ရှူးဖိနပ်ဖြူဖြူလေးတွေကို အသစ်အတိုင်း ဖြူဝင်းနေစေဖို့ ထိန်းသိမ်းနည်းများ
myanmaplatform.com
|
2020-10-13



ရှုးဖိနပ် ခရေဇီသမားတွေအတွက် ဖိနပ်အဖြူရောင်ဆိုတာ သိပ်ကို ထိန်းသိမ်းရပါတယ်။ ဖိနပ်ကို မညစ်ပတ်အောင် သိမ်းဆည်းပြန်တော့လည်း ဖုန်တက်နိုင်ပြီး အပြင်ကို စီးဖြစ်ပြန်တော့လည်း ပတ်ဝန်းကျင်ကြောင့် ဖိနပ် က ညစ်ပတ်ပေရေနိုင်ပါတယ်။ဒါကြောင့် ဖိနပ်အဖြူတွေကို အသစ်အတိုင်း ဖြူဆွတ်နေစေဖို့အတွက် ဘယ်လိုမျိုး ထိန်သိမ်းနိုင်မလည်း ဆိုတဲ့ နည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်.

၁။မုန့်ဖုတ်ဆိုဒါနှင့် ရှာလကာရည်နည်းလမ်း




သင့်အကြိုက်ဆုံး ရှုးဖိနပ်အဖြူကို အသစ်အတိုင်း တောက်ပြောင်စေဖို့အတွက် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။မုန့်ဖုတ်ဆိုဒါ၊ရေနွေးနှင့် ရှာလကာရည်ရှိရုံနှင်တင် သင့်ရဲ့ ဖိနပ်အဖြူကို ဖြူဝင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ရေနွေးပူပူထဲကို ရှာလကာရည်တစ်ဇွန်း၊မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း တို့ကို ရောမွှေပေးပါ။အနှစ် ရအောင် ရောရမှာဖြစ်ပြီး အနှစ်ရလာတာနှင့် ဖိနပ် ရဲ့ ညစ်ပတ်နေတဲ့ နေရာတွေကို သုတ်လိမ်းပေးပြီး ဘရပ်ရှ် နှင့် ပွတ်တိုက်ပေးရပါမယ်။ဒီနည်းလမ်းနှင့် တစ်ခါလောက် ဆေးကြောရုံနှင့်တင် ်လကြာရှည်စွာ ညစ်ပတ်ပေရေထားတဲ့ ဖိနပ်အဖြူကိုတောင် ပြန်လည် ဖြူဝင်းစေမှာပဲဖြစ်ပါတယ်။

၂။အဝါရောင်သန်းနေတဲ့ ဖိနပ်ကို ဒီလိုဆေးပါ။




ဖိနပ်အဖြူတွေ ညစ်ပတ်သွားလို့ ချက်ချင်းမဆေးမိတဲ့ အခါမှာ ဖိနပ်မှ အဝါရောင်အစွန်းအထင်းတွေ ပေသွားတတ်ပါတယ်။ ဒီလိုမျိုး ဖိနပ်မှာ အဝါရောင်သန်းလာတဲ့ အခါမျိုးတော့ နွားနို့အစိမ်းထဲကို ဆားရောပြီး နွားနို့နှင့် ပွတ်တိုက်ဆေးကြောပေးရမှာပဲဖြစ်ပါတယ်။တစ်ခါတည်းနှင့်တော့ အဝါရောင် အစွန်းအထင်းတွေက မပျောက်သွားနိုင်ပါဘူး။တစ်ပတ်တစ်ခါလောက်တော့ ပုံမှန်ဆေးကြောမှသာ ပျောက်ကင်းစေနိုင်မှာပဲဖြစ်ပါတယ်။

၃။သွားတိုက်ဆေး




တစ်ခါတစ်ရံ ဖိနပ် ဆေးခါနီးမှ ဆပ်ပြာကုန်သွားတာမျိုး ကြုံဖူးတတ်ကြလား ။ ဒီလိုမျိုး ကြုံလာရင်တော့ ဆပ်ပြာအစား သွားတိုက်ဆေးကို အသုံးပြုပြီး ဖိနပ်ကို ဖြူစင်သွားအောင် ဆေးကြောနိုင်ပါတယ်။

၄။သံပုရာသီး




ိဖိနပ်အသစ်စက်စက်ကို အစွန်းအထင်းတွေ ပေရေသွားတဲ့ အခါမှာ လွှင့်ပဝ်စရာ မလိုအပ်ပါဘူး။ အစွန်းအထင်းပေးသွားတဲ့ အခါမှာ ပေသွားတဲ့ နေရာအနှံ့ကို သံပုရာသီးကိုထက်ခြမ်းနှင့် ပွတ်လိမ်းပြီး မှ ဆေးကြောနိုင်ပါတယ်။ သံပုရာသီးရဲ့ အစွန်းချွတ်နိုင်တဲ့ အစွမ်းကြောင့် ညစ်ပတ်နေတဲ့ ဖိနပ်ကို ပြန်လည်သန့်ရှင်စေမှာပဲဖြစ်ပါတယ်။


#ဖိနပ်
#အစွန်းအထင်း
#အဖြူ
#အဝါရောင်
#ဆိုဒါ

Some text some message..