စိတ်တွေ အရမ်း ရှုပ်နေတဲ့အချိန်မှာ အလုပ်သင့်ဆုံး အရာ (၃) မျိုး
auntymay.com
|
2020-10-17

စိတ်တွေ ရှုပ်ပြီး ဘာမှကို စိတ်မရှည်တဲ့ အချိန်မျိုးတွေကို တစ်ချိန်မဟုတ်တစ်ချိန်မှာ ခံစားရတတ်ပါတယ်။ စိတ်တွေ ရှုပ်နေတဲ့ အချိန်မှာ မလုပ်သင့်တဲ့ အရာတွေ ရှိနေသလို လုပ်သင့်တဲ့ အရာတွေလည်း ရှိနေပါတယ်။ စိတ်တွေ ရှုပ်နေတဲ့အချိန်မှာ မလုပ်သင့်တာ မလုပ်ချင်တာတွေကို မလုပ်ဖြစ်အောင် ထိန်းသလို ချက်ချင်း လုပ်သင့်တဲ့ အရာတွေလည်း အခုလို ရှိနေပါတယ်။


(၁) အနားယူပါ

စိတ်တွေ အရမ်းကို ရှုပ်နေပြီဆိုရင်တော့ သင့်ကို ပင်ပန်းလာတဲ့ အခြေအနေကို ရင်ဆိုင်ရစေမှာပါ။ သွားလိုက်တိုင်း လှုပ်လိုက်တိုင်းမှာလည်း စိတ်ရှုပ်နေမှာပါ။ ဒီလိုအချိန် ဖြစ်နေပြီဆိုရင် မဖြစ်မနေ လုပ်ရတဲ့ အလုပ်တွေ ပြီးတာနဲ့ ကျန်တဲ့ သင့်ရဲ့ ကိုယ်ပိုင်အချိန်တွေကို တစ်ယောက်တည်း အနားယူလိုက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ စိတ်တွေ အရမ်း ရှုပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို အချိန်ပေးပြီး တခြားသူတွေကို လိုက်ကြည့်မနေတော့ဘဲ အနားယူလိုက်တာ စိတ်ရှုပ်တာကို အမြန်ဆုံး သက်သာသွားစေတတ်ပါတယ်။ အချိန်အကြာကြီး စိတ်ရှုပ်တာက သင့်ကို ထိခိုက်စေတာမို့ အနားယူလိုက်ဖို့ လိုကို လိုအပ်ပါတယ်။


drobotdean/Freepik


(၂) လူတွေနဲ့ စကားမပြောပါနဲ့

စိတ်တွေ ရှုပ်တဲ့အချိန်မှာ လူတွေနဲ့ စကားမပြောတာမျိုးကိုလည်း မဖြစ်မနေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ အလာပသလာပ ပြောတာမျိုးကို ရှောင်ရှားတာ၊ မလိုအပ်သေးဘဲ အလုပ်ကိစ္စ စကားတွေ မပြောဘဲ နေတာမျိုးတွေ မဖြစ်မနေ လိုအပ်ပါတယ်။ စိတ်ရှုပ်တဲ့အချိန်မှာ အကြောင်းအရာ အများကြီး ဦးနှောက်က လိုက်လုပ်ပေးနေရင် သင့်ကို အားမရှိတော့သလိုပါ ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ရှုပ်ပြီဆိုရင် လူတွေကို ခဏရှောင်ပြီး နေပေးဖို့ လိုအပ်ပါတယ်။


diana.grytsku/Freepik


(၃) အာရုံပြောင်းပါ

စိတ်ရှုပ်နေရတာကို ကိုယ့်ကို အနှောင့်အယှက် ဖြစ်စေသလို ကိုယ့်အနားမှာ ရှိတဲ့သူတွေကိုပါ ထပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါသေးတယ်။ စိတ်တွေ ရှုပ်နေတာကို ခံစားနေရတာမျိုးကို အာရုံပြောင်းတဲ့နည်းနဲ့လည်း ဖြေရှင်းလို့ ရပါတယ်။ လူတစ်ယောက်မှာ ကိုယ့်ကို စိတ်ကြည်လင်သွားစေမယ့် အရာတွေ ရှိပါတယ်။ တစ်ချို့က ဂိမ်းဆော့လိုက်ရင် ပျောက်သွားသလို တစ်ချို့က အစားစားလိုက်ရင် ပျောက်သွားတတ်ပါတယ်။ ဒါကြောင့် စိတ်ရှုပ်ရင် အာရုံပြောင်းဖို့ကိုလည်း မမေ့ပါနဲ့နော်။


shutterstock/shisu_ka

Kham


#အချိန်
#အရာ
#အနှောင့်အယှက်
#အလုပ်ကိစ္စ
#ဂိမ်း

Some text some message..