
အခုခေတ်မှာ ချစ်သူရှာရတာလွယ်ပါတယ်။ ဒါပေမယ့် လက်တွဲဖော် တစ်ယောက်အဖြစ် ရည်ရွယ်လို့ရတဲ့ ကိုယ်နဲ့ကိုက်ညီလိုက်ဖက်တဲ့သူမျိုးရဖို့တော့ အရမ်းကိုခက်ခဲပါတယ်။သင်တို့အတွဲက တစ်ကယ်လိုက်ဖက်ပြီး နတ်ဖတ်တဲ့စုံတွဲလို လိုက်ဖက်ညီလားဆိုတာ ဒီအချက်လေးတွေနဲ့ စမ်းစစ်ကြည့်ကြရအောင်နော်…
(၁)ဆိုးတူကောင်းဖက်

freepik by cookie studio
ချစ်သူစုံတွဲတွေမှာ ကိုယ်သာတဲ့အချိန်မှာသာ အနားမှာရှိပေးပြီး ကိုယ်ကျရှုံးချိန်၊ စိတ်ဓာတ်ကျချိန်မှာတော့ အနားကထွက်ခွာသွားမယ့် သူတွေအများသားပါ။ သင်တို့အချစ်ရေးမှာတော့ နှစ်ယောက်လုံးက ကိုယ်စီ အနိမ့်အမြင့် ၊ အတက်အကျတွေမှာ အနားမှာအမြဲဖေးမပေးတဲ့သူမျိုးဆိုရင်တော့ နတ်ဖက်တဲ့စုံတွဲမျိုးပါ။
(၂)ရန်ဖြစ်လည်း ခဏပဲ

freepik by droboteam
ချစ်သူတွေဖြစ်လာရင်တော့ သူ့အကြိုက်ကိုယ့်အကြိုက်မတူတာတွေ ၊ နားလည်ပေးရမှာတွေ ၊ညှိနှိုင်းရမှာတွေ အများကြီးနဲ့ ရန်ဖြစ်စကားများကြရတာတွေလည်းရှိကြမှာပါ။ ဒါပေမယ့် ဘယ်လောက်ပဲစကားများများ မာနမထားကြပဲ ပြန်အဆင်ပြေကြတဲ့ အတွဲမျိုးဖြစ်ဖို့တော့အရမ်းရှားပါတယ်။ သင်တို့အတွဲက ရန်ဖြစ်လည်း ခဏပဲဆိုတဲ့ အတွဲထဲပါနေရင်တော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းလိုက်ဖက်မှုရှိလို့ပါ။
(၃)အချိန်တွေလည်း အမြဲအတူကုန်ဆုံးကြတယ်

freepik by lookstudio
အားတဲ့အချိန်တိုင်း နှစ်ယောက်အတူ ဖြတ်သန်းကြတယ်၊ မအားရင်တောင် ကိုယ့်ချစ်သူနဲ့တွေ့ဖို့ ကြိုးစားကြတဲ့ စုံတွဲတွေကတော့ အချစ်တွေပိုတိုလာဖို့ပဲရှိပါတယ်။
(၄)အတွေးချင်းတူတယ်
ချစ်သူတွေကြားမှာ အတွေးအမြင်ချင်းတူဖို့ကလည်းအရေးကြီးပါတယ်။ အတွေးအခေါ်တူမှ ညှိနှိုင်းတိုင်ပင်ရမယ့် ကိစ္စတွေ ၊ အတွေးအမြင်ဖလှယ်ကြတဲ့အခါမှာလည်း အဆင်ပြေမှာပါ။ တစ်ကယ်လို့ ကိုယ်စဉ်းစားနေတဲ့အရာကိုတောင် အရိပ်အခြေကြည့်ရုံနဲ့ သူ့ဘက်က ချက်ချင်းသိနိုင်တဲ့အခြေအနေဆိုရင်တော့ သင်တို့က ဘယ်သူဖျက်ဖျက်ပြတ်မယ့်အတွဲမဟုတ်ပါဘူး ။
(၅)ရည်ရွယ်ချက်ချင်း ထပ်တူကျတယ်

freepik by halayalex
မျှော်လင့်ချက်တွေ ၊ အိပ်မက်တွေအတွက် အတူတူကြိုးစားကြတဲ့စုံတွဲတွေကတော့ အရမ်းကိုလိုက်ဖက်မှုရှိပါတယ် ။သင်တို့အတွဲက ရည်ရွယ်ချက်ချင်းတူတယ် ၊ ဘဝတိုးတက်ရေးအတွက် အတူရင်ဆိုင်ကြိုးစားကြဖို့အသင့်ရှိတဲ့အတွဲဆိုရင်တော့ နေနဲ့လ ရွှေနဲ့မြလို အရမ်းလိုက်ဖက်တဲ့စုံတွဲပါ။
Rain