ယောက်ျားလေးတစ်ယောက်က ကိုယ့်အပေါ်ကြိတ်ကြွေနေတယ်ဆိုတာကို သိသာစေမယ့်အချက်များ
lifestylemyanmar.com
|
2020-10-15



ယောက်ျားလေးတွေက သူတို့ကြိတ်ချစ်ရတဲ့ ကောင်မလေးတွေရှေ့မှာဆိုရင် နေမထိ၊ ထိုင်မသာနဲ့ အိန္ဒြေမရဖြစ်တတ်ပြီး ရှက်သလို၊ ကြောက်သလို၊ ရဲဝံ့သလိုနဲ့ ပုံစံမျိုးစုံဖြစ်တတ်ကြပါတယ်။ ဒါကို သတိထားမိတဲ့ မိန်းကလေးတွေရှိသလို သတိမထားမိတဲ့ မိန်းကလေးတွေလည်းရှိပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုကြိတ်ကြွေနေတဲ့သူက ကိုယ့်ကိုဘယ်လိုမျိုးပုံစံတွေဖြစ်နေမလဲဆိုတာ ကြိုပြီးစနည်းနာကြည့်ရအောင် …




၁။ ကိုယ်နဲ့ရှိနေတဲ့အချိန်တိုင်း အမြဲတမ်းပြုံးနေမယ်။

အားမနာတမ်းပြောရရင် ရုပ်ကြီးဖြီးနေတာမျိုးပေါ့။ အချစ်နဲ့တွေ့သွားတဲ့ ယောက်ျားတွေက ဒီလိုပါပဲ။ ကိုယ့်ကိုမြင်လိုက်တာနဲ့၊ ကိုယ်နဲ့စကားပြောနေရတာနဲ့ကို သူတို့ကိုယ်သူတို့တောင် ပြုံးလို့ပြုံးမှန်းမသိဖြစ်ကုန်တာပါ။

၂။ ကိုယ့်အနားမှာ အလွန်အဖြစ်အသည်းပြမယ်။

သူတို့က ကိုယ့်ရှေ့မှာ တစ်ခုခုပြင်းပြင်းထန်ထန် ထိခိုက်ပြတာမျိုး၊ အလွန်အကျူးနာကျင်ပြတာမျိုးတွေက ကိုယ့်ရဲ့အာရုံစိုက်မှုကို လိုချင်လို့ပါ။

၃။ မတော်တဆအသားချင်းလိုက်ထိမယ်။

အတူရှိနေတဲ့အချိန်တွေမှာ မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ်နဲ့အသားချင်းလိုက်ထိဖို့၊ ကိုယ့်လက်ကလေးကို မရည်ရွယ်ဘဲ ကိုင်မိသလိုလိုဖြစ်ဖို့ ကြိုးစားနေပါလိမ့်မယ်။




၄။ ပေါက်ကရတွေလျှောက်ပြောနေမယ်။

ကိုယ်နဲ့စကားပြောတဲ့အချိန်မှာ ပြောတဲ့စကားတွေက ဦးတည်ချက်မရှိဘဲ တောင်စဉ်ရေမရဖြစ်နေပြီး ရယ်စရာမဟုတ်တာကိုလည်း ရယ်စရာလုပ်ပြီး ပေါက်ကရတွေအကုန်လျှောက်ပြောနေကြပါလိမ့်မယ်။

၅။ သောက်စရာတစ်ခုခုဝယ်ပေးမယ်။

ယောက်ျားလေးတစ်ယောက်က ကိုယ့်အတွက် ကော်ဖီ ဒါမှမဟုတ် အအေး တစ်ခုခုဝယ်ပေးဖို့ အမြဲတမ်းအသင့်ဖြစ်နေပြီး ဒီလိုဝယ်ပေးတာက သဘောရိုးလို့ တချို့ကထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်ယောက်ျားလေးကမှ သူတို့သဘောမကျတဲ့ မိန်းကလေးအတွက် အမြဲတမ်းလိုလို အအေးဝယ်ပေးဖို့၊ ကော်ဖီဝယ်ပေးဖို့ စိတ်ကူးရှိမှာမဟုတ်ပါဘူး။




၆။ ကိုယ့်အတွက်ဆို အမြဲတမ်းအသင့်ရှိနေမယ်။

ဘယ်အချိန်၊ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ပါစေ၊ ကိုယ်ဖုန်းဆက် မက်ဆေ့ခ်ျပို့လိုက်တာနဲ့ ခေါ်လိုက်တာနဲ့ အမြဲတမ်းအသင့်ရှိနေပြီး အပြေးလေးရောက်လာတယ်ဆိုရင် ဒီအမျိုးသားက ကိုယ့်ကိုကြိတ်ကြွေနေပါပြီ။

၇။ ကိုယ့်ရဲ့အထင်ကြီးမှုကိုရရှိအောင် အမြဲတမ်းကြိုးစားနေမယ်။

ယောက်ျားလေးတွေဆိုတာက ကိုယ့်ကိုဘယ်သူကအထင်ကြီးကြီး၊ ဘယ်သူကအထင်သေးသေး ဂရုမစိုက်တတ်ပါဘူး။ ဒါပေမယ့် ကိုယ်သဘောကျတဲ့မိန်းကလေးရဲ့အထင်ကြီးလေးစားမှုကိုရရှိဖို့ နည်းမျိုးစုံကြိုးစားပါလိမ့်မယ်။




၈။ အမြဲတမ်းစာအရင်ပို့မယ်။

ကိုယ်ကသူ့ဆီ မက်ဆေ့ခ်ျမပို့ခင်မှာပဲ သူ့ဘက်ကအမြဲတမ်း မက်ဆေ့ခ်ျပို့ပါလိမ့်မယ်။ ဒါကလည်း ကိုယ့်ကိုကြိတ်ခိုက်နေတယ်ဆိုတဲ့ သက်သေပါ။




၉။ အတူတူအချိန်ကုန်နိုင်ဖို့ ကြိုးစားမယ်။

ကိုယ်နဲ့သာအတူရှိနေရင် သူတို့အတွက်က ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ ဒီတော့ ကိုယ်သွားရာနောက် တကောက်ကောက်လိုက်မယ်။ ကိုယ်ဈေးဝယ်ထွက်တာကိုလည်း စိတ်ရှည်ရှည်နဲ့လိုက်ပေးရင်း အချိန်ကုန်လို့ကုန်မှန်းမသိဖြစ်နေကြမှာပါ။

၁၀။ သူငယ်ချင်းတွေကို ကိုယ့်အကြောင်းပြောပြမယ်။

ယောက်ျားလေးတွေက သူတို့ဘယ်ကောင်မလေးကို Crush ရလဲဆိုတဲ့အကြောင်း သူငယ်ချင်းတွေဆီ အမြဲတမ်းပြောလေ့ရှိပါတယ်။ သူ့သူငယ်ချင်းတွေကလည်း ကိုယ်နဲ့သူနဲ့ နှစ်ယောက်ကို တွေ့ပြီဆိုတာနဲ့ ဝိုင်းပြီးစနောက်ဖို့ ဟန်ပြင်နေကြမှာပါ။

၁၁။ ဆိုရှယ်မီဒီယာပေါ်က ပို့စ်တွေအကုန်လုံးကို စောင့်ကြည့်နေကြမယ်။

တစ်နေ့တစ်နေ့ မရေတွက်နိုင်လောက်အောင်ကို ကိုယ့် Wall ထဲဝင်ကြည့်နေတဲ့သူက ကိုယ့်ကိုသေချာပေါက်ကြိတ်ခိုက်နေတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ဓာတ်ပုံတွေ၊ ပို့စ်တွေအကုန်လုံးကိုတော့ အသည်းလေးတွေပေးမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က သူတို့ရဲ့စိတ်ကိုရိပ်မိသွားမှာစိုးလို့ပါ။ စိတ်တော့မပူပါနဲ့။ ကိုယ်ဘာတင်တင် သူတို့သိပါတယ်။ အနည်းဆုံး Like လေးတစ်ချက်တော့ ပေးပြီးသားပါ။ စိတ်ထဲမှာတော့ အသည်းလေးပေးချင်တာပေါ့။

၁၂။ ကိုယ်နဲ့အကြည့်ချင်းဆုံအောင် ကြိုးစားနေမယ်။

ကိုယ်ပြုံးနေတဲ့အချိန်၊ တစ်ခုခုပြောနေတဲ့အချိန်မှာ ကိုယ်နဲ့မျက်လုံးချင်းဆုံအောင် စိုက်ကြည့်နေပြီဆိုရင် ဒီကောင်လေး ကိုယ့်ကိုကြိတ်ကြွေနေပါပြီ။




၁၃။ တခြားယောက်ျားတွေနဲ့စကားပြောရင် သဝန်တိုနေမယ်။

ကိုယ်က သူမဟုတ်တဲ့ တခြားယောက်ျားတစ်ယောက်ယောက်နဲ့ စကားပြောရင်လည်း သူတို့ကသဝန်တိုဦးမှာပါ။ ဒါပေမယ့် ဘယ်သူကတော့ သဝန်တိုပါတယ်လို့ ထုတ်ပြောပါ့မလဲ။ ပြောရကောင်း၊ မပြောရကောင်းနဲ့ မျက်နှာကြီးက မိုးမှောင်ကျနေပါလိမ့်မယ်။

၁၄။ တခြားသူတွေကို ဆက်ဆံတဲ့ပုံနဲ့ Vs ကိုယ့်အပေါ်ဆက်ဆံတဲ့ပုံ။

ဒါကသိပ်ကိုသေချာတဲ့အချက်ပါ။ တခြားသူတွေရှေ့မှာ ဘယ်လောက်ပဲတည်ကြည်နေပါစေ၊ သူတို့သဘောကျတဲ့ကိုယ့်ရှေ့ကိုရောက်ရင်တော့ ကိုယ်ပြုံးပျော်နိုင်ဖို့အတွက် ငပေါကြီးတစ်ယောက်အဖြစ် ကျေကျေနပ်နပ် အသုံးတော်ခံနေမှာပါ။

၁၅။ ကိုယ်နဲ့တစ်ချိန်လုံးစကားပြောချင်နေမယ်။

တစ်ပတ်ကို (၇) ရက်နဲ့ တစ်ရက်ကို (၂၄) နာရီဆိုတာက သူတို့အတွက် မလောက်ချင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်နဲ့အချိန်တိုင်း စကားပြောချင်နေလို့ပါ။ တစ်ညလုံးမအိပ်ဘဲ မက်ဆေ့ခ်ျတွေပို့၊ ဖုန်းတွေပြောပြီး နောက်နေ့မနက်အလုပ်ထလုပ်ရလည်း ဒါကိုပင်ပန်းရကောင်းမှန်း သိတော့မှာ မဟုတ်ပါဘူး။




၁၆။ အနာဂတ်တွေအကြောင်း ပြောပြမယ်။

အနာဂတ်နဲ့ပတ်သက်ပြီး ပြောပြရတဲ့မိန်းကလေးက ယောက်ျားလေးတစ်ယောက်အတွက် အင်မတန်မှ အရေးပါတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ မိန်းကလေးတွေအနေနဲ့ သိထားရမှာက ကိုယ့်ကိုအဲ့ဒီလိုလာပြောတဲ့သူရှိပြီဆိုရင် အဲ့ဒီယောက်ျားလေးက ကိုယ့်ကိုစိတ်ထဲမှာချစ်နေပြီဆိုတဲ့အချက်ပါပဲ။

၁၇။ ကိုယ့်ရဲ့ဆဌမအာရုံက သိနေမယ်။

သူ့ဘက်က ဘာအရိပ်အယောင်မှမပြလည်း ကိုယ့်ကိုလူတစ်ယောက်က စိတ်ထဲကြိတ်ခိုက်နေပြီဆိုရင် မိန်းကလေးတွေရဲ့ ဆဌမအာရုံက စတင်အလုပ်လုပ်ပြီး အသိပေးပါလိမ့်မယ်။ ဒါကတော့ အသေချာဆုံးဆိုတာထက်တောင် ပိုမိုသေချာတဲ့အရာပါ။ ဒါကိုဖတ်ပြီးပြီဆိုရင်တော့ သင့်ဘေးနားမှာ သင့်ကို ကြိတ်ကြွေနေတဲ့ ယောက်ျားလေးတစ်ယောက်ရှိနေမလားဆိုတာကို တစ်ချက်လောက်စဉ်းစားကြည့်လိုက်ပါဦး။




#HM

#LifestyleMyanmar

Source: herway


#ယောက်ျားလေး
#မိန်းကလေး
#ဆဌမ
#ယောက်ျား
#သားချင်း

Some text some message..