အပူတွေ မရှာဘဲ တစ်ယောက်တည်း ရပ်တည်တတ်သူတွေရဲ့ ကောင်းကျိုးလေးများ
auntymay.com
|
2020-10-03

လူရယ်လို့ ဖြစ်လာကတည်းက ပူစရာတွေက တော်တော်များပါတယ်။ ဒီလို အပူအပင်တွေ များတဲ့ လောကကြီးမှာ အပူထက်မရှာတဲ့သူတွေလည်း ရှိနေပါတယ်။ များသောအားဖြင့် ကိုယ့်ကို ပူလောင်စေတာက သံယောဇဉ် အပူ ဖြစ်ပါတယ်။ လူတစ်ယောက်ကို သံယောဇဉ်တွယ်မိသွားတာနဲ့ ကိုယ်က စိတ်ခံစားချက် မျိုးစုံဖြစ်လာပြီး စတင်ပူလောင်လာတတ်ပါတယ်။ ဒါကြောင့် တစ်ချို့တွေကတော့ ချစ်သူရည်းစားလည်း တကူးတက မရှာသလို သံယောဇဉ်လည်း တတ်နိုင်သလောက် မတွယ်အောင် နေကြပါတယ်။ ဒီလို နေထိုင်ခြင်းမှာ အခုလို ကောင်းကျိုးတွေ ရှိနေပါတယ်။


၁။ အကျိုးရှိရာကို လုပ်နိုင်တယ်

ချစ်သူရည်းစားထားတယ်ဆိုတာ တကယ့်ကို အလုပ်ရှုပ်ပါတယ်။ အချိန်ပေးရတယ်။ အတူစကားပြောပေးရတယ်။ စိတ်ညစ်ရင်လည်း ကူစိတ်ညစ်ပေးရတယ်။ ဒါလိုမျိုးတွေအပြင် ကိုယ့်ဘက်က ပူပန်ရတာတွေလည်း ရှိလာတတ်ပါတယ်။ ဒါကြောင့် တစ်ကိုယ်တည်းသမားတွေက ဒါမျိုးတွေ မရှိလို့ တခြားသော အကျိုးရှိရာတွေကို လုပ်ဖို့ အချိန်ရတတ်ပါတယ်။


Photo by @thiszun (follow me on IG, FB) from Pexels


၂။ စိတ်သက်သာရာရတယ်

အပူအပင်နည်းလေ လူက စိတ်ချမ်းသာစွာ နေရလေပါပဲ။ သံယောဇဉ်တွေ တွယ်လေ စိုးရိမ်စရာတွေ၊ စိတ်ကောက်ရတာတွေ၊ ပူပင်ရတာတွေနဲ့ စိတ်အနှောင့်အယှက်တွေ မျိုးစုံအောင် ကြုံတွေ့ရတာပါ။ ပူပင်စရာ ချစ်သူ ရည်စား မရှိတော့ ကိုယ့်မှာ စိတ်ညစ်ညူးစရာတွေ နည်းသွားပြီး စိတ်တွေက သက်တောင့်သက်သာ ဖြစ်နေတာကိုလည်း ခံစားရမှာပါ။


Photo by Tuấn Kiệt Jr. from Pexels


၃။ ပိုပျော်ရွှင်ရတယ်

ရည်းစားရှိသူတွေထက် ရည်းစား မရှိသူတွေက ပိုပြီး ပျော်ရွှင်ရပါတယ်။ ရည်းစားနဲ့ ပတ်သတ်တဲ့ တွေးတောစရာ မရှိတာကြောင့် သူတို့က စိတ်တိုင်းကျ ပျော်စရာတွေကို ခံစားနိုင်ပါတယ်။ ရုပ်ရှင်ကြည့်တာ၊ လက်မှုပစ္စည်းတွေ လုပ်တာနဲ့ ရေချိုးတာကအစ သူတို့အတွက် ပျော်ရွှင်နေကြရပါသေးတယ်။


Photo by Hải Nguyễn from Pexels


၄။ အမှီအခိုကင်းတယ်

ချစ်သူ ရည်းစားထားရင်း တချို့တွေက ချစ်သူကိုပဲ မှီတည်ပြီး တစ်ယောက်တည်း မရပ်တည်နိုင်တော့တာတွေတောင် ရှိပါတယ်။ တကယ်တော့ ဘယ်သူ့ကိုမှ မမှီခိုရဘဲ ကိုယ့်ဘာသာ ရပ်တည်နိုင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီလိုဘဝမျိုးကို အပူမရှာတဲ့ သူတွေက ရယူထားပြီး သူတို့ကိုယ်သူတို့ အမှီခိုကင်းကင်း ရပ်တည်နေနိုင်ကြပါတယ်။


Jermaine Ulinwa/Pexels


၅။ ဂုဏ်ယူရတယ်

ကိုယ့်ကိုယ်ကို ဂုဏ်ယူရတဲ့ အချိန်ဆိုတာ တကယ်လိုအပ်ပါတယ်။ အပူမရှာသူတွေက ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို သေချာသိကြသူတွေ ဖြစ်ပါတယ်။ ကိုယ်က ဘယ်လောက် ငွေရှာနိုင်တယ်။ ဘယ်လောက် စိတ်ချမ်းသာအောင် နေနိုင်တယ်။ ဘယ်လောက်တောင် အားကျဖို့ ကောင်းတယ်ဆိုတာကို ကိုယ်တိုင် သိပြီး ဂုဏ်ယူရတာမို့ ပိုပြီး စိတ်ချမ်းသာစရာကောင်းပါတယ်။

Kham


#သံယောဇဉ်
#ရည်းစား
#အပူ
#ချစ်သူ
#Photo

Some text some message..