
အသည်းပုံလေး ၆ ခုကို မတူညီတဲ့အရောင် ၆ မျိုးနဲ့ စီစဉ်ပေးထားပါတယ်။ အဲဒီ ၆ ခုထဲမှ သင့်ရဲ့စိတ်ကို အဖမ်းစားနိုင်ဆုံး အသည်းပုံလေး ၁ ပုံကို ရွေးချယ်လိုက်ပါ။ ရွေးချယ်လိုက်တဲ့ပုံကနေပြီး သင့်ရဲ့လက်ရှိအချစ်ရေးအခြေအနေမှာ လိုချင်နေတဲ့အရာတွေကို ပြောပြပေးသွားမှာပါ။
အရောင်တွေဟာ လူရဲ့စိတ်နဲ့ ဆက်စပ်နေတာကြောင့် ရလာတဲ့အဖြေဟာလည်း စိတ်ဝင်စားဖို့ကောင်းနေမှာပါနော်။ သင်ရွေးချယ်ရမယ့် အရောင်တွေကတော့.. ခရမ်းရောင် အဝါရောင် ပန်းရောင် အနီရောင် အစိမ်းရောင် အပြာရောင်
ကဲဒါဆို ရလဒ်တွေကို ကြည့်ရအောင်..
ခရမ်းရောင်
ခရမ်းရောင် အသည်းပုံကို ရွေးချယ်လိုက်ပြီဆိုရင် သင်ဟာ အချစ်ရေးမှာ တွယ်တာခံချင်နေတယ်၊ အချစ်ခံချင်နေပါတယ်တဲ့။ လက်ရှိချစ်သူ ဒါမှမဟုတ် ချစ်သူမရှိလည်း သင်သဘောကျနေတဲ့သူတစ်ယောက်ယောက်ရဲ့ ဂရုစိုက်မှုကို သင်အရမ်းလိုအပ်နေပါတယ်။

Pixabay- AnnaliseArt
အဝါရောင်
ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ရတဲ့အချစ်ရေးကို သင်လိုလားနေပါတယ်။ ချစ်သူရှိရင်တော့ ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တာဖြစ်ပေမယ့်လို့ ချစ်သူမရှိတဲ့လူတွေကျတော့ ကောင်လေးတစ်ယောက်ဒါမှမဟုတ် ကောင်လေးတွေနဲ့ အပျော်ပဲ စကားတွေပြောမယ်၊ မုန့်တွေစားမယ် အဲလိုနေချင်နေတာတဲ့လေ။

Pixabay- AnnaliseArt
ပန်းရောင်
အချစ်ရေးမှာ ရိုမန့်တစ်ဆန်တဲ့ ကိစ္စလေးတွေ၊ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေကို အရမ်းတောင့်တနေတာပါ။ ဘာကြောင့်လဲဆိုတာ့ သာမန်ရိုးကျ အချစ်ရေးကြီးကို သင်ငြီးငွေ့နေတာ သေချာနေပါပြီ။

Pixabay- AnnaliseArt
အနီရောင်
ချစ်ရသူရဲ့ ထွေးပွေ့ခြင်းကို ခံချင်နေတဲ့အချိန်လို့ ဆိုရမှာပါပဲ။ လက်လေးတွဲပြီး လမ်းတွေလျှောက်ချင်နေတယ်၊ ချစ်သူရဲ့ ရင်ခွင်ထဲမှာ အကြာကြီးတိုးဝှေ့နေချင်နေတယ်၊ အနမ်းတွေလည်း လိုအပ်နေပါတယ်တဲ့လေ။

Pixabay- AnnaliseArt
အစိမ်းရောင်
အစိမ်းရောင်ကိုရွေးချယ်လိုက်တဲ့လူဆိုရင်တော့ သင်ဟာ အခုချိန်မှာ ပေးဆပ်သူတို့နှလုံးသားဖြစ်နေပါပြီ။ တစ်စုံတစ်ယောက်ကို စွန့်လွှတ်အနစ်နာခံပြီး အရမ်းချစ်ပေးနေရပြီးတော့ အဲဒီကရတဲ့ စိတ်ဖိဆီးမှုတွေကို ခါးစည်းခံနေရတာပါ။ ဒါကြောင့် သင့်အနေနဲ့ ညီတူညီမျှဖြစ်ပြီး တည်ငြိမ်တဲ့ အချစ်ရေးတစ်ခုကို မျှော်လင့်လျက်ရှိနေပါတယ်။

Pixabay- AnnaliseArt
အပြာရောင်
သင်ဟာ အချစ်ရေးနဲ့ ပတ်သက်ရင် နားအေးပါးအေး၊ စိတ်နှလုံးအေးချမ်းစွာပဲ နေချင်နေပါတယ်။ ပြဿနာတွေ ဖြေရှင်းရတာ၊ ဒရာမာတွေနဲ့ ရင်ဆိုင်ရတာမျိုးတွေကို တော်တော်လေးကို စိတ်ကုန်ပြီး ခြေကုန်လက်ပမ်းကျလျက်ရှိနေပါတယ်။ တစ်ယောက်တည်းနေချင်တဲ့စိတ်နဲ့ အထီးကျန်တဲ့စိတ်ဟာ လွန်ဆွဲနေတာကြောင့်သာ ဆုံးဖြတ်ရခက်ခဲနေတာပါ။

Pixabay- AnnaliseArt
penny