သင့်တစ်နေ့တာကို ကမောက်ကမ ဖြစ်စေမယ့် မနက်ပိုင်း မလုပ်သင့်တဲ့အလေ့အကျင့် (၅) ခု
mystylemyanmar.com
|
2020-10-14

မနက်ပိုင်းကို လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ စတင်မှ တစ်နေ့တာက ပျော်စရာဖြစ်မှာပါ။ မနက်ပိုင်းမှာ အလေ့အကျင့်ကောင်းနဲ့ စတင်တယ်ဆိုရင် သင့်တစ်နေ့တာက ကံကောင်းမှုတွေ၊ အဆင်ပြေမှုတွေနဲ့ နီးစပ်နေမှာပါ။ ဒါပေမဲ့ မနက်ပိုင်းမှာ သင်ကိုယ်တိုင် မသိဘဲ လုပ်နေမိတတ်တဲ့ အကျင့်ဆိုးတွေရှိပါတယ်။ ဒါတွေကတော့-

၁။ အိပ်ရာထဲမှာ ဖုန်းသုံးတာ




သင်အိပ်ပျော်နေတဲ့အချိန် ကမ္ဘာကြီးမှာ ဘာတွေဖြစ်သွားလဲ၊ သင်ပြောထားတဲ့ စာကို တဘက်က Reply ပြန်ရဲ့လား စစ်ဆေးရတာက အလုပ်တစ်ခုလိုဖြစ်လာပါပြီ။ ဒီလိုစစ်ဆေးရင်းနဲ့ပဲ ကိုယ်မသိလိုက်ဘဲ အချိန်တွေကုန်နေတတ်ပါတယ်။ ဒါက အကျင့်ပါသွားနိုင်တာမို့ မနက်နိုးတာနဲ့ ဖုန်းသုံးတဲ့အကျင့်ကို ဖျောက်သင့်ပါတယ်။

၂။ နှိုးစက်ကို ပိတ်ပြီးပြန်အိပ်တာ




သင်ကိုယ်တိုင် Alarm ကိုပြန်ပိတ်ပြီး အိပ်ဖူးမှာပါ။ နောက်ထပ် ၅ မိနစ် ၁၀ မိနစ် အိပ်လိုက်ရလည်း တကယ်တော့ ဘာမှမထူးပါဘူး။ ဒီလိုပိတ်လိုက်တာကြောင့် ကိုယ့်စည်းကမ်းကိုယ်ချိုးဖောက်ရာကျပြီး ကိုယ့်ကိုကိုယ် မလေးစားတဲ့အထိ ဖြစ်နိုင်ပါတယ်။ Alarm ပြန်ပိတ်ပြီး အိပ်တာက သင့်အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။

၃။ ပုံမှန်မနက်ခင်း Routine မရှိခြင်း




မနက်ပိုင်းမှာ ကိုယ်လုပ်မယ့် အလုပ်တွေကို သတ်သတ်မှတ်မှတ်ထားသင့်ပါတယ်။ ဥပမာ- မနက်ပိုင်းမှာ ယောဂကျင့်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ စာဖတ်တာ၊ စာရေးတာ စသဖြင့် ပုံမှန် Routine တစ်ခုထားပေးသင့်ပါတယ်။

၄။ မနက်စာမစားခြင်း / ကျန်းမာရေးနဲ့မညီညွတ်တာကို စားသုံးခြင်း




မနက်စာ မစားဘဲနေတာက သင့်အလုပ်လုပ်နိုင်စွမ်း အားအင်ကို ယုတ်လျော့စေပါတယ်။ သင်က ဝိတ်လျှော့နေသူတစ်ယောက်ဆိုရင်လည်း မနက်ပိုင်းမှာ အဆီမများတာ၊ ကျန်းမာရေးနဲ့ညီညွတ်တာကို စားပေးသင့်ပါတယ်။

၅။ အဆိုးမြင်စိတ်နဲ့ အိပ်ရာထတာ




အဆိုးမြင်စိတ်နဲ့ နိုးထတယ်ဆိုတာကတော့ တစ်ခုခုကို မကျေနပ်ချက်နဲ့ နိုးထခြင်းပါ။ မနက်တည်းက မကျေနပ်တာ၊ စိတ်ရှုပ်စရာရှိရင် တစ်နေ့လုံး သင်စိတ်ကြည်လင်တော့မှာမဟုတ်ပါဘူး။ မနက်ခင်းမှာ ကိုယ့်ကိုကိုယ် အကောင်းမြင်ပေးပြီး ကျေးဇူးတင်သင့်တဲ့အရာတွေကိုသတိရပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#မနက်
#မနက်စာ
#မနက်ခင်း
#နှိုးစက်
#အားအင်

Some text some message..