ဝတ်တဲ့သူရဲ့ အပြစ်လား၊ ကြည့်တဲ့သူရဲ့အပြစ်လား
moda.com.mm
|
2020-10-10

ဒီ Topic ကိုဆွေးနွေးရတာနည်းနည်းတော့ ရင်ထိတ်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Topic/Issue က Editor တို့ရဲ့ မြန်မာနိုင်ငံမှာတင်မကပဲ ကမ္ဘာလုံးမှာဖြစ်ပေါ်နေတဲ့ အမျိုးသမီးများအပေါ်ထားရှိတဲ့ သဘောထားများနဲ့ တန်းတူအခွင့်အရေးနဲ့သက်ဆိုင်နေတဲ့အကြောင်းအရာများနဲ့ သက်ဆိုင်နေတာကြောင့်ပါ။
တလောက ဝေဖန်မှုတွေအရမ်းများခဲ့တဲ့ ကုန်ပစ္စည်း Commercial တစ်ခုမှာ ဆိုရင်ဒီ Issue နဲ့ပတ်သတ်ပြီး ပြောစရာတွေအများကြီးဖြစ်ခဲ့တာကို တွေ့ရတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုကို Critize လုပ်တဲ့အပြင် မိန်းကလေးတစ်ယောက်ကို Object တစ်ခုသဖွယ်သဘောထားတာတွေကြောင့် ဒီ ကြော်ငြာက အပြစ်ပြောစရာတွေအများကြီးဖြစ်သွားတယ်လို့ ယူဆလို့ရပါတယ်။
ဒီတော့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ အယ်ဒီတာကိုယ်တိုင်လည်း ဒီအကြောင်းအရာကိုစဉ်းစားမိတယ်။ ဘယ်လောက်ပဲ တန်းတူအခွင့်အရေးတွေပေးပါတယ် ပြောပြော၊ ကျားမမခွဲခြားပဲညီတူညီမျှသတ်မှတ်တယ်ပြောပြော မိန်းကလေးတွေအတွက်က ယခုအချိန်အထိ သူတို့ရဲ့ ဖြစ်တည်မှုကြောင့်၊ ဝတ်စားဆင်ယင်မှုကြောင့် စော်ကားမခံရရင်တောင် ယောင်္ကျားလေးများရဲ့ မထီမဲ့မြင်စနောက်လှောင်ပြောင်တာတွေကို အနည်းနဲ့ အများတော့ ကြုံတွေ့ရင်ဆိုင်နေရဆဲပါ။ တစ်ချို့ဆို သရုပ်ပျက်အတိုအဟိုက်မဟုတ်ပဲ လုံလုံခြုံခြုံ ဝတ်ဆင်ထားရင်တောင် ကာယိအိန္ဓြေ ပျက်ပြားအောင် ထိပါးပြောဆိုနေတာတွေကိုတွေ့ရတော့ တကယ်လည်း စိတ်မကောင်းဖြစ်မိတယ်။
ပိုပြီး မယုံနိုင်ဖြစ်စေတာက ၆၀% သောအမျိုးသမီးတွေကဒီလို Sexual Harassment တွေကို သူတို့ရဲ့ပတ်ဝန်းကျင်မှာတင်မကပဲ လုပ်ငန်းခွင်မှာပါ ဒီလိုတွေကြုံတွေ့နေရတယ်ဆိုတာပါ။
ဒီလိုနေရာမှာ Sexual Harassment ကိုပြုလုပ်တဲ့သူနဲ့ ပြုလုပ်ခံရသူကို Victim Blaming လုပ်တဲ့ Third Party ဆိုပြီး အပိုင်းနှစ်ခုကိုခွဲခြားပြသွားမှာပါ။



ပထမတစ်ခုကတော့ မိန်းကလေးတစ်ယောက်ကို လူတစ်ဦးတစ်ယောက်လို့မသတ်မှတ်ပဲ Object တစ်ခုလိုသတ်မှတ်တဲ့သူတွေပါ။ သူတို့က Society မှာမိန်းကလေးတွေ အပေါ်ထားရှိရမယ့် Value တွေ၊ ပြုမူရမယ့် Behaviour တွေကိုကောင်းကောင်းနားမလည်တဲ့သူတွေဖြစ်ပါတယ်။ အဲ့ဒါကြောင့် မိန်းကလေးတစ်ယောက်ကိုကြည့်ပြီးသူမရဲ့ဖြစ်တည်မှုကိုဖြစ်ဖြစ်၊ သူမရဲ့ဝတ်စားဆင်ယင်မှုကိုကြည့်ပြီးတော့ဖြစ်ဖြစ် ထိပါးပြောဆိုခြင်း၊ ထိခိုက်အောင်ဝေဖန်ခြင်း၊ အဆိုးဆုံးဆို ကိုယ်ထိလက်ရောက် ကျုးလွန်တာမျိုးတွေက အရှက်သိက္ခာမရှိတဲ့လုပ်ရပ်ဖြစ်တဲ့အပြင် သူတို့ရဲ့ သေးသိမ်နိမ့်ကျတဲ့ အတွင်းစိတ်ကိုလည်းဖော်ပြနေသလိုပါပဲ။
မိန်းကလေးအများစုက ဒီလိုကြုံတွေ့လာရင် Speak Out လုပ်ဖို့ဝန်လေးတတ်ကြတယ်။ ရှက်ရွံ့ကြတယ်။ တကယ်တော့ မိန်းကလေးတွေအနေနဲ့က ဒီလိုတွေကြုံတွေ့လာရရင် ရှက်မနေပဲ ရဲရဲဝံဝံ Speak Out လုပ်သင့်တယ်။ အများကြားမှာလည်း ဖော်ထုတ်သင့်ရင်ဖော်ထုတ်ရဲရမယ်။ နိုင်ငံနဲ့တစ်ဝှမ်းမှာလည်း မိန်းကလေးတွေလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေလည်းရှိပြီးသားမို့ ကိုယ့်ဘက်က ဖြစ်ပျက်တာတွေကိုရဲဝံ့စွာ တိုင်ကြားဖို့ပဲလိုပါတယ်။
ဒုတိယတစ်ခုကတော့ကျွန်မတို့ပတ်ဝန်းကျင်မှာလည်း ကြားရမှာပါ။ “သူကအဲ့လိုပြောခံရမှာပေါ့..အဲ့လိုအတိုတွေဝတ်တာကိုး” တို့၊ “စော်ကားခံရတာလည်းမပြောနဲ့လေ ကောင်မလေးကအချိန်မတော်တွေ သွားလာတာကိုး” အစရှိတဲ့ Sexual Harassment အလုပ်ခံရသူကို မဖေးမတဲ့အပြင် အပြစ်တင်ပြောဆိုတဲ့ Victim Blaming လုပ်တဲ့ Third Party တွေဖြစ်ပါတယ်။
ကျွန်မတို့မိန်းကလေးတွေမှာလည်း ကောင်းမွန်တဲ့အလုပ်တွေကိုလုပ်နေသရွေ့၊ မိမိရဲ့ ကိုယ်ကျင့်တရားကောင်းမွန်နေသရွေ့၊ သူတစ်ပါးကိုမထိခိုက်သရွေ့၊ အလွန်သရုပ်ပျက်တဲ့ ဝတ်စားဆင်ယင်မှုတွေမလုပ်သရွေ့ ကိုယ်ဝတ်ချင်တဲ့အဝတ်အစားကို လွတ်လပ်စွာရွေးချယ် ဝတ်ဆင်ပိုင်ခွင့်ရှိပါတယ်။ လူတစ်ယောက်ရဲ့ Personality နဲ့ အရည်အသွေးတွေကို အပြင်အပေါ်ယံဝတ်စားဆင်ယင်မှုတွေကိုကြည့်ပြီးဆုံးဖြတ်တယ်ဆိုတာလည်း ကျဉ်းမြောင်းပြီး ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေပါ။
ဒါကြောင့်အမျိုးသမီးထုနဲ့ အမျိုးသားတွေကလည်း ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးတွေအားလုံးကို ကိုယ်ချင်းစာနာစိတ်နဲ့မေတ္တာတရားနဲ့ ကာကွယ်စောင့်ရှောက်ပေးပြီး၊ အန္တရာယ်ဖြစ်လာခဲ့ရင်လည်း ဒီအမျိုးသမီးလေးတွေဘက်က မားမားမတ်မတ်ရပ်တည်ပြီး Safe ဖြစ်တဲ့ Society တစ်ခုအတူဖန်တီးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။



#မိန်းကလေး
#အမျိုးသမီး
#ပတ်ဝန်းကျင်
#ကိုယ်ဝတ်
#အကြောင်းအရာ

Some text some message..