Relationship တစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ ရင့်ကျက်သင့်ပါတယ်။ ရင့်ကျက်မှုမရှိတဲ့ Relationshipတစ်ခုဟာ ရေရှည်မြဲဖို့ ခဲယဉ်းပါတယ်။ ယခုဖော်ပြပေးမှာကတော့ သင် အချစ်ရေးဟာ ရင့်ကျက်တယ်လို့ ပြောနိုင်လောက်အောင် ခိုင်မာမှုရှိ/မရှိ ဆိုတာကို ရှင်းရှင်းလင်းလင်း ညွှန်ပြနိုင်မယ့် လက္ခဏာ (၆)ခုပါ။
၁။ ရင့်ကျက်တဲ့ အချစ်ရေးဟာ သင့်ပတ်ဝန်းကျင်ကနေ သင့်ကို ဘယ်တော့မှ ဖြတ်တောက်ပစ်မှာ မဟုတ်ပါဘူး
ရင့်ကျက်သော အချစ်ရေးမှာ လက်တွဲဖော်နှစ်ယောက်စလုံးဟာ တစ်ယောက်ကို တစ်ယောက် ယုံကြည်ပြီးချစ်ကြပါတယ်။ မလုံခြုံမှုကို မခံစားရပါဘူး၊ ဒါက သူတို့ကို ပိုပြီးလက်တွေ့ကျအောင် ကူညီပေးပါတယ်။ သူတို့ဘဝမှာ အခြားသူတွေအပြင် အချိန်နဲ့ ဂရုစိုက်မှုအပေါ်မှာလည်း အခွင့်အလမ်း နည်းပါးတဲ့ အလုပ်အကိုင်တွေရှိတာကို နှစ်ယောက်စလုံးက နားလည်ကြပါတယ်၊ ရင့်ကျက်တဲ့ အချစ်ရေးရှိသော စုံတွဲတွေဟာ အတူတူရှိနေရတာကို နှစ်သက်ပေမယ့်လည်း လူမူရေးဘဝရှိသေးတယ်၊ တာဝန်တွေ ဖြည့်ဆည်းရဦးမယ်ဆိုတဲ့ နားလည်မှုတွေနဲ့အတူ တစ်ယောက်ကို တစ်ယောက် နားလည်ပေးတတ်ကြပါတယ်။
၂။ ရင့်ကျက်တဲ့ အချစ်ရေးမှာ အမြင်မတူလို့လဲ ကိစ္စမရှိပါဘူး
လက်တွဲဖော်ပြောသမျှ၊ ယုံကြည်သမျှအားလုံးပေါ်မှာ သဘောတူဖို့ လိုအပ်တယ် (သို့) ဖိအားကြီးတစ်ခုလို ခံစားရပါသလား? ဒီလိုလုပ်မယ်ဆိုရင် မရင့်ကျက်သေးတဲ့ အချစ်ရေးမျိုးမှာပဲရှိပါတယ်။ အနေကျဉ်းကျပ်ပြီး မကြာခင်မှာ ပျင်းသွားပါလိမ့်မယ်။ ကျန်းမာပြီး ရင့်ကျက်တဲ့ အချစ်ရေးမှာ လက်တွဲဖော်တွေဟာ မတူညီတဲ့ လူနှစ်ယောက်အဖြစ် တစ်ယောက်ကိုတစ်ယောက် လက်ခံပါတယ်။ ထိုသို့သော အချစ်ရေးမှာ တစ်ယောက်ရဲ့အမြင်ကို တစ်ယောက်က နားလည်ပေး၊ တန်ဖိုးထားပေးတဲ့ ရင့်ကျက်မှုရှိပါတယ်။
၃။ ရင့်ကျက်တဲ့ အချစ်ရေးက သင့်ကို ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်စေပါတယ်
စိတ်နှလုံးကောင်းရှိသူတစ်ယောက်နဲ့ ပတ်သတ်ရတဲ့အခါ သူတို့က သင့်ကို လွှတ်ထားပေးပါလိမ့်မယ်။ သူတို့က သင့်ကို ဘယ်တော့မှ အတင်းအကျပ် ပြောင်းလဲခိုင်းမှာ မဟုတ်ပါဘူး။ ကြမ်းတမ်းစွာ မဝေဖန်ပါဘူး၊ သင့်ရဲ့ ယုံကြည်မှုကို နှိမ့်ချမှာ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့အချစ်ရေးမှာ လက်တွဲဖော်နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် သင်ယူကြပြီး တိုးတတ်လာကြပါတယ်။ သူတို့နဲ့ ထိတွေ့လာသူ ဘယ်သူ့ကိုမဆို အပြုသဘောခံစားချက်တွေ ခံစားရစေဖို့ ချည်နှောင်ပါတယ်။
၄။ ရင့်ကျက်တဲ့အချစ်ရေးမှာ တမူထူးခြားတဲ့ အပြုအမှုတွေ၊ ထူးဆန်းတာတွေကို ကြိုဆိုပါတယ်
လူတိုင်းမှာ တခြားလူတွေနဲ့မတူတဲ့ အပြုအမှု၊ အကျင့်စရိုက်လေးတွေရှိကြပါတယ်၊ အချို့လူတွေက ကျယ်လောင်စွာ လေချဉ်တတ်ကြတယ်။ တစ်ချို့လူတွေက အိပ်တဲ့အခါ ဟောက်တတ်ကြတယ်၊ တချို့လူတွေက ထူးထူးခြားခြား စားတတ်ကြတဲ့ အကျင့်တွေရှိကြပါတယ်။ သင်ဟာ ရင့်ကျက်တဲ့ relationship မှာဆိုရင် သင့်အကျင့်စရိုက်အတွက် သင့်ကိုအပြစ်မတင်ပါဘူး။ တစ်ချိန်တည်းမှာပဲ သင့်လက်တွဲဖော်က သင့်ကို ဟောက်တဲ့ ပြဿနာနဲ့ ပတ်သတ်ပြီး ဖြေရှင်းဖို့ အကြံပေးရင်လည်း အရှက်ကွဲတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။
၅။ ရင့်ကျက်တဲ့အချစ်ရေးမှာ ပျော်ရွင်မှု ခံစားရပြီး အနာဂတ်တစ်ခုကို အတူတူတည်ဆောက်ရတာ မှန်ကန်တယ်လို့ ခံစားရပါတယ်
relationship တစ်ခုမှာ ရှေ့ဆက်ရွေ့လာတာနဲ့အမျှ သင့်လက်တွဲဖော်က သင့်အနာဂတ်အစီအစဉ်တွေရဲ့ မရှိမဖြစ်အစိတ်အပိုင်းဆိုတာ ပိုပြီး သတိပြုမိလာပါတယ်။ သင့်ဘဝရဲ့ ဒုတိယနေရာတိုင်းမှာ သူ့ကိုထားလိုပြီး သူမရှိတော့ရင်ဆိုတဲ့ အတွေးကိုတောင် တွေးရမှာ ကြောက်ပါတယ်။ သူတို့ရှိနေခြင်းက အရာအားလုံးကို ပြည့်စုံစေပြီး ရွှင်လန်းစေပါတယ်။
၆။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ အပြန်အလှန် သာယာမှုတွေ အကြောင်းပြောခြင်းက ရင့်ကျက်တဲ့ အချစ်ရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်
ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုဆိုတာ relationship တစ်ခုမှာ အရင်းနှီးဆုံးနဲ့ အလှပဆုံးအရာဖြစ်ပါတယ်။ ရင့်ကျက်တဲ့ အချစ်ရေးမှာရှိတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေ၊ ဖြစ်ချင်တာနဲ့ပတ်သတ်ပြီး ဆွေးနွေးဖို့ မရှက်ကြပါဘူး။ သူတို့ရဲ့ အနက်ရှိုင်းစိတ်ကူးတွေ၊ မလုံခြုံမှုတွေကို ဆွေးနွေးကြပါတယ်။တစ်ယောက်ရဲ့ အကြိုက်နဲ့ မကြိုက်တာတွေကို လေးစားမှုပေးရင်း ရုပ်ပိုင်းဆိုင်ရာဘဝကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ကြပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-powerofpositivity
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။