
ချစ်သူစုံတွဲတွေဟာ တစ်စုံတွဲနဲ့ တစ်စုံတွဲ မတူညီကြပါဘူး။ တစ်ချို့ relationship တွေက ခဏလေးနဲ့ ပျောက်ပျက်လွယ်ပေမယ့် တစ်ချို့တွေကျပြန်တော့ ထင်မထားလောက်အောင်ကို နှောင်ဖွဲ့ရစ်ပတ်တတ်ကြပါတယ်။ ဒီစုံတွဲလေးတွေကတော့ ချစ်စရာကောင်းပြီး လူအများက အားကျရတဲ့ စုံတွဲပုံစံလေးတွေပဲ ဖြစ်ကြပါတယ်နော်။
ပျော်ရွှင်တဲ့ စုံတွဲပုံစံ

shutterstock/Anna Selina
ဒီစုံတွဲတွေကတော့ နှစ်ယောက်ရှိတဲ့ အချိန်တွေမှာ အမြဲပျော်ရွှင်နေရတဲ့ စုံတွဲလေးတွေဖြစ်လို့ တစ်ခြားလူတွေကတောင် မနာလိုဖြစ်ရတတ်ပါတယ်။ နှစ်ယောက်ရှိနေရုံနဲ့ အရာရာပြည့်စုံနေတတ်ကြပြီး သေးသေးမွှားမွှားအရာလေးတွေကလည်း သူတို့အတွက် ပျော်စရာ ဖြစ်နေတတ်ပါတယ်။ နှစ်ယောက်လုံးက ဟာသဉာဏ်ရွှင်ကြသလို ဘေးလူတွေရဲ့ အမြင်တွေကို မေ့ထားတတ်ကြတဲ့ ပျော်ရွှင်ဖွယ် စုံတွဲလေးပဲ ဖြစ်ပါတယ်။
သူငယ်ချင်းဆက်ဆံရေး စုံတွဲ
ကိုယ့်ရဲ့ချစ်သူကို သူငယ်ချင်းတစ်ယောက်လို အရာရာ ဖွင့်ဟတိုင်ပင်ရင်း တည်ဆောက်ထားတဲ့ ဒီ relationship ကတော့ အတော်လေးကို ခိုင်မြဲတဲ့ အချစ်ရေး ဖြစ်နိုင်ပါတယ်။ ဘယ်အရာကိုမဆို နှစ်ယောက်အတူတူ လုပ်ဆောင်တတ်ကြပြီး စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေလည်း တူညီကြပါတယ်။ နောက်ပြီး သူ့သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်း အားလုံးနဲ့လည်း ရင်းနှီးကြသလို တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို ယုံကြည်ကြတဲ့ စုံတွဲမျိုး ဖြစ်ပါတယ်။
အထက်တန်းကတည်းက ချစ်လာခဲ့တဲ့ စုံတွဲ

shutterstock/Vitalii Matokha
လူတွေရဲ့ ပထမဆုံး အချစ်ကို စတင်ခဲ့တဲ့ နေရာလေးဟာ တစ်ချို့လူတွေအတွက်တော့ နောက်ဆုံးအချစ်လည်း ဖြစ်နေနိုင်ပါတယ်။ အထက်တန်းကတည်းက တွဲလာခဲ့ကြပေမယ့် အချိန်တွေအကြာကြီး အခုအချိန်ထိ အရမ်းကို လေးနက်တဲ့ relationship မျိုးကို တည်ဆောက်ထားတဲ့ စုံတွဲပဲဖြစ်ပါတယ်။ သူတို့တွေဟာ လူတွေအားကျရတဲ့ စုံတွဲတွေဖြစ်သလို အနာဂတ်အိပ်မက်တွေနဲ့ တွဲလက်တွေ ခိုင်မြဲနေတဲ့ စုံတွဲတွေပဲ ဖြစ်ပါတယ်။
အရမ်း ချစ်ပြရိုပြတတ်တဲ့ စုံတွဲ
ဒီလိုချစ်သူစုံတွဲတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်တဲ့အကြောင်းတွေကို ဖုံးကွယ်မထားတတ်တဲ့ စုံတွဲတွေပါ။ လူတွေရှေ့လည်း ချစ်ပြရဲသလို တစ်ကမ္ဘာလုံးမှာ သူတို့နှစ်ယောက်တည်းပဲ ရှိတဲ့ပုံစံနဲ့ လူအမြင်ကတ်လောက်အောင်ကို ချစ်ပြရိုပြနိုင်လွန်းတဲ့ ချစ်သူစုံတွဲတွေပဲ ဖြစ်ပါတယ်။ တစ်နေ့ကို အခါတစ်ရာမက ဖုန်းတွေလည်း ဆက်တတ်သလို၊ မက်ဆော့ခ်ျတွေလည်း မနားတမ်း ပို့နိုင်လွန်းတဲ့ ရူးရူးမူးမူး ချစ်ပြတတ်တဲ့ စုံတွဲမျိုး ဖြစ်ပါတယ်။
အနေဝေးနေရတဲ့ ချစ်သူစုံတွဲ

shutterstock/ fizkes
အနေဝေးနေပေမယ့် သစ္စာရှိရှိ၊ ဇွဲကောင်းကောင်းနဲ့ ချစ်နေတတ်ကြတဲ့ ချစ်သူစုံတွဲမျိုးပါ။ အကွာအဝေးက ပြသနာမဟုတ်ပဲ သူတို့အချစ်တွေ ခိုင်မြဲရှင်သန်နေရင် အတူတူ ရှိနေသလို ခံစားရစေတယ်လို့ မှတ်ယူထားတတ်ကြပြီး ပြန်ဆုံမယ့် အချိန်ကို လက်ချိုးရေရင်း စောင့်ဆိုင်းပြီး ချစ်နေကြတဲ့ ချစ်သူစုံတွဲမျိုး ဖြစ်ပါတယ်။
သူငယ်ချင်း ချစ်သူစုံတွဲ

shutterstock/Josep Suria
သူငယ်ချင်းကနေ တစ်ဆင့်တက်ပြီး ချစ်မိကြတဲ့ သူတို့တွေက အစပိုင်းမှာ အနည်းငယ် စိုးရိမ်စိတ်ရှိပေမယ့် နောက်ပိုင်းမှာ လေးနက်ခိုင်မြဲစွာ ချစ်မိတတ်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ သူတို့တွေက သူငယ်ချင်းလိုရော၊ ချစ်သူလိုပါ နားလည်မှုတွေ၊ အချစ်တွေနဲ့ ချစ်တတ်ကြတဲ့ ချစ်သူစုံတွဲတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်က တစ်ယောက်နဲ့တစ်ယောက် နှောင်ဖွဲ့ပြီးသားမို့ ခိုင်မြပြီး ချစ်စရာကောင်းတဲ့ relationship ကို တည်ဆောက်နိုင်ကြသူတွေပါ။
Khin