်း ရှိပါတယ်။ ဘာအကြောင်းပြချက်မှ ရေရေရာရာ မရှိပါဘဲ ကိုယ့်ရုပ်ချောတာကို ကြည့်ပြီး ကြည့်မရ ဖြစ်နေတဲ့သူတွေကလည်း အများအပြားပါပဲ။

Kham


#Photo
#အပြော
#ရုပ်ရည်
#အခက်အခဲ
#လွတ်လပ်ခွင့်

Some text some message..