Right Person တစ်ယောက်နဲ့ တွေ့တဲ့အခါ အချစ်ကို ခြားနားစွာ ခံစားရတဲ့ နည်းလမ်း (၉)ခု
lifestylemyanmar.com
|
2020-10-09



တစ်ချို့ relationship တွေ၊ တစ်ချို့ အိမ်ထောင်ရေးတွေ ဘာ့ကြောင့် တစ်သက်တာလုံး တည်မြဲနေသလဲလို့ တွေးမိဖူးပါသလား? သူတို့က စစ်မှန်တဲ့လူနဲ့ ချစ်ခဲ့ကြလို့ ဖြစ်ပါတယ်။

အဆိပ်အတောက်ဆန်တဲ့ အချစ်ရေးမျိုးကို ရောက်သွားပြီဆိုတာနဲ့ မျှော်လင့်ချက်တွေအားလုံး ဆုံးရှုံးပြီး ကိုယ်နဲ့ ထိုက်တန်တဲ့ နည်းလမ်းနဲ့ ဘယ်တော့မှ အချစ်မခံရဘူးထင်ဖို့ လွယ်ကူစေပါတယ်။ သို့သော် စစ်မှန်တဲ့လူကို ချစ်တာက ထိုယုံကြည်မှုတွေကို လုံးဝပြောင်းလဲစေပြီး အချစ်စစ်က ဘယ်လိုခံစားချက်မျိုးလဲဆိုတာကို သင်တွေ့ကြုံရပါလိမ့်မယ်။

အချစ်က စစ်မှန်တဲ့လူနဲ့ ကြုံရတဲ့အခါ ဘယ်လိုခြားနားသွားသလဲ?

မှားယွင်းတဲ့သူနဲ့ အတူရှိနေစဉ်မှာ relationship ဟာ စိတ်ပျက်စရာကောင်းနိုင်ပါတယ်။ သင့်မှာ တကယ့်ကြည်နူးမှုတွေ ကင်းမဲ့ရုံသာမက relationship ကိုပိုကောင်းအောင်လုပ်ဖို့ ကိုယ့်ကိုယ်ကို အမြဲကြိုးစားနေရပါလိမ့်မယ်။ ဒီလိုကြိုးစားအားထုတ်မှုတွေရှိတဲ့ ကြားကတောင် ဘယ်တော့မှ ကျေနပ်စရာကောင်းတဲ့ အချစ်မျိုးကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စစ်မှန်တဲ့လူတစ်ယောက်နဲ့ ပေါင်းသင်းတဲ့အခါမှာတော့ အရာရာတိုင်းက ကွဲပြားပြီး အားမစိုက်ထုတ်ရသလို ခံစားရပါလိမ့်မယ်။




” မှန်ကန်တဲ့လူက မှန်ကန်တဲ့ အချိန်မှာ ရောက်လာပါလိမ့်မယ်”-Proverb

စစ်မှန်တဲ့လူတစ်ယောက်ကို ချစ်ခြင်းက သင့်ဘဝကို အဓိပ္ပာယ်အသစ်တွေ၊ ရည်ရွယ်ချက်အသစ်တွေပေးနိုင်ပါတယ်။ right personနဲ့ အတူ ကြည်နူးစရာကောင်းတဲ့ ဆက်ဆံရေးက သင်အတိတ်မှာရှိခဲ့ဖူးတဲ့ တခြားဆက်ဆံရေးတွေနဲ့ မတူတာကို ခံစားရပါလိမ့်မယ်။ ပဋိပက္ခတွေရှိကောင်းရှိနိုင်ပေမယ့်လည်း အရင် relationshipတုန်းက သင်ကြုံတွေ့ရတဲ့ ရုန်းကန်မှုတွေနဲ့ မတူဘဲ relationship က ပုံမှန်အားဖြင့် တိုးတတ်နေတာကို တွေ့ရပါလိမ့်မယ်၊

၁။ သင့်ရဲ့ဖြစ်တည်မှုအတိုင်း အချစ်ခံရပါလိမ့်မယ်

ဒီလိုလူတစ်ယောက်နဲ့ ချစ်မိတဲ့အခါ ‘ကိုယ့်လက်တွဲဖော်အတွက် ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ မဖြစ်မနေ လိုအပ်တယ်’လို့ မခံစားရပါဘူး။ သူတို့က သင့်ကို ချစ်မြတ်နိုးပြီး သင့်ရဲ့ဖြစ်တည်မှုအတိုင်း လက်ခံကြပါလိမ့်မယ်။ သင်က အကောင်းဆုံး မဟုတ်ရင်တောင် အပြစ်မတင်ပါဘူး။ အဲဒီအစား သူတို့က အကူအညီပေးပြီး သင်စိတ်ဓါတ်ကျနေတဲ့အချိန်မှာ လိုအပ်တဲ့ ခွန်အားတွေ ပေးပါလိမ့်မယ်။။ ကိုယ်နဲ့ပတ်သတ်တာတစ်ခုခုကို သူတို့မကြိုက်ရင်တောင် အချစ်လျော့သွားမှာ မဟုတ်ပါဘူး။ သင့်ကိုပြောင်းလဲပေးဖို့ တောင်းဆိုမှာ မဟုတ်ပါဘူး။




၂။ သင့်ကို နားထောင်ပေးပြီး နားလည်ပေးပါလိမ့်မယ်

စစ်မှန်တဲ့လူတစ်ယောက်ကို ချစ်ခြင်းက သင်အရင်က မခံစားခဲ့ရဖူးတဲ့ နားလည်မှုမျိုးကို ခံစားရစေပါလိမ့်မယ်။ ကိုယ်ပြောသမျှကို နားထောင်ပေးရုံသာမက အာရုံစိုက်ပေးပါလိမ့်မယ်၊ သင့်ပြဿနာတွေကို သူ့တို့အား မျှဝေတဲ့အခါ သူတို့ကသင့်ကို အဝေးတွန်းပို့မှာ မဟုတ်ပါဘူး။ အဲဒီအစား စေ့စေ့စပ်စပ်နားထောင်ပေးပြီး အခြေအနေပိုကောင်းအောင် ပြုလုပ်နိုင်ဖို့ ကူညီပါလိမ့်မယ်။




၃။ တိတ်ဆိတ်မှုကို အနေခက်သလို ခံစားရမှာ မဟုတ်ပါဘူး

သူနဲ့ ကတောက်ကဆဖြစ်လို့ နာရီပေါင်းများစွာ စကားမပြောနိုင်ပေမယ့်လည်း တိတ်ဆိတ်စွာထိုင်နေခြင်းက အဆင်ပြေသလို ခံစားရနိုင်ပါတယ်။ သူနဲ့အတူ ခဏငြိမ်သက်စွာ ထိုင်နေနိုင်ပါတယ်။စိတ်အနှောက်အယှက်ဖြစ်စရာ မလိုပါဘူး။ သင်တို့ နှစ်ယောက်စလုံးက စကားပြောဖို့ မလိုဘဲ တိတ်ဆိတ်စွာ နေနိုင်ပါတယ်။




၄။ သင့်ကို ဘယ်လိုပျော်အောင်ထားရမယ်ဆိုတာ သူတို့သိပါလိမ့်မယ်

သင့်ရဲ့တစ်နေ့တာက ဘယ်လောက်ပဲ ဆိုးနေပါစေ၊ right person က သင့်ကို ဘယ်လိုရွှင်လန်းအောင် လုပ်ရမယ်ဆိုတာ အတိအကျသိပါလိမ့်မယ်။ သင့်ကို ဘာက ပြုံးစေသလဲ၊ ဘာက ရယ်မောစေသလဲဆိုတာ သူတို့သိပါတယ်။ သူတို့မှာ ဟာသဉာဏ်ရှိတတ်ပြီး သင့်ကို ခံစားမှုပိုကောင်းအောင် ဖန်တီးပေးပါလိမ့်မယ်။ သင်အကြိုက်ဆုံး စားသောက်ဆိုင်ကို ခေါ်သွားတာမျိုး၊ လက်ဆောင်ဝယ်ပေးတာမျိုး၊ ပွေ့ဖက်တာ(သို့) အနမ်းပေးတာမျိုးနဲ့ သင့်အားပြုံးစေဖို့ ဘာလုပ်ရမယ်ဆိုတာ အတိအကျသိပါလိမ့်မယ်။




၅။ အမှားတွေက သင့်ကိုချစ်တဲ့ အချစ်ပေါ်မှာ သက်ရောက်စေမှာ မဟုတ်ပါဘူး

စစ်မှန်တဲ့သူတစ်ယောက်က သင်တလွဲတချော် လုပ်နေရင်တောင်မှ သင့်ကို Support လုပ်ပေး၊ ဂရုစိုက်ပေးပါလိမ့်မယ်။ သူတို့က စိတ်ဆိုးပေမယ့်လည်း သင့်ကိုပြုံးပြီး အနမ်းပေးနေဦးမှာပါ။ သူတို့က သင်အရမ်းဆိုးနေရင်တောင် ချစ်ပါလိမ့်မယ်။

၆။ သင့်မိသားစုနဲ့ သူငယ်ချင်းတွေကိုပါ ချစ်ပေးပါလိမ့်မယ်

Right person ဟာ သင့်မိဘတွေရဲ့ ယုံကြည်မှုကို ရရှိဖို့ လိုအပ်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပြုလုပ်တတ်ပြီး သင်ချစ်သလို သင့်မိသားစုနဲ့ သူငယ်ချင်းတွေ ဂရုစိုက်ပေး၊ ချစ်ပေးပါလိမ့်မယ်။

၇။ လွတ်လပ်တယ်လို့ ခံစားရပါလိမ့်မယ်

စစ်မှန်တဲ့ အချစ်ရေးမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ ထိန်းချုပ်ခံရတာမျိုး၊ ကြီးစိုးခံရတာမျိုးကို ခံစားရလိမ့်မှာ မဟုတ်ပါဘူး။ သူတို့က သင့်ကို လုံးဝယုံကြည်ကြလိမ့်မှာ ဖြစ်တာကြောင့် သင့်ဆုံးဖြတ်ချက်တွေကိုလည်း ယုံကြည်ပါလိမ့်မယ်။ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာကို ပြောမှာ မဟုတ်ပါဘူး။ သင့်ဆုံးဖြတ်ချက်အတိုင်း ပံ့ပိုးပေးပါလိမ့်မယ်။ သို့သော် သူတို့ဟာ သင့်အားလွှမ်းမိုးဖို့၊ ကြိုးကိုင်ခြယ်လှယ်ဖို့ မလိုဘဲ ဆုံးဖြတ်ချက်တိုင်းကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် အပြည့်အဝပေးပါလိမ့်မယ်။




၈။ တာဝန်ယူမှုရှိတယ်လို့ ခံစားရပါလိမ့်မယ်

“သူတို့ရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင် းပြောတတ်တဲ့သူတစ်ယောက်၊ သင်မပြည့်စုံဘူးဆိုတာကို သိပြီး သင့်ကိုပြည့်စုံဖို့ ဘယ်တော့မှ မမျှော်လင့်တဲ့သူ တစ်ယောက်ကို ရှာပါ” – Brigitte Nicole

သူတို့က သင့်ကိုယုံကြည်ပြီး လွှမ်းမိုးဖို့ မကြိုးပမ်းဘဲ သင့်ကိုယ်သင် ဖြစ်ခွင့်ပေးတာကြောင့် ကိုယ့်လုပ်ရပ်တွေအတွက် တာဝန်ခံမှုကို ခံစားရပါလိမ့်မယ်။ ပဋိပက္ခဖြစ်လာရင် တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်မယ့်အစား တောင်းပန်ပြီး တစ်ယောက်စကားကို တစ်ယောက်နားထောင်ပါလိမ့်မယ်။ သင့်အနေနဲ့ မတူညီမှုတွေကို ထုတ်ပြောဖို့ ဆန္ဒရှိလာပြီး အမှားတွေကို လက်ခံလာပါလိမ့်မယ်။

၉။ သူတို့က သင့်ကိုစွန့်ပစ်ထားတယ်လို့ ခံစားရစေမှာ မဟုတ်ပါဘူး

right person တစ်ယောက်က အကြောင်းပြချက်များစွာနဲ့ သင့်ကို ထားခဲ့မှာ မဟုတ်ပါဘူး။ သူတို့က သင့်ကို အသည်းကွဲစေမှာ မဟုတ်သလို တစ်ယောက်တည်းဒုက္ခရောက်အောင် စွန့်ပစ်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝလိုအပ်တဲ့အချိန်မှာ သူတို့အဝေးကို ထွက်သွားမှာ မဟုတ်ပါဘူး။ ဒါက မှန်ကန်တဲ့လူတစ်ယောက်နဲ့ ချစ်မိတဲ့အခါ သင်တွေ့ကြုံရမယ့် ခြားနားမှုလေးတစ်ခုပါ။

Lifestyle_Myanmar
LM_Nandar


Source-yourtango



Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#အချစ်
#Lifestyle
#ချစ်ခြင်း
#ဆုံးဖြတ်ချက်
#လွှမ်းမိုး

Some text some message..