
မိန်းကလေးတွေက သည်းခံနိုင်စွမ်းက ယောကျာ်းလေးတွေထက်ကို မြင့်မားပါတယ်။ ဒါပေမယ့် စိတ်ဆိုးတာထက် စိတ်နာသွားတယ်ဆိုရင်တော့ ဘယ်လောက်ထိပဲ ချစ်တဲ့ ချစ်သူဖြစ်နေပါစေ နောက်ပြန်ပြီး လှည့်မကြည့်တတ်ကြပါဘူး။ ဒါကြောင့် အခုပြောပြချင်တာကတော့ မိန်းကလေးတစ်ယောက် စိတ်နာသွားရင် ဘယ်လောက်ထိ ဖြစ်သွားတတ်လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ကဲဆက်ကြည့်လိုက်ကြရအောင်နော်။
၁။ လုံးဝပြန်လှည့်မကြည့်ခြင်း
မိန်းကလေးတွေက ချစ်သူကို စိတ်နာသွားတဲ့အချိန်မှာ လုံးဝကို ပြန်လှည့်မကြည့်ကြတော့ပါဘူး။ ဘယ်လိုတွေပဲချော့ချော့၊ နည်းမျိုးစုံနဲ့ တောင်းပန်နေပါစေ လုံးဝကို ဂရုမစိုက်တော့သလို အကောင်းမြင်ပေးလို့ မရတော့တဲ့အထိဖြစ်သွားတတ်ကြပါတယ်။ ဒါအပြင် မျက်နှာမြင်လိုက်ရင်တောင် စိတ်ပျက်သွားတဲ့အထိဖြစ်တတ်ကြပါတယ်။
၂။ နာမည်တောင်မကြားချင်တော့ခြင်း
မိန်းကလေးတွေ တကယ်စိတ်နာသွားပြီဆိုရင် အဲဒီ့လူရဲ့နာမည်တောင် မကြားချင်တော့ပါဘူး။ တစ်ဖက်ကတော့ ငါ့ကိုသူအရမ်းချစ်ခဲ့တာပဲ သူငါကို လွမ်းနေမှာပဲလို့ ထင်မိရင်တော့ အမှားကြီးမှားသွားပါပြီ။ သင့်ကိုလွမ်းဖို့ နေနေသာသာ သင့်နာမည်ကိုတောင် လုံးဝမကြားချင်တော့တာမျိုးပါ။
၃။ ဂရုမစိုက်တော့ခြင်း
မိန်းကလေးတစ်ယောက် စိတ်နာသွားပြီဆိုရင် သင့်စကားကိုလုံးဝနားထောင်တော့မှာမဟုတ်သလို၊ သင့်ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် ထင်တော့မှာမဟုတ်ပါဘူး။ သူလုပ်ချင်ရာသူလုပ်မယ်၊ သင်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူဂရုမစိုက်ပါဘူး။
၄။ သင့်ဟာ သူ့ဘဝအတွက် အရေးမပါတော့ခြင်း
သင်ဟာ သူ့ဘဝအတွက် ဘာမှအရေးမပါတော့သလို သင်နဲ့ပတ်သက်ပြီး ခံစားချက်တွေက ဆားမပါတဲ့ ဟင်းတစ်ခွက်လိုပဲ ပေါ့ရွှတ်ရွှတ်ကြီးနဲ့ စိတ်ပျက်ဖို့ ကောင်းသလိုဖြစ်သွားပါတယ်။