နေ့လည်နေ့ခင်း အိပ်ငိုက်တတ်တာကို ဖြေဖျောက်နိုင်ဖို့အတွက် နည်းလမ်းများ
lifestylemyanmar.com
|
2020-10-04



အိပ်စက်ခြင်းဟာ စွမ်းအင်တွေပြည့်ဝဖို့အတွက် အရေးကြီးသော်လည်း အလုပ်ထဲမှာဆိုရင်တော့ သိပ်အဆင်မပြေပါဘူး။ ဒါပေမယ့် နေ့လည်စာစားပြီးတဲ့အချိန်ဆိုရင် အတော်များများ အိပ်ချင်စိတ်ပေါ်နေတတ်ပြီး မျက်ခွံတွေလေးတတ်ပါတယ်။ အလုပ်လုပ်တဲ့အချိန်မှာလည်း အိပ်ချင်နေတာကြောင့် ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအိပ်ချင်နေရတဲ့ အကြောင်းအရင်းက ညဖက်အိပ်ရေးမဝတာကြောင့် ဖြစ်နိုင်သလို နေ့လည်စာစားတဲ့အချိန်မှာ အဆီပါဝင်တဲ့ အစားအစာတွေကို များစွာစားသုံးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနေ့လည်ခင်း အိပ်ချင်နေတတ်တဲ့ အလေ့အထကို ဖျောက်ဖို့အတွက် နည်းလမ်းတွေကို မျှဝေပေးပါရစေ။

၁။ နေရောင်ခြည်




နေ့လည်ခင်း ထမင်းစားပြီးလို့ အိပ်ချင်စိတ်ပေါ်လာတဲ့အခါ နေရောင်ခြည်ထဲကို ခဏလောက်ထွက်လိုက်ပါ။ ဒီလိုထွက်လိုက်ခြင်းကြောင့် ယခုအချိန်ဟာ အိပ်ချိန်မရောက်သေးကြောင်း ခန္ဓာကိုယ်ရဲ့သတင်းပို့ချက်ကို ဦးနှောက်ကရရှိပြီး အိပ်ချင်စိတ်ကို လျော့ပါးသွားစေပါတယ်။

၂။ ပရိုတိန်း




ပရိုတိန်းဓါတ်ရရှိတဲ့ အစားအစာနဲ့ သရေစာမုန့်တွေကို နေ့လည်အိပ်ငိုက်တဲ့အချိန်မျိုးမှာ မှီဝဲပေးခြင်းဟာ အိပ်ချင်စိတ်ကို အနည်းငယ်ပြေပျောက်စေနိုင်ပါတယ်။

၃။ တောက်တိုမယ်ရအလုပ်များ




နေ့လည်စာစားပြီးပြီးချင်း သေးငယ်တဲ့အလုပ်လေးတွေကို လုပ်နေခြင်းဟာလည်း အိပ်ချင်စိတ်ကို ပျောက်သွားစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းကိုတော့ ကြိုက်ကြမှာမဟုတ်ပါဘူး။

၄။ စကားပြောပါ




သူငယ်ချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ၊ ဟာသတွေကို ပြောနေခြင်းဟာလည်း အိပ်ချင်စိတ်ကို ပျောက်စေပါတယ်။

၅။ Teatime




သင့်ရဲ့ဦးနှောက်ကို တက်ကြွလာစေဖို့အတွက် လ္ဘက်ရည်၊ သို့မဟုတ် ကော်ဖီကို သောက်ပေးခြင်းဟာ အိပ်ငိုက်နေတဲ့စိတ်ကို ဖြေရှင်းနည်းတမျိုးပါပဲ။

၆။ မတူညီတာတွေကို လုပ်ကြည့်ပါ




အလုပ်တစ်ခုတည်းကို မနက်ရောညနေပါ လုပ်နေရရင် ပိုပျင်းရိလာတတ်တာကြောင့် ပိုအိပ်ချင်လာစေပါတယ်။ ဒါ့ကြောင့် မနက်ခင်းလုပ်ရမယ့် အလုပ်တွေကို မနက်ခင်းပဲလုပ်ပြီး ညနေဖက်မှာ မတူညီတာကို လုပ်ကြည့်ပါ။ အိပ်ချင်စိတ်ကို ကျော်လွှားနိုင်ပါလိမ့်မယ်။

၇။ ရေအေး




ရေအေးအေးလေးတစ်ခွက်က အိပ်ချင်စိတ်ကို ပျောက်သွားစေနိုင်တဲ့ အစွမ်းရှိလို့ အေးစက်နေတဲ့ရေတခွက်ကို သောက်ကြည့်ပါ။

၈။ ဂီတ




မြူးကြွတဲ့ဂီတသံစဉ်က သင့်ကိုနိုးကြားစေတာကြောင့် သီချင်းမြူးမြူးလေး နားထောင်ခြင်းကလည်း အိပ်ချင်စိတ်ကို ပျောက်ကင်းစေပါတယ်။

၉။ လေ့ကျင့်ခန်း




အိပ်ချင်လာတဲ့အခါမှာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းအချို့ကို လုပ်ကြည့်ပါ။ အလုပ်ထဲမို့လို့ လုပ်မရရင်လည်း အကြောဖြေတာလောက်တော့ အနည်းဆုံးကြိုးစားကြည့်လို့ရမှာပါ။

#Lifestyle_Myanmar

#Dmo_aung

#Ref- themindjournal



Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#နေ့လည်စာ
#နေ့လည်ခင်း
#ပရိုတိန်း
#အလုပ်
#နေရောင်ခြည်

Some text some message..