သင့်အိမ်ကို ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးမယ့် Indoor Plant လှလှလေးများ
moda.com.mm
|
2020-10-15

ဖုန်းရွှေဆိုတဲ့ တရုတ်အယူအဆအရ အိမ်မှာ ထားသင့်တဲ့ လာဘ်ခေါ် အပင်တွေဆိုတာရှိပါတယ်။ ဒီအပင်တွေက ချမ်းသာကြွယ်ဝခြင်း၊ အခွင့်အလမ်းပေါ်ပေါက်ခြင်းနဲ့ ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် အချိူ့ကံကောင်းစေတဲ့အပင်တွေကိုဆို ငွေပင်၊ ရွှေပင်ဆိုပြီး ခေါ်ကြတာ သတိထားမိကြမှာပါ။ ဒီအပင်တွေကို ရေဓာတ်ကို Balance လုပ်ပေးပြီး ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့စွမ်းအင်တွေကို ဖယ်ရှားပေးတယ်လို့လည်း ဆိုပါတယ်။

အိမ်ထဲမှာ ဒီအပင်လေးတွေကို ထားမယ်ဆိုရင် အခန်းထဲက လေထုကိုလည်း သန့်စင်ပေးတာဆိုတော့ တစ်ချက်ခုတ်၊ သုံးလေးချက်လောက် ပျက်တာပေါ့။ သိပ္ပံပညာအရလည်း Indoor Plant လေးတွေက စိတ်ဖိစီးမှုကိုလည်း လျော့ချပေးတယ်လို့ စမ်းသပ်ချက်တွေအရ တွေ့ရှိပါတယ်နော်။ ဆိုတော့ ဒီတိုင်း ကောင်းတဲ့ အကြောင်းပြချက်တွေ လိုတော့မှာ မဟုတ်တော့ အိမ်မှာ ဘယ်အပင်လေးတွေ ထားသင့်လဲဆိုတာ ကြည့်လိုက်ရအောင်နော်။


Lucky Bamboo




Lucky Bamboo လေးကိုတော့ အားလုံးသိမှာပါ။ ကံကောင်းခြင်းကို သယ်ဆောင်ပေးပြီး Positive Energy ကို ထုတ်လွတ်ပေးပါတယ်။ ဒီအပင်လေးတွေကို အိမ်မှာ များများထားလေလေ ပိုကံကောင်းလာလေလေ ပဲလို့ ဆိုပါတယ်။


Money Plant (ရွှေလာငွေလာပင်)




Money Plant လေးတွေက အကြမ်းခံတဲ့အတွက် လူကြိုက်များပါတယ်။ အခန်းအတွင်းမှာ ရှိတဲ့ လေထုကို သန့်စင်ပေးပြီး စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။


Jade Plant




ကံကောင်းစေတဲ့ အပင်လို့နာမည်ကြီးတာကတော့ Jade Plan ပါ။ အိမ်ပေါက်ဝနား၊ ရုံးပေါက်ဝနားတွေမှာထားပါက အောင်မြင်မှုနဲ့ ကြွယ်ဝချမ်းသာခြင်းတွေ ပိုင်ဆိုင်စေတယ်လို့ ယူဆကြပါတယ်။ စီးပွားရေးလုပ်နေတဲ့ အသိမိတ်ဆွေတွေကို လက်ဆောင်ပေးလို့ လှတဲ့အပင်လေးတွေပါ။


Snake Plant (နဂါးစက်ဂမုန်း)




ဒီကံကောင်းစေတဲ့အပင်လေးက သိပ္ပံနည်းပညာအရ လေထုထဲမှာ ရှိတဲ့ မကောင်းတဲ့ အသွေ့အသက်တွေကို စုတ်ယူပေးပါတယ်တဲ့။ ဒါကြောင့် Indoor Plant အနေနဲ့ ထားဖို့လည်း သင့်တော်သလို အခန်းကိုလည်း လှပစေတာမို့ Décor ကောင်းကောင်းတစ်ခု အဖြစ်လည်း သုံးလို့ရတာပေါ့။


Peace Lily (ရှင်သလီဝလိဂမုန်း)




ပန်းနာရင်ကျပ်နဲ့ ကင်ဆာလိုမျိူး နာတာရှည်ရောဂါတွေမဖြစ်အောင် ဒီအပင်လှလှလေးက ကာကွယ်ပေးပါတယ်။ ထိန်းသိမ်းရလွယ်ပြီး လေထုကို သန့်စင်ပေးတဲ့အတွက် ကျန်းမာရေးနဲ့ သင့်တော်တဲ့အပြင် လာဘ်ရွှင်စေမယ့်အပင်လေးပါ။

ကိုယ့်အိမ်မှာ ဒီအပင်လေးတွေ စိုက်ထားချင်တဲ့သူတွေအတွက် ဝယ်လို့ရနိုင့်မယ့် ဆိုင်လိပ်စာလေးတွေကို စုစည်းပေးထားပါတယ်နော်။ Mie Mie's Plant Collection (Facebook -

https://www.facebook.com/mmindoorplant ) Smile Cactus & Indoor Plant Gallery (Facebook -

https://www.facebook.com/smileindoorplantshop/ ) Home Garden Yangon (Facebook -

https://www.facebook.com/homegardenyangon )


#အပင်
#လေထု
#ဂမုန်း
#အခန်း
#စိတ်ဖိစီးမှု

Some text some message..