
ရုပ်လှဖို့ထက် စိတ်လှဖို့က အရေးကြီးပါတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ရုပ်လှခြင်းထက် စိတ်လှခြင်းက ကိုယ့်ကို ပိုပြီး စိတ်ချမ်းသာစေလို့ ဒီစကားကို လက်ခံရမှာပါ။ မိန်းကလေးတွေက အလှအပကို ဦးစားပေးတတ်ကြပေမယ့် စိတ်ထားအလှမှာလည်း စိတ်ကောင်းထားတတ်တဲ့ မိန်းကလေးတွေကတော့ သူများနဲ့ မတူစွာပဲ ဒီကောင်းကျိုးတွေကို ရနေတတ်ပါတယ်။
၁။ စိတ်ချမ်းသာရတယ်
စိတ်ပုတ် စိတ်ယုတ် ရှိတဲ့သူတွေက အမြဲ တခြားသူတွေကို မနာလိုတဲ့ အတွေးတွေ၊ မကျေနပ်တဲ့ အတွေးတွေနဲ့ ပြည့်နေတဲ့အတွက် စိတ်မချမ်းသာမှုတွေပဲ ဖြစ်နေတတ်ပါတယ်။ စိတ်ကောင်းထားတတ်တဲ့ သူတွေကတော့ ပူပန်နေရတာမျိုး သိပ်မရှိတဲ့အတွက် စိတ်ချမ်းသာမှုကို အချိန်တိုင်းလိုလို ရနေတတ်ပါတယ်။

Photo by Tri Hua from Pexels
၂။ လိပ်ပြာလုံတယ်
စိတ်ထားကောင်းတဲ့သူတွေက မကောင်းတာတွေကို လုပ်ချင်မိရင်တောင် မလုပ်မိအောင် ထိန်းတတ်ကြပါတယ်။ ဒီအတွက် ကိုယ် မကောင်းတာ မလုပ်ဖြစ်တဲ့အတွက် သူတို့တွေက ကိုယ့်လုပ်ရပ်တွေအတွက် လိပ်ပြာမလုံရတဲ့ အဖြစ်တွေကို မကြုံရတော့ပါဘူး။ ဒါက သူတို့ရဲ့ စိတ်ကောင်းထားတဲ့ အကျိုးဆက် တစ်ခုပါပဲ။

Photo by Vlada Karpovich from Pexels
၃။ မျက်နှာကြည်တယ်
စိတ်ပုတ်စိတ်ယုတ်ရှိတဲ့သူတွေက မျက်နှာမှာ ပေါ်ပါတယ်။ စိတ်ထားမကောင်းတဲ့သူက ဘယ်လောက်ပဲ ကောင်းချင်ယောင်ဆောင်နေပါစေ သူတို့က အမြဲ မျက်နှာထားကို ထိန်းမထားနိုင်ကြပါဘူး။ စိတ်ထားကောင်းကောင်းထားတဲ့ ကောင်မလေးတွေကတော့ စိတ်ဆိုးရင်တောင်မှ မျက်နှာထားကြည်နေလို့ ကြည့်ကောင်းကြပါတယ်။

Photo by Min An from Pexels
၄။ လူချစ်လူခင်ပေါတယ်
လူ့သဘာဝအရ စိတ်ထားကောင်းတဲ့သူတွေကို မိတ်ဆွေတွေက ပိုပြီး ချင်ခင်ကြပါတယ်။ ကိုယ့်အပေါ် မကောင်းတာ မလုပ်နိုင်တဲ့သူလို့ သိကြပြီး ကိုယ့်အတွက် မိတ်ဆွေကောင်း ပီသသူဟု အသတ်မှတ်ခံကြရတာကြောင့် သူတို့တွေကို ခင်မင်သူတွေ ပေါများကြပါတယ်။

Photo by Maksim Goncharenok from Pexels
၅။ ကြိုးစားတတ်တဲ့ အကျင့်ရှိတယ်
လူတိုင်းက အလုံးစုံ စိတ်ထားကောင်းနေတာတော့ မဟုတ်ပါဘူး။ စိတ်ကောင်းထားတဲ့သူတွေက ကိုယ့်ကိုယ်ကို အသိဉာဏ်နဲ့ အမြဲ ထိန်းသိမ်းတတ်ကြသူတွေ ဖြစ်ပါတယ်။ ဒီအချက်က သူတို့ရဲ့ အလုပ်လုပ်တဲ့အခါတွေမှာပါ သွားသက်ရောက်ပါတယ်။ တာဝန်ယူရတဲ့အရာတွေတိုင်းမှာ ကြိုးကြိုးစားစားနဲ့ အကောင်းဆုံး တာဝန်ကျေအောင် လုပ်ပေးတတ်ကြတာ သူတို့ရဲ့ ကြိုးစားတတ်တဲ့စိတ်ကြောင့်ပါပဲ။
Kham