ချစ်သူနှစ်ယောက်ကြားမှာ မကြာခဏပြောပေးသင့်တဲ့စကားလုံးများ
lifestylemyanmar.com
|
2020-10-14



ခိုင်မြဲတဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် လှပတဲ့စကားလုံးလေးတွေ မကြာခဏ သီကျူးပေးနေဖို့ လိုအပ်ပါတယ်။ စကားလုံးက အသက်ဆိုတဲ့အတိုင်းပါပဲ။ ချစ်သူအပေါ်ထားတဲ့ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေ၊ နားလည်ဂရုစိုက်မှုနဲ့ ကြင်နာမှုတွေကို ဖော်ပြပေးနိုင်မယ့် စကားလုံးတွေကို ပြောဆိုပေးတာကလည်း နှစ်ဦးကြားဆက်ဆံရေးကို ပိုမိုကောင်းမွန်စေမှာ သေချာပါတယ်။ ဒါဆိုရင် ကိုယ့်ချစ်သူကို ဘယ်လိုစကားမျိုးတွေနဲ့ချုပ်သင့်လဲ ကြည့်လိုက်ရအောင် ….




၁။ “ငါတို့အမြဲတမ်းအတူရှိမယ်။”

တချို့ကျ ဒါကိုယုံတမ်းစကားလို့ ပြောကြပါတယ်။ ဒါပေမယ့် ယုံတမ်းစကားဖြစ်လို့မရပါဘူး။ သေတပန်သက်တဆုံးအတူတူ ခိုင်မြဲသွားမယ့် Relationship အတွက် ဒီလိုစကားလေးတစ်ခွန်းကလည်း အရေးပါတဲ့နေရာမှာရှိနေပါတယ်။




၂။ “မှတ်မိလား၊ ငါတို့ ဟိုတစ်ခါတုန်းက ….”

တစ်ချိန်က နှစ်ယောက်သားကြည်နူးခဲ့ဖူးတဲ့အမှတ်တရလေးတွေကို အစဖော်ပြီး ပြန်ပြောပေးတာကလည်း နှစ်ဦးကြားဆက်ဆံရေးကို အင်မတန်မှ ပိုကောင်းစေပါတယ်။ ချစ်သူဖြစ်တဲ့ ပထမဆုံးရက်က အမှတ်တရလေးတွေ၊ အလွဲလွဲအချော်ချော်လေးတွေကို နှစ်ယောက်သားတကူးတကပြန်ပြောရတဲ့ခံစားချက် ဘာနဲ့မှမလဲနိုင်လောက်အောင်ပါပဲ။ ဒါမှမဟုတ်လည်း မိုးတွေသည်းတဲ့နေ့တုန်းကလေ၊ ကျောင်းနောက်ကျတဲ့နေ့ကလေ ဆိုတာတွေနဲ့ အစချီရင်းနဲ့လည်း အမှတ်တရကောင်းလေးတွေကို ပြန်လည်ပုံဖော်ကြည့်လိုက်ကြပါဦး။




၃။ “မင်းကသိပ်တော်တာပဲ။”

ကိုယ်ချစ်ရသူဆီက ချီးကျူးစကား ကြားရတာ အင်မတန်ကောင်းပါတယ်။ အသေးအဖွဲကိစ္စလေးပဲဖြစ်နေပါစေ၊ ပစ်စလက်ခတ်မဟုတ်ဘဲနဲ့ ကိုယ့်ချစ်သူကို နက်နက်ရှိုင်းရှိုင်းနဲ့ချီးကျူးတတ်အောင် ကြိုးစားပါ။




၄။ “ဘာကူညီပေးရမလဲ။”

အမှန်တကယ် ကူညီပေးနိုင်တဲ့ကိစ္စမျိုးမဟုတ်ရင်တောင် ချစ်သူက ဒီလိုမျိုးပြောတယ်ဆိုရင် အလွန်အရေးပေါ်ဖြစ်လာတဲ့အချိန်မှာ ကူညီမယ့်သူရှိနေမှာပဲဆိုပြီး လုံခြုံတဲ့စိတ်နဲ့ ကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်။ ဒီစကားက ဘာမှတော့မဟုတ်ပါဘူး။ ဒါပေမယ့် ချစ်ခြင်းမေတ္တာတွေအပြင်၊ နွေးထွေးမှုတွေကိုပါ ပေးစွမ်းနိုင်တဲ့စကားလေးတစ်ခွန်းပဲဖြစ်ပါတယ်။

၅။ “Thank You”

ရိုးစင်းတဲ့ကျေးဇူးတင်စကားကလည်း ချစ်သူနှစ်ယောက်ကြားက သံယောစဉ်ကြိုးကို ပိုမိုခိုင်မြဲစေမှာ သေချာပါတယ်။




၆။ “ဒီကိစ္စကို ငါလုပ်ပေးမယ်။”

နှစ်ယောက်လုံးနဲ့ဆိုင်တဲ့ကိစ္စတွေကို တစ်ယောက်တည်းကချည်းပဲ အမြဲတမ်းလုပ်ပေးနေရတာ တစ်ခါတလေ ငြီးငွေ့ဖို့ကောင်းပါတယ်။ တစ်ခါတလေကျရင်လည်း သွားစရာရှိတာတွေ၊ သန့်ရှင်းရေးလုပ်စရာရှိတာတွေ၊ ချက်ပြုတ်စရာရှိတာတွေကို တစ်လှည့်စီလုပ်ပေးတာကလည်း အင်မတန်မှကောင်းတဲ့ကိစ္စပါပဲ။




၇။ “ကောင်းကောင်းပျော်ခဲ့နော်။”

တစ်ခါတလေ သူလည်း သူ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အပြင်သွားချင်တာရှိမယ်၊ ရုပ်ရှင်ကြည့်မယ်၊ မုန့်စားမယ်၊ ယောက်ျားလေးတွေဆိုရင် သူငယ်ချင်းတွေနဲ့ ဘားသွားတာ၊ သူငယ်ချင်းဟောင်းတွေပြန်တွေ့တာ၊ သောက်စားတာမျိုးတွေရှိတတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ဘယ်တော့ပြန်လာမှာလဲ၊ ဟိုတစ်နေ့ကပဲ သွားပြီးပြီဆိုတဲ့ စကားတွေကို နားပူအောင်ပြောနေမယ့်အစား ကောင်းကောင်းပျော်ခဲ့နော်ဆိုတဲ့စကားကလည်း တစ်ယောက်နဲ့တစ်ယောက်ကို နားလည်မှုပိုရှိစေပါလိမ့်မယ်။




၈။ “ငါမင်းအတွက် အမြဲတမ်းရှိတယ်နော်။”

ကိုယ့်ချစ်သူက ခက်ခဲတဲ့ကိစ္စတစ်ခုခုကို ရင်ဆိုင်ဖို့ ပြင်ဆင်နေချိန် ဒါမှမဟုတ် ဆိုးရွားတဲ့အချိန်တွေကို ဖြတ်သန်းနေရချိန်မှာ ဒီစကားက တကယ့်ကိုအိုအေစစ်ပါပဲ။ ဒီစကားလေးကြောင့်ပဲ အရာရာကိုဖြတ်ကျော်ဖို့၊ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်ဖို့ ဝန်မလေးတော့တဲ့ ခွန်အားတွေကို ရရှိစေပါလိမ့်မယ်။




၉။ “ငါမင်းကိုချစ်တယ်။”

မပြောလို့မဖြစ်တဲ့ စကားလုံးလေးပေါ့။ ဒါပေမယ့် တစ်ချိန်လုံးကြီး ချစ်တယ်၊ ချစ်တယ် အော်နေဖို့ မဟုတ်ပါဘူး။ ချစ်သူနှစ်ယောက် ဖုန်းပြောပြီးလို့ ဖုန်းချခါနီး၊ ညအိပ်ခါနီး၊ နှစ်ယောက်သားချိန်းတွေ့ပြီး အိမ်ပြန်ခါနီး အချိန်လေးတွေမှာ ချစ်တယ်ဆိုတဲ့စကားကို မမေ့မလျော့ဘဲ ပြောပေးကြပါနော်။ RS လေးတွေရော အခုပြောပြခဲ့တဲ့ စကားလေးတွေကို မကြာခဏပြောဖြစ်ကြရဲ့လား ???




#HM

#LifestyleMyanmar

Source: womenworking


#စကား
#ချစ်သူ
#စကားလုံး
#အမှတ်တရ
#ကောင်းကောင်း

Some text some message..