ငွေချေးပြီး ပြန်မဆပ်တဲ့ရည်းစားကို ပညာသားပါပါ ကြွေးတောင်းနည်း (၄) မျိုး
auntymay.com
|
2020-10-14

သမီးရည်းစားတွေကြားမှာ ငွေရေးကြေးရေးပါလာရင် တော့ အမှန်အတိုင်း ပြောရရင် သိပ်မကော င်းပါ ဘူး။အပြန်အလှန် ငွေ ရေး ကြေးရေး နဲ့ ပတ်သက်လာရင် ယုံလို့ရတယ်၊ကတိတည်တတ်တဲ့ လူမျိုးတွေ ဆိုရင်တော့ ပြဿနာ မရှိပါဘူး။ ကတိမတည်တတ်၊ ပေါ့ပေါ့ နေ ၊ပေါ့ပေါ့စား လူမျိုးကို ချေးမိရင်တော့ ပိုက်ဆံကြောင့်ပဲ သင်တို့ ကြားက Relationship က တဖြည်းဖြည်း ပြိုကွဲလာနိုင်ပါတယ်။ပိုက် ဆံ ချေးတုန်းက တော့ ပြန်ဆပ်ပါ့မယ်၊ မကြာ ပါဘူး၊ဘယ်လို အတိုးနဲ့ ပြန် ပေးမယ် ပြောပြီး ပြန်ဆပ်ဖို့ ကျ တော့ ရူးချင်ယောင် ဆောင် နေတဲ့ ရည်းစားကို ဘယ်လို ကြွေးတောင်းရမလဲ မသိဖြစ်နေသူတွေ ရှိလား..?ဒါဆိုရင်တော့ အထိ ရောက် ဆုံး ကြွေး တောင်း နည်း တွေ ကိုေ ဖာ်ပြ ပေးချင်ပါတယ်။သတိပြုရမှာက အမုန်းပွားစရာ မလိုအောင် စကားကို အေးဆေးဆေးဆေး ပြောပြီး တောင်းပါ။


(၁)သူ့ရှေ့ရောက်ရင် မွဲပြပါ


Image:freepik.com/cookie-studio

ကြွေးပြန်တောင်းတော့မယ်လို့ စိတ်ဆုံး ဖြတ်ပြီးရင် တော့ ကြွေး မ တောင်းခင် တစ်ပတ် နှစ်ပတ် လောက် အလို တည်းက သူရှေ့ ရောက် ရင် မွဲ ပြ ပေးဖို့ လိုပါတယ်။သူရှေ့မှာ ပိုက်ဆံ ရှိပြ နေရင် သူ မ ပေးလဲ သင်က အေးဆေး ပဲ လို့ ထင် ပြီး ကြွေး ပြန် ရဖို့ က ခက်ခဲ သွားတတ်ပါတယ်။ဒါကြောင့် ကြွေးမတောင်း ခင် တစ်ပတ်၊နှစ်ပတ် အလို တည်းက မစ်ရှင် အတွက် သေချာ ပြင်ဆင် ပါ။သူ ရှေ့ ရောက်ရင် သင့်မှာ ပိုက်ဆံ မရှိ ကြောင်း မွဲနေတဲ့ အကြောင်း သူသိလာ အောင် တနည်းနည်းနဲ့ လုပ်ပြပါ။ဘယ်လို တွေ ပိုက်ဆံ မရှိတာ တွေ ဆိုပြီး အရမ်းတွေ ငြီးငြူ တာ မျိုးထက် ပညာသားပါပါ သူသိလာအောင် လုပ်ပြ၊ပြောပြတာ မျိုးလုပ်ပါ။


(၂)ဒရမ်မာခင်းပြ


Image:.freepik.com/freepik

အချိန်တခုလောက် အထိ မွဲချင်ယောင် ဆောင်ပြီးရင်တော့ ဒရမ်မာခင်းပြ ဖို့ အချိန် ရောက်ပါပြီ။ အကြောင်း တစ်ခုခု ကြောင့် သင့်မှာ ပိုက်ဆံ မရှိ မဖြစ် လိုေ နပြီဆိုတာကို သူ့ကို ပြောပြပါ။သင်ပေးမယ့်အ ကြော င်းပြချက်က မရှိ မဖြစ် လို အပ်တာမျိုး၊အ ကြောင်း အရင်း ခိုင် လုံ ဖို့ တော့ လိုပါတယ်။ဥပမာ- ငါအိတ်သစ်ဝယ်ချင်လို့ ဆိုတာ မျိုးထက်..ကျောင်းလ ခ ပေးရတော့မယ်၊ချေးငွေ ပြန်ဆပ် ရ တော့မယ်.. ဆို တဲ့ အ ကြောင်းပြချက် မျိုးကို ပေးပါ။ဘယ်နေ့ လောက် နောက်ဆုံး ပေးရမှာ. ဆိုတဲ့ ဒိတ် ကိုပါ အတိအကျ ထည့် ပြော ပေးဖို့ မမေ့ပါနဲ့။ဒိတ် မပြောရင် ပေးချင် တဲ့ အချိန် ပေး ဆိုပြီး ထင် သွားနိုင်ပါတယ်။(အရင်တည်းကမှ မပေးချင်လို့ ရူးချင် ယောင် ဆောင် နေတဲ့ သူမို့လား.)


(၃)သူ့ကို ပိုက်ဆံထုတ်ခိုင်း


Image:freepik.com/wayhomestudio

အဲ့လို လုပ်တာ တောင်မှ ပိုက်ဆံ ပြန်မ ပေးသေးဘူးဆိုရင်တော့ သူ့ကို ပိုက်ဆံ ထုတ်ခိုင်းပါ။ဘယ်လို မျိုး ထုတ်ခိုင်းရမလဲ ဆိုရင် တော့ အတူ မုန့်သွားစားရင် ထုတ်ရှင်းခိုင်းပါ။သူနဲ့ အတူ အိမ် အတွက် လိုတဲ့ ပစ္စည်းလေးတွေ ဝယ်မယ်ဆိုပြီး ဈေးဝယ်ထွက်ပါ။ပြီးရင် တော့ သူ့ကို ထုတ်ရှင်းခိုင်းလိုက်ပါ။(သူ့မှာ ပိုက်ဆံ ပါလာ မလာတော့ အရင် သေချာအောင် လုပ်ပါ။တော်ကြာ ဝယ်ပြီး ကိုယ်ပဲ ပြန်ရှင်းေ နရ အုံးမယ်)။ဒ့ါအပြင် မီတာခ၊ဖုန်းဘေ၊ တခြား လစဉ် ကုန်ကျ နေတဲ့ အသုံးစရိတ် တစ်ချို့ကို အကြွေး မဆပ်နိုင် ရင် တောင် ဒီလေး တွေ တော့ နင် စိုက်ပေး၊ထုတ်ထားပေး ဆိုပြီး သူ့ပိုက်ဆံကို ထုတ်ခိုင်းပါ။အပေါ်က နှစ်ချက် လောက် လုပ် ပြလိုက်တာနဲ့ ပြန်ဆပ်ရေ ကာင်း မှန်းသိရင်တော့ သင့်လူက အဲ့လောက် မဆိုး သေးဘူးလို့ ပြော လို့ရပါတယ်။တတိယ အကွက်လောက်ထိ ထုတ်သုံးနေရရင် တော့ ပိုက်ဆံ ချော့ေ မာ့ ပြန် တောင်းပြီးရင် တော့ တခါ တည်း ဖြတ် သာ ပစ်လိုက်ပါ။


(၄)ဆိုင်ရာပိုင်ရာကို ကပ်ပါ


Image:freepik.com/wayhomestudio

ဒီနည်းကိုတော့ နောက်ဆုံးမှ ထုတ်သုံးပါ။ချေးတုန်းက တော့ ကိုယ်ကျေနပ်လို့ ချေးပြီး ပြန်မရေ တာ့ မှ အရပ်ကူပါ၊လူဝိုင်းပါ ဆိုပြီး သူများကို ဆွဲထည့်ရတာ အားနာဖို့ ကောင်းတဲ့ အတွက် ကြောင့်ပါ။ဒါပေမယ့် ဘယ်လို မှ တောင်းမ ရရင် တော့ ဒီနည်းကို သုံးမှ ရမှာပါ။သင့် ချစ်သူက ဘယ်သူ့ကို ကြောက်တာလဲ၊သူ့က ဘယ်သူ့စကားဆို နားထောင် တတ်လဲ သင်သိမှာပါ။ဥပမာ- သင့်ချစ်သူက သူ့ အဖေကို ကြောက်တယ်ဆိုရင် သင်တို့ ငွေ ရေးကြေးရေး ကိစ္စ ကို သူ့ အဖေ ကို ပြော ပြ တာမျိုး လုပ်ပါ။သင်ချဉ်းကပ်ပြီး အကူအညီ တောင်း မယ့် လူက သင့်လူ့ကို ပိုင်တဲ့ နိုင်တဲ့ လူမျိုး တော့ ဖြစ်ဖို့ လိုပါတယ်။


Image:freepik.com/freepik

ဒီလို တွေ တောင်း ပေမယ့် လည်း မရ ဘူးဆိုရင် တော့ သင်တို့ Relationship ကို ပြန်သုံးသပ်ဖို့ တော့ လို နေပါပြီ။သင့်ချစ်သူက သင် အခက်အခဲ ကြုံ နေရင်တော့ ငွေကြေး ကူညီပေးဖူးတာ မျိုးရှိလား၊သင့် အတွက် တန်ဖိုးကြီး လက်ဆောင် ပစ္စည်းတွေ ဝယ် ပေးခဲ့ဖူး လား၊သင့် အတွက် ပိုက်ဆံ များများသုံး ခဲ့ဖူးလား.. တက ယ်လို့ များအဲ့လို တွေ သူ့ ဘက်က လုပ်ပေးခဲ့ဖူးရင် တော့ အပြန် အလှန် ငဲ့ ညှာ ထောက် ထားသင့်ပါတယ်။အဲ့ လို မဟုတ်ဘူး။သင့်ကိုပဲ အမြဲ လိုလို မှီခိုေ နတယ်ဆိုရင် တော့ ဒီ Relationship ကို ပြန်စဉ်းစားဖို့ လို နေပါပြီ။ကိုယ့်အ ပေါ် မကောင်းတဲ့ လူမျိုးကို ဖက်တွယ်မ နေဖို့ပဲ အကြံပြုပါရစေ။

#AUNTYMAY


#ပိုက်ဆံ
#လူမျိုး
#ချစ်သူ
#အပြန်အလှန်
#အဖေ

Some text some message..